Sales Hotline : 09448001653       Download App



ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် အသက်မွေးမှုသင်တန်းများ ဖွင့်လှစ်မည်

 

လူမှုဝန်ထမ်းဦးစီးဌာန - မသန်စွမ်းသက်ကြီးသင်တန်းကျောင်းမှ 
(၁) စက်ချုပ်သင်တန်း
(၂) တံဆိပ်ရိုက်သင်တန်း
(၃) ဓာတ်ပုံသင်တန်း
(၄) ဆံသသင်တန်း
(၅) ကွန်ပျူတာသင်တန်း . . . အစရှိသည့်သင်တန်းများကို အသက် (18)နှစ်မှ (45)နှစ်အတွင်း ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် စက်တင်ဘာလ (12)ရက်နေ့တွင် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ (၃)လကြာမြင့်မည်ဖြစ်သည်။ 

 


.
သင်တန်းတက်ရောက်လိုသူများအနေဖြင့် - 
ဆက်သွယ်ရန်လိပ်စာ - ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(65) (လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းဝင်းအတွင်း - မသန်စွမ်းသက်ကြီးသင်တန်းကျောင်း) 
ဖုန်းနံပါတ် - 01-9661712၊ 09250402392၊ 09421003560  . . အစရှိသည့်ဖုန်းများသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
.
သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း
✳️ နေထိုင်ရေး
✳️ စားသောက်ရေး
✳️ သင်ထောက်ကူပစ္စည်း
✳️ နယ်မှလာရောက်သင်တန်းတက်ရောက်သော သင်တန်းသားများအတွက် အသွားအပြန် ခရီးစရိတ် . . .  အစရှိသည်တို့ကို ပံ့ပိုးပေးမည်ဖြစ်သည်။

 


.

Local News Read 542 times