Sales Hotline : 09448001653       Download App



စင်ကာပူ-မြန်မာသက်မွေးသင်တန်းကျောင်းမှ သင်တန်းဆင်းကျောင်းသား (၆၀) ရာခိုင်နှုန်းအလုပ်အကိုင်ရရှိ

**Unicode**

စင်ကာပူ-မြန်မာသက်မွေးသင်တန်းကျောင်းမှ စက်မှုအင်ဂျင်နီယာပညာနှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းပညာသင်တန်းများတွင် အခြေခံပညာအောင်မြင်သည့် လူငယ် (၃,၀၀၀) ကျော်ကို သင်တန်း (၆) လပို့ချခဲ့ရာ သင်တန်းဆင်း (၆၀) ရာခိုင်နှုန်းသည် သက်ဆိုင်ရာနယ်ပယ်များတွင် အလုပ်အကိုင်များရရှိခဲ့ကြောင်း သိရသည်။

စင်ကာပူ-မြန်မာသက်မွေးသင်တန်းကျောင်းက စက်ရုံများ၊ ဟိုတယ်များနှင့် နားလည်မှုစာချွန်လွှာ (၁၈) ခုနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက် (၂) ခုကို လတ်မှတ်ရေးထိုးထားပြီး သင်တန်းသားများအလုပ်အကိုင်ရရှိရေးအပြင် ပညာရပ်များကိုပါ စိတ်ဝင်စားလာစေရန် အလေးထားလုပ်ဆောင်လျက်ရှိသည်။ 

ယင်းသင်တန်းမှ သင်တန်းဆင်း (၆၀) ရာခိုင်နှုန်းသည် သက်ဆိုင်ရာနယ်ပယ်များတွင် အလုပ်များရရှိခဲ့ပြီး နိုင်ငံတကာထိပ်တန်းကုမ္ပဏီများနှင့် ဟိုတယ်များတွင် ဦးဆောင်စီမံခန့်ခွဲသူရာထူးများဖြင့် လုပ်ကိုင်နေကြသူများလည်းပါဝင်ကြောင်းသိရပါသည်။

Read More:>>>  အင်္ဂလိပ်စာအရည်အချင်းစစ်ပုံစံပြောင်းလဲမည့်ဆေးတက္ကသိုလ်များနှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ်ဘွဲ့လွန်သင်တန

ပညာရေးဝန်ကြီးဌာနအနေနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စင်ကာပူ-မြန်မာ သက်မွေးသင်တန်းကျောင်း၊ စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေး သင်တန်းကျောင်းနည်းပညာနှင့် သက်မွေးပညာဆိုင်ရာဆရာအတတ်သင်တန်းကျောင်း၊ ဂျပန်-မြန်မာအောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း၊ ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်းများတွင် နည်းပညာနှင့် သက်မွေးပညာသင်တန်းများကို ဖွင့်လှစ်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှသိရသည်။

Computer Applications (431) Computer Applications နှင့်ပတ်သက်ပြီး သင်တန်း (၄၃၁) ခုရှာရန်နှိပ်ပါ။

Source: The Voice Daily

 

**Zawgyi**




Read More:>>>  အင်္ဂလိပ်စာအရည်အချင်းစစ်ပုံစံပြောင်းလဲမည့်ဆေးတက္ကသိုလ်များနှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ်ဘွဲ့လွန်သင်တန


Computer Applications (431) Computer Applications နှင့်ပတ်သက်ပြီး သင်တန်း (၄၃၁) ခုရှာရန်နှိပ်ပါ။

Source: The Voice Daily

Latest Post News Read 6157 times