Sales Hotline : 09448001653    



ဘာသာစကားသင်ယူဖို့ စိတ်ဝင်စားသူတိုင်း မဖြစ်မနေ သွားရောက်သင့်သည့် ပွဲတော်ကြီး

 

 

ဘာသာစကားသင်ယူမှုဆိုတာ အခုခေတ်မှာ မဖြစ်မနေ လိုအပ်တဲ့အရာတစ်ခု ဖြစ်လာပါပြီ။ ကိုယ်သင်ယူတဲ့ ဘာသာစကားအလိုက် သက်ဆိုင်ရာ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်ကို ရွေးချယ်နိုင်ပြီး လစာကောင်းကောင်း ရယူနိုင်ပါတယ်။ 

 

ဒါဆို ဘာသာစကားသင်တန်းကျောင်းတွေကို ဘယ်လို ရွေးချယ်ပြီး တက်ကြမလဲ၊ ဘယ်ကျောင်းကတော့ လူတက်များတာလဲ၊ ဘယ်ကျောင်းတွေက အသင်အပြကောင်းတာလဲ စတဲ့ အချက်တွေကို တစ်နေရာတည်းမှာ အချက်အလက် ပြည့်ပြည့်စုံစုံ သိရှိနိုင်ပါပြီ။ 

 

ယခုလာမယ့် မတ်လ ၃ ရက်နေ့ ကနေ မတ်လ ၅ရက်နေ့ထိ လှည်းတန်းစင်တာမှာ ကျင်းပမယ့် Advanced Studies PWAL - Language Season-5 ဆိုတဲ့ ပွဲ လေးတစ်ခုရှိပါတယ်။ ဒီပွဲကို JeDerns Pwal Company ရဲ့ Education Fair Myanmar မှ ဦးစီးကျင်းပမှာ ဖြစ်ပြီး မြန်မာ့ပညာရေးလမ်းညွှန်မှ Media Partner အဖြစ် ပါဝင်ထားတာ ဖြစ်ပါတယ်။ 

 

ရန်ကုန်မြို့ရဲ့သွားရေးလာရေးအချက်အချာကျပြီးလူအစည်ကားဆုံးနေရာဖြစ်တဲ့လှည်းတန်းစင်တာကြီးမှာ ကျင်းပသွားမှာ ဖြစ်ပြီး ဒီပွဲတော်ကြီးမှာဆိုရင် အင်္ဂလိပ်၊ ဂျပန်၊ တရုတ်၊ ကိုရီးယားစတဲ့ ဘာသာစကားကျောင်းတွေ အပြင် ဘာသာစကားမျိုးစုံကို လက်ခံသင်ကြားပေးနေတဲ့ နာမည်ကြီးကျောင်းများစွာ ပါဝင်မှာပဲ ဖြစ်ပါတယ်။ 

 

ဒီပွဲကို လာရောက် လေ့လာပြီး သင်တန်းအပ်မယ်ဆိုရင်လည်း စိတ်ဝင်စားစရာကောင်းတဲ့ ပရိုမိုးရှင်းများစွာအပြင် Lucky Draw တွေကိုလည်းကံစမ်းနိုင်ဦးမှာ ဖြစ်လို့ အသေးစိတ်ကို အောက်မှာ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။

Advertisement

Click Here > Education Fair Myanmar

ပွဲအစီအစဥ် အသေးစိတ်ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်_

 

နေ့ရက် - ၂၀၂၃ ခုနှစ် မတ်လ ၃၊ ၄၊ ၅ ( သောကြာ၊စနေ၊တနင်္ဂနွေ )

အချိန် - နံနက် ၁၀း၀၀ နာရီ မှ ညနေ ၇း၀၀ နာရီ

တည်နေရာ - လှည်းတန်းစင်တာ၊ပရိုမိုးရှင်းဧရိယာ

 

 ပွဲမှာ ပါဝင်တဲ့ နာမည်ကြီး ဘာသာစကားကျောင်းများ

 

  1. Sakura Sisters Japanese Language Centre

  2. Glory Hope Education Centre

  3. Chindwin-PSB IELTS Test Centre

  4. NELC Xplore

  5. Bridge Blue Myanmar

  6. Chinese O' Clock Chinese  Language Center

  7. IELTS(Ivy)

  8. Jlink Japanese language & Education Center

  9. KMD Exam Centre

  10. HJC Japanese Language Centre

  11. AMI Education Centre

  12. Wall Street English

  13. Neo Mars International

  14. Next Step Korean Language Center

  15. BS camp Japanese Language Academy 

  16. Smart Edu English Language 

  17. Homalin Japanese Language school

 

ဒီပွဲမှာဆိုရင် ကိုယ်စိတ်ဝင်စားတဲ့ ဘာသာစကားနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ကျောင်းအသီးသီးမှာ အသေးစိတ်မေးမြန်း စုံစမ်းလို့ ရသလို တစ်ခါတည်း သင်တန်းတက်ဖို့ ဆုံးဖြတ်ပြီး ကျောင်းပါ အပ်သွားမယ်ဆိုရင်တော့ ထူးခြားတဲ့ Promotion တွေ Discount တွေလည်း ရှိပါသေးတယ်။ 

 

ဒီပွဲမှာ နောက်ထပ်ပါဝင်ချင်တဲ့ ဘာသာစကားကျောင်းတွေအနေနဲ့လည်း ပွဲနဲ့ပတ်သက်ပြီး အသေးစိတ်စုံစမ်း သိရှိချင်တယ်ဆိုရင် အောက်ဖော်ပြပါ ဖုန်းနံပါတ်များမှတစ်ဆင့် ဒါမှမဟုတ် Education Fair Myanmar ရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/educationfairmyanmar မှတစ်ဆင့် ဆက်သွယ်စုံစမ်းပြီး ပါဝင်နိုင်ပါတယ်။ 

 

ဆက်သွယ်စုံစမ်းရန်ဖုန်းနံပါတ်များ - 

> 09 791147898

> 09 781273744

 Event Link

 > https://bit.ly/3El8XOr

Latest Post Local News Read 521 times