Sales Hotline : 09448001653       Download App



သွားကျန်းမာရေးသူနာပြုဒီပလိုမာ (၂) နှစ်သင်တန်း စတင်လျှောက်ထားနိုင်

 

 

၂၀၂၃ ခုနှစ်၌ ဖွင့်လှစ်ပို့ချမည့် သွားကျန်းမာရေးသူနာပြုဒီပလိုမာ (Diploma in Dental Nursing)  (၂) နှစ်သင်တန်းကို သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ ရန်ကုန်၌ တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

 

လျှောက်ထားလိုသူများ အနေဖြင့် လျှောက်လွှာများကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ နောက်ဆုံးထားပြီး သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ ရန်ကုန်၊ အမှတ် (၅၈၂)၊ သံသုမာလမ်း၊ သွပ်ဝိုင်းကြီးရပ်ကွက်၊ သင်္ယကျွန်းမြို့နယ်၊ ရန်ကုန်မြို့သို့ လိပ်မူ၍ လျှောက်ထားရမည်။ 

 

အဆိုပါသင်တန်းသို့ အောက်ပါအရည်အချင်းနှင့်ပြည့်စုံသူများ လျှောက်ထားနိုင်သည်_

 

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

  • တက္ကသိုလ်တစ်ခုခုမှ (သိပ္ပံဘွဲ့) ရရှိပြီးသူဖြစ်ရမည်။

  • လျှောက်လွှာပိတ်သည့် (၇ - ၁၂ - ၂၀၂၂) ရက်နေ့တွင် အသက် (၂၅) နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။

   (အခြေခံပညာအထက်တန်း/တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်ပါမွေးနေ့သက္ကရာဇ်        အတိုင်းသာအတည်ပြုမည်)

  • အိမ်ထောင်မရှိသူ အပျို/လူပျို ဖြစ်ရမည်။

  • သင်တန်းတက်ရောက်အောင်မြင်ပြီး နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းခံရပါက (၃) နှစ်ဆက်တိုက် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

  • သင်တန်းတက်ရောက်ခွင့်ရရှိပြီး သင်တန်းကို ပြီးဆုံးအောင်တက်ရောက်ခြင်း မရှိလျှင်သော်လည်ကောင်း၊ သင်တန်းပြီးဆုံးအောင်မြင်ပြီးနောက် နိုင်ငံ့ဝန်ထမ်းအဖြစ် (၃) နှစ်ဆက်တိုက် တာဝန်ထမ်းဆောင်ခြင်း မရှိလျှင်သော်လည်းကောင်း၊ နိုင်ငံတော်မှ အခါအားလျှော်စွာသတ်မှတ်ထားသော လျော်ကြေးငွေကို ပေးဆောင်နိုင်ရန် ကတိခံဝန်စာချုပ် ချုပ်ဆိုနိုင်သူဖြစ်ရမည်။



 

လျှောက်လွှာတွင် အောက်ပါအချက်အလက်များ ပြည့်စုံစွာဖော်ပြရမည်_


 

  • အမည်၊ အမျိုးသားမှတ်ပုံတင်/နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်

  • အသက်၊ မွေးသက္ကရာဇ် (ရက်၊ လ၊ နှစ်)

  • မိဘအမည်၊ အမျိုးသားမှတ်ပုံတင်/နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်

  • ပညာအရည်အချင်း

  • ဆက်သွယ်ရန်လိပ်စာအပြည့်အစုံ၊ ဖုန်းနံပါတ်

  • ဝန်ထမ်းဖြစ်ပါက လက်ရှိရာထူး/ဌာန

 

လျှောက်လွှာနှင့်အတူ အောက်ပါအချက်အလက်များကို တစ်ပါတည်း ပူးတွဲပေးပို့ရမည်_


 

  • မြန်မာနိုင်ငံစာစစ်အဖွဲ့မှ ထုတ်ပေးသည့် အခြေခံပညာအထက်တန်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ၊ အောင်လက်မှတ် မိတ္တူ တစ်စောင် နှင့် ဘွဲ့လက်မှတ် မိတ္တူ တစ်စောင်။

  • နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ တစ်စောင်

  • နိုင်ငံရေး နှင့် ပြစ်မှူကင်းရှင်းကြောင်း၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ မြို့နယ်၊ ရဲစခန်း၏ ထောက်ခံစာမူရင်း (၁) စောင်

  • အိမ်ထောင်မရှိသူ အပျို/လူပျို ဖြစ်ကြောင်း သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက် (သို့) ကျေးရွာအထွေထွေအုပ်ချုပ်ရေးမှူးရုံး( အုပ်ချုပ်ရေးမှူး၊ အတွင်းရေးမှူး)၏ ထောက်ခံစာမူရင်း တစ်စောင်

  • ကိုယ်လက်အင်္ဂါချို့ယွင်းမှု မရှိကြောင်း၊ ကိုယ်ရောစိတ်ပါကျန်းမာကြောင်း၊ သက်ဆိုင်ရာမြို့နယ်၊ ပြည့်သူကျန်းမာရေးဦးစီးဌာနမှူး၏ ဆေးထောက်ခံစာမူရင်း တစ်စောင်

  • လျှောက်လွှာတွင် (၆) လအတွင်းရိုက်ကူးထားသော ပီပြင်ထင်ရှားသည့် လိုင်စင်ဓာတ်ပုံ (၂) ပုံ၊ ကျောဘက်တွင် အမည် နှင့် မှတ်ပုံတင် အမှတ်ဖော်ပြရန်။ 

  • ဌာနဆိုင်ရာ ဝန်ထမ်းဖြစ်လျှင် သင်တန်းတက်ရောက်ခွင့်ရရှိပါက ရာထူးမှနှုတ်ထွက်ခွင့်ပြုမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာန အကြီးအကဲ၏ ထောက်ခံစာမူရင်း (၁) စောင်


 

လျှောက်ထားသူများအနက်မှ ရေးဖြေစာမေးပွဲဖြေဆိုခွင့်ရရှိသူ ခုံအမှတ်စာရင်းကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ ရန်ကုန်၌ ကြေညာထားမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်ပြီး သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ ရန်ကုန်တွင်ထုတ်ယူနိုင်မည်ဖြစ်သည်။ 


 

သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲကို အောက်ပါအစီအစဥ်အတိုင်းကျင်းပမည်_


 

ကျင်းပမည့်ရက် - ၁၆-၁၂-၂၀၂၂ရက်  (သောကြာနေ့)

အချိန် - နံနက် (၉း၀၀) နာရီမှ (၁၂း၀၀) နာရီအထိ 

ဘာသာရပ် - မြန်မာစာ၊အင်္ဂလိပ်စာ နှင့် အထွေထွေဗဟုသုတ (၃) နာရီ (မေးခွန်းလွှာတစ်စုံ)

ကျင်းပမည့်နေရာ - သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်)

 

အသေးစိတ်အချက်အလက်များကို ထပ်မံစုံစမ်းသိရှိလိုပါက သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်ရန်ကုန် ဖုန်းနံပါတ် - ၀၁-၅၇၀၈၄၇ သို့ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ 

 

    

 

Latest Post Local News University / College Read 916 times