Sales Hotline : 09448001653   Find A Tutor     Download App



ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၏ ဝင်ခွင့်စာရင်း

လာမည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တွင် ပထမနှစ် နေ့သင်တန်း ဝင်ခွင့်ရရှိသည့် ကျောင်းသား၊ ကျောင်းသူများ စာရင်းကို ဖော်ပြလိုက်ပါသည်။ 

 

ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်သို့ စုစုပေါင်း (၃၃၃) ဦး တက်ရောက်ခွင့် ရရှိပြီး ဝင်ခွင့်အောင်မြင်သူများစာရင်းကို အောက်ပါလင့်ခ်တွင် ကြည့်ရှုနိုင်သည်။

 

စိုက်ပျိုးရေးတက္ကသိုလ်

> https://shorturl.at/QTUY6 

 

မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ရှိ တိရစ္ဆာန်ဆေးပညာသင်တန်းနှင့် မွေးမြူရေးပညာသင်တန်း ပထမနှစ် တက်ရောက်ခွင့် ရရှိသူများ စာရင်းကို အောက်ပါလင့်ခ်တွင် ဖော်ပြထားသည်။ တိရစ္ဆာန်ဆေးပညာသင်တန်းသို့ (၁၃၆) ဦးနှင့် မွေးမြူရေးပညာသင်တန်းသို့ (၁၂၄ ) ဦး၊ စုစုပေါင်း (၂၆၀ ) ဦး ဝင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

 

မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်

> https://shorturl.at/dgCDT 


 

Advertisement

Click Here > T & D Power Tech

 

အထက်ဖော်ပြပါ တက္ကသိုလ်များ၏ ပထမနှစ်သင်တန်းများကို နိုဝင်ဘာလ (၂၃) ရက်၊ ကြာသပတေးနေ့တွင် ဖွင့်လှစ်မည် ဖြစ်ပြီး နိုဝင်ဘာလ (၂၃) ရက်မှ စတင်၍ ဒီဇင်ဘာလ (၆) ရက်နေ့အထိ နောက်ဆုံးထား၍ ကျောင်းအပ်လက်ခံသွားမည် ဖြစ်သည်။

 

ကျောင်းအပ်နှံရာတွင် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၏ ထောက်ခံချက် (မူရင်း)၊ တက္ကသိုလ်ဝင် အမှတ်စာရင်း (မူရင်း)၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာ မြို့နယ်ရဲစခန်း (သို့) ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက် (မူရင်း)၊ လျှောက်ထားသူနှင့် မိဘနှစ်ပါးတို့၏ နိုင်ငံသားစိစစ်ရေးကတ် (မိတ္တူ) များကို သင်တန်းရေးရာဌာနသို့ ပေးရမည်။

 

ကျောင်းသား၊ ကျောင်းသူများ သိရှိလိုက်နာရမည့် စည်းကမ်းချက်များကို မိဘ/ အုပ်ထိန်းသူများ သိရှိစေရန်အတွက် မိဘ/အုပ်ထိန်းသူနှင့်အတူ ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် သင်တန်းရေးရာဌာနတွင် သိရှိကြောင်း လက်မှတ်ရေးထိုးပြီးမှသာ ကျောင်းအပ်လက်ခံမည် ဖြစ်သည်။

 

Government School Latest Post Local News Read 723 times