Sales Hotline : 09448001653   Find A Tutor     Download App



သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်တွင် ဘွဲ့လွန်မဟာသိပ္ပံတန်း တက်ရောက်နိုင်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအောက်ရှိ ရေဆင်း သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်မှ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် ဘွဲ့လွန်မဟာသိပ္ပံ (M.Sc) သင်တန်းသားများ စတင် ခေါ်ယူနေပြီ ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဘွဲ့လွန်မဟာသိပ္ပံသင်တန်းသို့ အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်သည်။

  • သိပ္ပံ (သစ်တောပညာ) ဘွဲ့ B.Sc (Forestry) ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။
  • သိပ္ပံ(သစ်တောပညာ) ဘွဲ့ရစာမေးပွဲ (နောက်ဆုံးနှစ် စာမေးပွဲ) တွင် ပျမ်းမျှ ရမှတ် ၆၅% နှင့်အထက် ရရှိသူ ဖြစ်ရမည်။
  • ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၃၁) ရက် (ကြာသပတေးနေ့) တွင် အသက် (၄၅) နှစ်အထက် မကျော်လွန်သူ ဖြစ်ရမည်။ 
  • ဘွဲ့လွန်မဟာသိပ္ပံတန်းသို့ အချိန်ပြည့် တက်ရောက်နိုင်သူ ဖြစ်ရမည်။ 

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အောက်ရှိ လုပ်ငန်း/ ဌာနများ၌ တာဝန် ထမ်းဆောင်နေကြသည့် သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူဝန်ထမ်းများသည် အစိုးရဝတ္တရား (On Deputation) ဖြင့် တက်ရောက်ရန် လျှောက်ထားနိုင်မည် ဖြစ်သည်။

 

လျှောက်ထားလိုသူများသည်…

  • မိမိ တာဝန်ထမ်းဆောင်နေသည့် သက်ဆိုင်ရာလုပ်ငန်း/ ဌာန အကြီးအကဲမှတစ်ဆင့် တရားဝင် လျှောက်ထား ရမည်။
  • မဟာသိပ္ပံတန်းသို့ အချိန်ပြည့် တက်ရောက်ခွင့်ပြုကြောင်း သက်ဆိုင်ရာလုပ်ငန်း/ ဌာန အကြီးအကဲ၏ ထောက်ခံစာ ပူးတွဲ တင်ပြရမည်။
  • တက်ရောက်ခွင့် ရရှိပါက လစာ၊ စရိတ်နှင့် အခြားရပိုင်ခွင့်များကို သက်ဆိုင်ရာ လုပ်ငန်း/ဌာနမှ ရယူ ခံစားကြရမည်။ 

 

AD : Tun Myint General Trading

 

ပူးတွဲပါ ဘွဲ့လွန်တန်းပညာသင်ကြားခွင့် လျှောက်လွှာပုံစံဖြင့် လျှောက်ထားရမည် ဖြစ်ပြီး လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ အထောက်အထားများ ပူးတွဲ တင်ပြရမည် ဖြစ်သည်။

  • တစ်လက်မခွဲ နှစ်လက်မအရွယ် ဓာတ်ပုံ (၄) ပုံ ( တစ်ပုံ လျှောက်လွှာတွင် ကပ်ရန် ဖြစ်သည်။ )
  • သိပ္ပံ (သစ်တောပညာ) ဘွဲ့လက်မှတ်မိတ္တူ (သို့) နောက်ဆုံးနှစ် အောင်မြင်ကြောင်း ထောက်ခံစာ မိတ္တူတစ်စောင်
  • သိပ္ပံ (သစ်တောပညာ) ဘွဲ့ စာမေးပွဲ (နောက်ဆုံးနှစ်) စာမေးပွဲအောင် အမှတ်စာရင်း မိတ္တူတစ်စောင်
  • ကျန်းမာရေး (က) အဆင့်ရှိကြောင်း ဆရာဝန်၏ ဆေးထောက်ခံချက်

 

လျှောက်လွှာများကို သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ မော်ကွန်းထိန်းရုံးသို့ စက်တင်ဘာလ (၁၅) ရက် (သောကြာနေ့) နောက်ဆုံးထား၍ ပေးပို့ရမည် ဖြစ်ပြီး ဝင်ခွင့်အရည်အချင်းစစ် ရေးဖြေစာမေးပွဲကို သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ နေပြည်တော်၌ ကျင်းပ စစ်ဆေးမည် ဖြစ်သည်။

 

အင်္ဂလိပ်စာ ဘာသာရပ် 

(၂) နာရီမေးခွန်း

အောက်တိုဘာလ (၅) ရက်၊ ၂၀၂၃ (ကြာသပတေးနေ့) 

မနက် (၉) နာရီမှ (၁၁) နာရီအထိ

 

သစ်တောနှင့် ပတ်ဝန်းကျင် ဘာသာရပ် 

(၂) နာရီမေးခွန်း

အောက်တိုဘာလ (၅) ရက်၊ ၂၀၂၃ (ကြာသပတေးနေ့) 

နေ့လည် (၁) နာရီမှ (၃) နာရီအထိ

 

ဘွဲ့လွန်မဟာသိပ္ပံတန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက် (ကြာသပတေးနေ့) တွင် စတင် ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ပြီး အသေးစိတ် အချက်အလက်များနှင့် စပ်လျဉ်း၍ စုံစမ်း မေးမြန်းလိုပါက အောက်ပါ ဖုန်းနံပါတ်နှင့် လိပ်စာများသို့ ဆက်သွယ်နိုင်သည်။

 

သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း

မော်ကွန်းထိန်းရုံး 

0673416519 

[email protected] 

Latest Post Government School Local News Read 552 times