Sales Hotline : 09448001653       Download App



ဘွဲ့လွန် ကွန်ပျူတာသိပ္ပံ ဒီပလိုမာဘွဲ့ဝင်ခွင့် စတင်လျှောက်ထားနိုင်

 

 

အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ ကွန်ပျူတာတက္ကသိုလ် (ပြည်) တွင် ဘွဲ့လွန်ကွန်ပျူတာသိပ္ပံဒီပလိုမာဘွဲ့ (D.C.Sc) (Diploma in Computer Science) သင်တန်းအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဖွင့်လှစ်ပို့ချမည် ဖြစ်ကြောင်း အဆိုပါတက္ကသိုလ်မှ သိရှိရသည်။

 

သင်တန်းကာလမှာ (၁) နှစ် ကြာမြင့်မည်ဖြစ်ပြီး သင်တန်းနှင့် သက်ဆိုင်သည့် လျှောက်လွှာပုံစံများကို ကွန်ပျူတာတက္ကသိုလ် (ပြည်) ကျောင်းသားရေးရာဌာနတွင် လူကိုယ်တိုင် သွားရောက် ထုတ်ယူနိုင်သည်။ 

 

သင်တန်းတက်ရောက်ရန်အတွက် လိုအပ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်_

 

  • ပြည်ထောင်စု မြန်မာနိုင်ငံသား ဖြစ်ရမည်။

  • တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူ ဖြစ်ရမည်။

  • ကွန်ပျူတာ တက္ကသိုလ်များမှ B.C,Sc/ B.C.Tech ဘွဲ့ရရှိထားသူများသည် ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန်မလိုပဲ သီးခြား လျှောက်ထားနိုင်သည်။

  • ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။

  • ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက် ပါရှိရမည်။

 

လျှောက်လွှာများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် စတင်လက်ခံမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပိတ်သိမ်းမည် ဖြစ်သည်။ သင်တန်းချိန်မှာ အပတ်စဥ် တနင်္လာနေ့မှ သောကြာနေ့ ( ညနေ ၄ နာရီမှ ၆နာရီအထိ ) စနေနေ့ ( နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ) ဖြစ်သည်။ 

 

အသေးစိတ်အချက်အလက်များကို ထပ်မံ စုံစမ်းသိရှိလိုပါက ကွန်ပျူတာတက္ကသိုလ် (ပြည်) ၏ အောက်ဖော်ပြပါ လိပ်စာများ၌ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။

 

လိပ်စာ - ပြည် - အောင်လံ လမ်းမကြီး၊ ပြည်မြို့၊ ပဲခူးတိုင်း

ဖုန်းနံပါတ် - (+95) 5328586

E-mail : [email protected]

Local News Latest Post University / College Read 684 times