၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ ဖြေဆိုသူ  ၂၈၁,၂၄၉ ဦးရှိ

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့တွင် သင်္ချာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၈၁၂၄၉ ဦးရှိ
 

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သင်္ချာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၈၁,၂၄၉ ဦး ရှိကြောင်း သိရသည်။
ယခုနှစ်တွင် နိုင်ငံခြားစာစစ်ဌာန ၂၀ နှင့် ပြည်တွင်း၌ စာစစ်ဌာန ၁,၂၃၈ ခု စာစစ်ဌာန စုစုပေါင်း ၁,၂၅၈ ခု ဖွင့်လှစ် ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူ ဦးရေ စုစုပေါင်း ၃၁၂,၄၂၄ ရှိပြီး စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၈၁,၂၄၉ ဦးရှိကာ ဖြေဆိုသူ ရာခိုင်နှုန်း ၉ဝ ဒသမ ၂ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
သတင်းစဉ်

 

Government School Latest Post Read 5793 times