Sales Hotline : 09448001653   Find A Tutor     Download App



ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ (၁၀) မြို့တွင် သက်မွေးပညာသင်တန်းများ တက်ရောက်နိုင်

 

ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့တို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ အိမ်တွင်းသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများ ဖွင့်လှစ် သင်ကြားပေးမည်ဟု သိရသည်။

 

သင်ကြားပေးမည့် အိမ်တွင်းမှု သက်မွေးလုပ်ငန်း သင်တန်းများမှာ…

  • စက်ချုပ်သင်တန်းများ ( မိန်းမဝတ်၊ ဝတ်၊ ကျားရှပ်၊ တိုက်ပုံး၊ ကုတ်အင်္ကျီ )
  • လက်မှုသင်တန်း
  • မုန့်မျိုးစုံ ပြုလုပ်နည်းသင်တန်း
  • အစားအစာချက်ပြုတ်နည်း သင်တန်းနှင့် 
  • ပန်းအလှပြင်သင်တန်း စသည့် သင်တန်းများ ဖြစ်သည်။ 

 

အထက်ပါ မြို့ (၁၀) မြို့ရှိ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းများ၌ သင်တန်းအပတ်စဉ် (၃/၂၀၁၃) ကျောင်းအခြေပြုသင်တန်းကို ယခုဇူလိုင်လ (၂၄) ရက်နေ့မှ စက်တင်ဘာလ (၁) ရက်နေ့အထိ ဖွင့်လှစ် သင်ကြားပေးမည် ဖြစ်သည်။ 

 

တက်ရောက်လိုသော သင်တန်းသူ၊ သင်တန်းသားများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အောက်ပါ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများသို့ ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်း၍ တက်ရောက်နိုင်ကြောင်း သိရသည်။

 

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ( ရန်ကုန် ) 

အမှတ် ၁၃၅၊ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

ဖုန်း - ၀၉ ၄၂၇၉၀၀၀၄၆ 

 

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ( မန္တလေး )

အမှတ် ၁၆၉၊ ၈၃ လမ်း၊ ၂၅ -၂၆ လမ်းကြား၊ အောင်မြေသာဇံမြို့နယ်၊ စစ်ကိုင်းတန်းရပ်၊ မန္တလေးမြို့

ဖုန်း - ၀၂ ၄၀၃၆၇၉၈

 

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ( မော်လမြိုင် ) 

ရွှေတောင်ရပ်၊ အထက်လမ်းမကြီးဘေး၊ မော်လမြိုင်မြို့ 

ဖုန်း - ၀၅၇ ၂၀၂၇၁၆၆

 

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ( တောင်ငူ ) 

အမှတ် (၈)ရပ်ကွက်၊ စည်သူလမ်း၊ ဘူတာအနီး၊ တောင်ငူမြို့

ဖုန်း - ၀၅၄ ၂၃၅၇၁

 

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ( မြစ်ကြီးနား ) 

အမှတ် (၉)၊ ရှမ်းမြောက်ရပ်ကွက်၊ မြစ်ကြီးနားမြို့

ဖုန်း - ၀၇၄ ၂၅၂၂၅၅၈

 

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ( ဖျာပုံ )

ကျုံကူကျေးရွာ၊ ဖျာပုံ-ဘိုကလေး ကားလမ်းဘေး၊ ဖျာပုံမြို့ 

ဖုန်း - ၀၉ ၄၅၅၇၈၈၀၂၁ 

 

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ( ပုသိမ် )

အမှတ် ၂ ရပ်ကွက်၊ မင်းကြီးလမ်း၊ ပုသိမ်မြို့

ဖုန်း - ၀၄၂ ၂၅၃၇၃၊ ၀၄၂ ၂၁၀၇၃

 

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ( စစ်တွေ ) 

မေယုလမ်း၊ လေယာဉ်ကွင်းအနီး၊ မန်ကျည်းမြိုင်ရပ်ကွက်၊ စစ်တွေမြို့

ဖုန်း - ၀၄၃ ၂၁၀၆၇

 

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ( ရွာငံ ) 

အမှတ် (၈၂)၊ အင်းကုန်းငါးဆူ ကျေးရွာအုပ်စု၊ အင်ကုန်းကျေးရွာ၊ ရွာငံမြို့

ဖုန်း - ၀၉ ၇၈၁၁၁၆၂၇၂

 

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ( ထားဝယ် )

အကွက်အမှတ် (၂၄)၊ ဆန်ချီအနောက်ကွင်း၊ ထား၀ယ်မြို့ 

ဖုန်း - ၀၅၉ ၂၀၂၄၀၀၉ 
 

လူမှုဝန်ထမ်း ဦးစီးဌာနမှ ဘဏ္ဍာရေး နှစ်တစ်နှစ်လျှင် သင်တန်းအပတ်စဉ် (၈) ခု၊ အပတ်စဉ်တစ်ခုလျှင် (၂၆) ရက်ကြာ သင်ကြားပေးနေပြီး ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်ကျောင်းများတွင် စနေ၊ တနင်္ဂနွေနေ့များလည်း အထူးသင်တန်းများအား ဖွင့်လှစ် သင်ကြားလျက် ရှိသည်။

Government School Latest Post Local News Read 816 times