Sales Hotline : 09448001653   Find A Tutor     Download App



တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို ဩဂုတ်လ (၂၅) ရက်နေ့မှ စ၍ ပေးပို့ လျှောက်ထားနိုင်

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသည် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ရန်အတွက် မိမိတို့ စာမေးပွဲဖြေဆိုခဲ့သော စာစစ်ဌာနကြီးကြပ်ရေးမှူးများ (အခြေခံပညာ အထက်တန်း ကျောင်းအုပ်ကြီးများ) ထံတွင်...

  • အမှတ်စာရင်း၊
  • အရည်အချင်းမှတ်တမ်းချုပ် ရမှတ်အဆင့်၊
  • တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်နှင့်
  • တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမည့် ပုံစံစာအိတ်ကို ဩဂုတ်လ (၂၅) ရက် (သောကြာနေ့) မှစ၍ ကိုယ်တိုင် ထုတ်ယူနိုင်ပြီ ဖြစ်သည်။ 

 

အဆိုပါ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာအိတ်ကို ဩဂုတ်လ (၂၅) ရက်မှ စက်တင်ဘာလ (၁၀) ရက်အထိ စနေနေ့၊ တနင်္ဂနွေနေ့နှင့် ရုံးပိတ်ရက်များ အပါအဝင် (ပိတ်ရက်မရှိ) အောက်ပါ တက္ကသိုလ်များတွင် လက်ခံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

(၁) မြစ်ကြီးနားတက္ကသိုလ်

(၂) လွိုင်ကော်တက္ကသိုလ်

(၃) ဘားအံတက္ကသိုလ်

(၄) ဟားခါးတက္ကသိုလ်

(၅) မုံရွာတက္ကသိုလ်

 

(၆) ရွှေဘိုတက္ကသိုလ်

(၇) စစ်ကိုင်းတက္ကသိုလ်

(၈) ထားဝယ်တက္ကသိုလ်

(၉) တောင်ငူတက္ကသိုလ်

(၁၀) ပြည်တက္ကသိုလ်

 

Advertisement

Click Here > Lucky Bag & Swallow Plastic

 

(၁၁) ပဲခူးတက္ကသိုလ်

(၁၂) မကွေးတက္ကသိုလ်

(၁၃) ပခုက္ကူတက္ကသိုလ်

(၁၄) မန္တလေးအဝေးသင်တက္ကသိုလ်

(၁၅) မိတ္ထီလာတက္ကသိုလ်

 

(၁၆) ကျောက်ဆည်တက္ကသိုလ်

(၁၇) မော်လမြိုင်တက္ကသိုလ်

(၁၈) စစ်တွေတက္ကသိုလ် 

(၁၉) တောင်ကုတ်တက္ကသိုလ်

(၂၀) ရန်ကုန်အဝေးသင်တက္ကသိုလ်

 

(၂၁) တောင်ကြီးတက္ကသိုလ်

 (၂၂) လားရှိုးတက္ကသိုလ်

(၂၃) ကျိုင်းတုံတက္ကသိုလ်

(၂၄) ပုသိမ်တက္ကသိုလ်

(၂၅) ဟင်္သာတတက္ကသိုလ်

 (၂၆) မအူပင်တက္ကသိုလ်

 

သတ်မှတ်ရက် ကျော်လွန်မှ လျှောက်ထားသူများသည် အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့သို့ ပေးပို့ လျှောက်ထားရမည်။

 

အသေးစိတ် သိရှိလိုပါက ဆက်သွယ်ရန်

အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်)

သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ 

၀၁၇-၅၃၇၆၇၇၊ ၀၁၇-၅၂၅၆၁၂၊ ၀၁၇-၅၀၃၁၄၇

Latest Post Local News Government School Read 1044 times