Sales Hotline : 09448001653       Download App



Gender & Development ဘာသာရပ်ကို ပညာတော်သင်ဆုနဲ့ ဘန်ကောက်မြို့မှာတက်ကြမယ်

 

 

Gender & Development  နယ်ပယ်မှာ  အဆင့်မြင့်ပညာရေးကို   သင်ယူလိုသူတွေအတွက်Canada-Myanmar IDRC Fellowship အစီအစဥ်လေးအကြောင်း ပြောပြပေးချင်ပါတယ်။

 

ဒါကတော့ International Development Research Center (IDRC) နဲ့ Global Affair Canada တို့ပူးပေါင်းပြီး မြန်မာနိုင်ငံသူ/နိုင်ငံသားတွေအတွက်   သီးသန့်ရည်ရွယ်ပြီး  ငွေကြေးထောက်ပံ့တဲ့အစီအစဥ်ပါ။ ဒီပညာသင်ဆုကိုရရှိတဲ့သူတွေက ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့ Asian Institute of Technology(AIT) မှာ Gender and Development Studies ဘာသာရပ်ကို လေးလကြာတဲ့ certificate သင်တန်း(သို့) တစ်နှစ်ကြာတဲ့ master’s program နှစ်ခုထဲကကိုယ်နဲ့သင့်တော်တဲ့တစ်ခုကိုရွေးပြီးတက်ရောက် ရမှာပဲဖြစ်ပါတယ်။ 

Advertisement 

Click Here > CAG Engineering 

ဒီပညာသင်ဆုကို ဘယ်လိုလူတွေ လျှောက်ထားလို့ရလဲ

 

  • မြန်မာနိုင်ငံသားဖြစ်ရပါမယ်။

  • လက်ရှိမှာ  တက္ကသိုလ်တစ်ခုခုက  မည်သည့်ဘာသာရပ်ဖြင့်မဆို  ဘွဲ့တစ်ခုခုရရှိထားသူဖြစ်ရပါမယ်။

  • Gender equality, human rights and justice, peace and security နဲ့ democracy နယ်ပယ်မှာ အလုပ်အတွေ့အကြုံရှိထားဖူးသူဖြစရပါမယ်။

  • Gender & Development ပညာရပ်ကို တက်ရောက်သင်ယူဖို့ ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ ရည်မှန်းချက်ရှိထားရမှာဖြစ်ပြီး  ကျောင်းပြီးသွားရင်  ဒီနယ်ပယ်မှာ  ကိုယ့်အနေနဲ့ဘာတွေဆက်လုပ်မယ်ဆိုတာကို ကျောင်းလျှောက်တဲ့အခါမှာ Statement of Purpose မှာ ရှင်းရှင်းလင်းလင်း ရေးပြနိုင်ရပါမယ်။

  • Certificate ပရိုဂရမ်အတွက် ကျောင်းပြီးသွားတဲ့အခါ ကိုယ်သင်ယူခဲ့ရတဲ့ အတွေ့အကြုံကို စာဆောင်တစ်ခုရေးပေးနိုင်ရမှာဖြစ်ပြီး မာစတာပရိုဂရမ်အတွက်ဆိုရင်တော့ စာတမ်းတစ်ခု ပြုစုပေးရမှာဖြစ်ပါတယ်။

  • အင်္ဂလိပ်စာအရည်အချင်းစစ်မှတ်တမ်းအနေနဲ့ (IELTS/AIT-EET 6.0 နဲ့အထက်၊ TOEFL paper 550, TOEFL CBT 213, TOEFL IBT 80 ရှိရပါမယ်။ စကားပြောကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်ရပါမယ်။ အကယ်၍ ဖြေထားတာမျိုးမရှိရင်လည်း AIT ကစစ်ပေးတဲ့ စာမေးပွဲကို ဖြေနိုင်ရင် ရပါတယ်။

  • ကျောင်းလျှောက်တဲ့အခါ ဖောင်ကြေး ၂၅ဒေါ်လာ (မြန်မာငွေ = ၅သောင်းကျော်) ပေးသွင်းနိုင် ရပါမယ်။

 

တိုင်းရင်းသားများနှင့်  အမျိုးသမီးများကို  လျှောက်ထားရန်  အထူးတိုက်တွန်းထားပါတယ်။ကျား/မတန်းတူအခွင့်အရေး ရရှိရေး၊ လိင်ပိုင်းဆိုင်ရာ အသိပညာဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူ့အခွင့်အရေး ဆိုင်ရာ အလုပ်များမှာ အတွေ့အကြုံရှိသူများနဲ့ ဗဟုသုတရှိထားသူများကို ဦးစားပေးခေါ်ယူသွားမှာပဲ ဖြစ်ပါတယ်။

 

သင်တန်းကာလမှာ Certificate ပရိုဂရမ်အတွက် ၂၀၂၃ ခုနှစ် ဩဂုတ်လမှနိုဝင်ဘာလအထိသင်တန်းကာလ ၄လတာကြာမြင့်မှာဖြစ်ပြီး မာစတာဘွဲ့ပရိုဂရမ်အတွက် ၁၂လ (Two Semesters & One Inter Semester)ဆိုပြီး ကြာမြင့်မှာပဲဖြစ်ပါတယ်။

 

လျှောက်ထားဖို့စိတ်ဝင်စားတယ်ဆိုရင်တော့အောက်ဖော်ပြပါလင့်ခ်ကနေတစ်ဆင့် လျှောက်ထား နိုင်ပါတယ်_

 

လျှောက်လွှာလင့်ခ် _ http://bit.ly/ait-admission  

 

အသေးစိတ်အချက်အလက်တွေကိုတော့ https://bit.ly/43NIwvV မှာဝင်ရောက်လေ့လာလို့ရသလို [email protected] ကိုလည်း အီးမေးလ်ပေးပို့ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်။

 

https://ait.ac.th/ ဒါကတော့  Asian Institute of Technology(AIT) ရဲ့ Official Website ပါ။

 

ပေးပို့လျှောက်ထားရမယ့် နောက်ဆုံးရက်ကတော့ ၂၀၂၃ခုနှစ် မေလ ၁ရက်နေ့ပါ။

 

Source : How She Did it Facebook Page

 

International Latest Post Read 751 times