Sales Hotline : 09448001653       Download App



စိုက်ပျိုးရေးလုပ်ကိုင်လိုသူ လူငယ်များအတွက် (၂) လတာ အခမဲ့သင်တန်း

 

 

ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်မှ စိုက်ပျိုးရေးလုပ်ငန်းကို စတင်လုပ်ကိုင်လိုသူများနှင့်  လက်ရှိလုပ်ကိုင်နေသူများ၊ စိုက်ပျိုးရေးနှင့် သက်ဆိုင်သော စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်နေသော လူငယ်များအတွက် လူငယ်စွန့်ဦးတီထွင်စီးပွားရေး ပရိုဂရမ်တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။

 

အဆိုပါအစီအစဥ်ကို  Impact Hub Yangon နှင့် ၄င်း၏ မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်ကြတဲ့  ACDI/VOCA, FHI 360 တို့ ပါဝင်သည့် USAID Feed the Future Burma Agriculture and Food Systems Development Activity  (AFDA) ၏ ပံ့ပိုးမှုဖြင့် ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။

 

ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်ရှိ လူငယ်များနဲ့အတူ စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးနဲ့ သက်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းများကဏ္ဍရဲ့ တန်ဖိုးကွင်းဆက် တိုးတက်မှုကို အခြေခံပြီး ယခု အစီအစဥ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။ 

 

Youth Entrepreneurship Program မှာပါဝင်တဲ့ လူငယ်များအနေနဲ့ စီးပွားရေးလုပ်ငန်း အသစ်တစ်ခုစတင်ရန် (သို့မဟုတ်) ရှိပြီးသားလုပ်ငန်းကို တိုးချဲ့ရန်အတွက် စိတ်ကူးအသစ်များ ဖန်တီးအကောင်အထည်ဖော်နိုင်မဲ့ အပြင် စီးပွားရေးနဲ့ သက်ဆိုင်တဲ့ စွမ်းဆောင်ရည်မြှင့်တင်မှုများ၊ မိမိတို့ရဲ့ လိုအပ်ချက်များအပေါ်မှာ လမ်းညွှန်အကြံပေးမှုများ၊ ချေးငွေနဲ့ ဈေးကွက်အခွင့်အရေးများပါ ရရှိမှာဖြစ်လို့ လူငယ်များအတွက် အထူးကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်။ 

 

ဘယ်လိုလူတွေလျှောက်ထားသင့်လဲဆိုရင် စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးနဲ့ သက်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် စိတ်ဝင်စားသူ (သို့မဟုတ်) စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးနဲ့ သက်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းများမှာ လက်ရှိအလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တစ်ခုခုမှာ နေထိုင်သူများ အထူးလျှောက်ထားသင့်ပါတယ်။

 

ဖော်ပြပါလင့်ခ်မှတစ်ဆင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့ (တနင်္ဂနွေနေ့) နောက်ဆုံးထား လျှောက်ထားနိုင်ပါတယ်။ 

 

https://bit.ly/youthentrepreneurshipprogramshanandkachin

 

သင်တန်းကာလမှာ (၂) လတာ ကြာမြင့်မည်ဖြစ်ပြီး Online Training ဖြင့် သင်ကြားပို့ချဆွေးနွေးပေးသွားမှာပါ။ သင်တန်းသားများ အနေဖြင့် အပတ်စဥ် ပိတ်ရက်များတွင် (၆) နာရီ နှင့် ဖွင့်ရက်များတွင် (၄ - ၆) နာရီ အချိန်ပေးနိုင်ရန် လိုအပ်ပါတယ်။ 

 

ယခုအစီအစဉ်နဲ့ပက်သက်ပြီးသတင်းအချက်အလက်များနဲ့အသေးစိတ်သိရှိလိုသည်များကို Impact Hub Yangon ရဲ့ Facebook Page တွင် ဝင်ရောက်လေ့လာနိုင်သလို အောက်ဖော်ပြပါ ဖုန်းနံပါတ် (သို့မဟုတ်) အီးမေးလ်လိပ်စာသို့လည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

 

ဖုန်းနံပါတ်    -       ၀၉ ၉၇၃၄၇၄၁၄၁၊ ၀၉ ၉၅၁၈၅၁၂၉၈

email:  [email protected]

 

Credited to Impact Hub Yangon Facebook Page

Local News Read 548 times