Sales Hotline : 09448001653       Download App



၂၀၂၃ ခုနှစ် ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ လျှောက်လွှာများ စတင်လက်ခံမည်

 

၂၀၂၃ ခုနှစ်အတွက် ဂျပန်အရည်အချင်းစစ်စာမေးပွဲ (JLPT) ကို ဇူလိုင်လ ၂ ရက်နေ့ (တနင်္ဂနွေနေ့) တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များ၌ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။ စာမေးပွဲ ဖြေဆိုလိုသူများ အနေဖြင့် တစ်ဦးချင်းလျှောက်လွှာများ လျှောက်ထားခြင်းကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ စတင်လက်ခံသွားမည် ဖြစ်သည်။

 

အွန်လိုင်းမှ လျှောက်လွှာလက်ခံရာတွင် Level အားလုံးအတွက် လူဦးရေအကန့်အသတ်မရှိ လက်ခံမည်ဖြစ်ပြီး လျှောက်လွှာလက်ခံကာလအတွင်း မိမိအဆင်ပြေသည့်ရက်တွင် နံနက် ၆ နာရီမှ ညနေ ၉ နာရီအတွင်း အွန်လိုင်းမှတစ်ဆင့် ဝင်ရောက် လျှောက်ထားနိုင်သည်။

                                                            Advertisements

                                                           Click Here > Shwe La Min 

  • N1 နှင့် N2 Level အတွက် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ မတ်လ ၃ ရက်နေ့အထိ၊ 

  • N3 Level အတွက် ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ မတ်လ ၃ ရက်နေ့အထိ၊ 

  • N4 Level အတွက် ဖေဖော်ဝါရီ ၂၃ ရက်နေ့မှ မတ်လ ၃ ရက်နေ့အထိ၊

  • N5 Level အတွက် ဖေဖော်ဝါရီ ၂၄ ရက်နေ့မှ မတ်လ ၃ ရက်နေ့အထိ လက်ခံသွားမည် ဖြစ်ပြီး ရန်ကုန်စာဖြေဌာနနှင့် မန္တလေးစာဖြေဌာနအတွက် Level အလိုက် တစ်ပြိုင်နက်တည်း လက်ခံမည် ဖြစ်သည်။

 

လျှောက်လွှာလက်ခံကာလ မတိုင်မီ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ စ၍ မှတ်ပုံတင်ခြင်း (Registration) ကို စတင် ပြုလုပ်နိုင်မည်ဖြစ်ပြီး လျှောက်လွှာလက်ခံကာလ တစ်လျှောက်လုံး လုပ်ဆောင်နိုင်မည် ဖြစ်သည်။

 

Registration ပြုလုပ်ရာတွင် အမည်၊ မွေးသက္ကရာဇ်အပါအဝင် ကိုယ်ရေးအချက်အလက်များ ပြည့်စုံစွာ ဖြည့်စွက်ရမည် ဖြစ်ပြီး အဆိုပါ ကိုယ်ရေးအချက်အလက်များသည် လျှောက်လွှာ လက်ခံချိန်တွင် အလိုအလျောက် ဖြည့်သွင်းပြီးဖြစ်ကာ Registration ပြုလုပ်စဥ်က မပါဝင်ခဲ့သည့် အချက်အလက်များကိုသာ ဆက်လက်ဖြည့်သွင်းရမည် ဖြစ်သည်။

 

သက်သေခံကတ်ပြားတစ်ခုအတွက် Registration ပြုလုပ်ခြင်းနှင့် လျှောက်လွှာတင်သွင်းခြင်းအတွက် တစ်ကြိမ်သာ ပြုလုပ်နိုင်မည်ဖြစ်ပြီး မိမိကိုယ်ပိုင် အီးမေးလ်နှင့် လိပ်စာတစ်ခု မဖြစ်မနေ လိုအပ်သည်။ 

 

ကျောင်းအလိုက် လျှောက်လွှာတင်ခြင်း၊ အွန်လိုင်းဖြင့် လျှောက်လွှာတင်ခြင်း လမ်းညွှန်၊ ကြိုတင်မှတ်ပုံတင်ပြုလုပ်ခြင်း လမ်းညွှန်တို့နှင့် ပတ်သက်၍ ထပ်မံ ကြေညာပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

JLPT စာမေးပွဲနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုသည်များရှိပါက JLPT စာမေးပွဲကျင်းပရေး ကော်မတီ မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းအသင်း ဖုန်းနံပါတ် ၀၉ - ၄၂၈၇၅၆၇၄၆၊ ၀၉ - ၉၈၆၀၉၃၆၃၇ နံပါတ်များသို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ကြောင်း သိရှိရသည်။ 

 

Source form Myanmar Alin Newspaper

 

Local News Latest Post Read 533 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176