Sales Hotline : 09448001653       Download App



၂၀၂၀-၂၀၂၁ ခုနှစ်၊ ပညာသင်နှစ်အတွက် ဆရာ/ဆရာမပေါင်း ၁၄,၃၈၈ ဦးခန့်အပ်မည်

ပညာရေး ဝန်ကြီးဌာနမှ အထက်တန်း၊ အလယ်တန်းပြ၊ မူလတန်းပြ ဆရာ၊ ဆရာမများ လိုအပ်ချက်များကို နှစ်စဉ် အပြောင်း၊ အတိုး၊ အသစ်ခန့်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။ 

သို့သော် နှစ်ပေါင်းများစွာ ပညာရေးအားနည်းခဲ့သောကြောင့် ဆရာ/ဆရာများနှင့် ပူးပေါင်းပြီး အရည်အသွေးရှိတဲ့ ပညာရေးဖြစ်စေရန် နှစ်စဉ်ဆရာ ဆရာမလိုအပ်ချက်များရှိခဲ့ပါသည်။ မူလတန်းမှာ (၅၀၀၀၀)၊ အလယ်တန်းနှင့် အထက်တန်းတွင် (၂၀၀၀၀) စီရှိသောကြောင့် လိုအပ်သောနေရာများကို ဖြည့်ဆည်းခန့်ထားနိုင်မည်ဟု သိရပါတယ်။

(၂၀၂၀-၂၀၂၁) ခုနှစ်၊ ပညာသင်နှစ်တွင် အထက်တန်းပြ အပြောင်း/အရွေ့ (၂၈၃၅)ဦး၊ ဌာနတွင်း အလယ်တန်းပြ/မူအုပ်မှ အထက်တန်းပြရာထူးတိုး (၈၉၉) ဦးနှင့် ရန်ကုန်နှင့် စစ်ကိုင်းပညာရေး တက္ကသိုလ်တို့မှ B.Ed သင်တန်းဆင်း (၁၁၈၃)ဦး၊ စစ်ကိုင်းဖွံ့ဖြိုးရေးတက္ကသိုလ်မှ B.Ed သင်တန်းဆင်း (၂၆၅) ဦး၊ စုစုပေါင်း (၅၁၈၂) ဦးအား ခန့်ထားပေးခဲ့ပြီး ရန်ကုန်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်တို့တွင် သင်တန်းတက်ရောက်ဆဲ B.Ed သင်တန်းသား (၃၀၂)ဦး၊ စုစုပေါင်းသင်တန်းသား (၁၅၃၆)ဦးအား အထက်တန်းပြခန့်ထားရန် စီစဉ်ဆောက်ရွက် နေကြောင်းသိရပါတယ်။

ထို့ပြင် ပညာရေးဝန်ကြီးဌာနအနေဖြင့် (၂၀၂၀-၂၀၂၁) ခုနှစ်၊ ပညာသင်နှစ်တွင် အလယ်တန်းပြများကို အလယ်တန်းပြအပြောင်း/အရွေ့ (၈၅၅၄)ဦး၊ မူလတန်းပြမှ အလယ်တန်းပြ ရာထူးသို့ ရာထူးတိုး (၉၀၃၀)ဦး၊ PGDMA သင်တန်းဆင်း (၄၂၅)ဦး၊ စုစုပေါင်း (၁၈၀၀၉)ဦးအား  ခန့်ထားပေးခဲ့ပြီးဖြစ်သည်။ (၂၀၂၀-၂၀၂၁)ခုနှစ်၊ ပညာသင်နှစ်အတွက် ရန်ကုန်နှင့် စစ်ကိုင်းတိုင်းပညာရေးတက္ကသိုလ်တို့တွင် သင်တန်းတက်ရောက်ဆဲ PGDMA သင်တန်းသား (၄၄၅)ဦးအား အလယ်တန်းပြခန့်ထားမည်ဟုသိရပါတယ်။ 

ထို့ကြောင့် မူလတန်းပြများကို ပညာရေးကောလိပ် (၂၅) ကျောင်းမှ D.TEd, PPTT သင်တန်းဆင်း (၁၆၂၆၀)ဦးဖြင့်လည်းကောင်း ဖြည့်ဆည်းခန့်ထား ဆောင်ရွက်ပေးခဲ့သည်။ ၂၀၂၀-၂၁ ပညာသင်နှစ်အတွက် ပညာရေးကောလိပ် (၂၅)ကျောင်းတွင် D.TEd, PPTT သန်တန်းတက်ရောက်ဆဲ သင်တန်းသား (၁၉၅၄၇)ဦးအား မူလတန်းပြခန့်ထားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။ ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၌ အလယ်တန်းပြ (၁၁)ဦး၊ မူလတန်းပြ (၃၂)ဦး၊ စုစုပေါင်း (၄၃)ဦးအားဖြည့်ဆည်းခန့်ထားပေးခဲ့ပြီးဖြစ်သည်။

ယခု (၂၀၂၀-၂၀၂၁) ပညာသင်နှစ်အတွက် ဆရာလိုအပ်ချက်မှုကိုတွက်ချက်ပြီး အထက်တန်းပြ (၂၃၇၇)ဦး၊ အလယ်တန်းပြ (၇၄၄၄)ဦး၊ မူလတန်းပြ (၄၅၆၇)ဦးစုစုပေါင်း (၁၄၃၈၈)ဦးကို သတင်းစာထဲတွင် ကြော်ငြာပြီး ဆရာဖြစ်သင်တန်းပေးပြီးခန့်ထားရန် စီစဉ်ထားလျက်ရှိပါသည်။ ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်ရှိ မြို့နယ်(၇)မြို့နယ်တွင် ထက်ပြ(၆)ဦး၊ လယ်ပြ (၁၁၃)ဦး၊ မူပြ (၉၄)ဦး၊ စုစုပေါင်း (၂၁၃)ဦး ခန့်ထားပေးရန် စီစဉ်ဆောက်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးမှ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်တင်ပြထားပါသည်။

By Myanmar Education Guide (EDGE)

Latest Post News Read 13072 times