Sales Hotline : 09448001653       Download App



၂၀၁၉ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားပြီး ( ၂၀၁၉ / ၂၀၂၀ ) တက္ကသိုလ်ပညာသင်နှစ်လျှောက်ထားသူများ

၂၀၁၉ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားပြီး ( ၂၀၁၉ / ၂၀၂၀ ) တက္ကသိုလ်ပညာသင်နှစ်လျှောက်ထားသူများ

**နေ့သင်တန်း ( Day ) လျှောက်ထားသူများအားလုံး**
ဝင်ခွင့်ရမေဂျာစာရင်းများအား သက်ဆိုင်ရာတက္ကသိုလ်အလိုက် ၂၀၁၉ အောက်တိုဘာလပထမအပါတ်တွင်စတင်ကြေငြာမည်ဖြစ်ပြီး ကြေငြာပြီးတစ်ပါတ်အကြာတွင်သက်ဆိုင်ရာတက္ကသိုလ် များတွင်ကျောင်းအပ်နှံခြင်းအမှုအားဆောင်ရွက်ရပေမည်။ နေ့သင်တန်းလျှောက်ထားသူများအားလုံးသည် ဒီဇင်ဘာလပထမအပါတ် တနင်္လာနေ့မှစကာစတင်တက်ရောက်ရပေးပါမည်။


**အထူးသတိပြုစေရန်**
မိမိလျှောက်ထားသည့်မေဂျာမတွေ့ရှိပါက အခြားသော မေဂျာများတွင်ရှာဖွေပေးကြပါရန်ဖြစ်သည်။
ထိုနည်းတူစွာပင် မေဂျာသည်မိမိဖြေဆိုခဲ့သည့်သက်ဆိုင်ရာစာစစ်ဌာန၏မြို့နယ်နှင့်သက်ဆိုင်သောကျောင်းများ၌သာစုံစမ်းရပေမည်။


**အဝေးသင်လျှောက်ထားသူများ**
၂၀၁၉ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးအဝေးသင်တက္ကသိုလ်သို့လျှောက်ထားသူများ၏ ဝင်ခွင့်ရသူစာရင်းများအား ဒီဇင်ဘာလဒုတိယအပါတ်တွင်သက်ဆိုင်ရာ တက္ကသိုလ် /ဒီဂရီ ကောလိပ်အလိုက်ကြေငြာသွားမည်ဖြစ်ပါသည်။
ထိုသို့ကြေငြာအပြီး တစ်ပါတ်အတွင်းကျောင်းအပ်နှံခြင်းကိစ္စအားစတင်ဆောင်ရွက်ရပေမည်။ ကျောင်းအပ်ခြင်းနောက်ဆုံးရက်သည် မတ်လ (၃၁) အထိဖြစ်ပါသည်။


အဝေးသင်သမားများသည် သက်ဆိုင်ရာမေဂျာအလိုက် ကျောင်းများတက်ရောက်ရပေမည်။


အဝေးသင်တွင်ဘာသာရပ်အလိုက် အသုတ်လိုက် ( ၃ ) သုတ်ခွဲကာတက်ရောက်ရပေမည်။


**ပထမအသုတ်**
သိပ္ပံတွဲအားလုံးသည်ပထမအသုတ်ဖြစ်ပေသည်။
သိပ္ပံဘာသာတွဲတွင်….
သင်္ချာ
ဓါတုဗေဒ
ရူပေဗဒ
သတ္တဗေဒ နှင့်
ရုက္ခဗေဒ ဆိုပြီး ဘာသာရပ် (၄) ခုပါဝင်သည်။
ထိုသိပ္ပံတွဲသမားများအားလုံးသည် ၂၀၂၀ ခုနှစ်ဇန်နဝါရီလပထမအပါတ်မှစ၍ (စနေ ၊တနင်္ဂနွေ) တစ်ပါတ်ခြား
( Practical ) လက်တွေ့သင်တန်းများတကိရောက်ရပေမည်၊
သူတို့သည်အခြားဘာသာရပ်များကဲ့သို့အနီးကပ် ( ၁၀ ) ရက်တက်စရာမလိုပါ။

 

Read More>>>> BTHM သင်တန်းအတွက် ပထမနှစ်သင်တန်းသားခေါ်ယူခြင်း


**ဒုတိယအသုတ်**
ဒုတိယအသုတ်တွင်...
အင်္ဂလိပ်
ဥပဒေဘာသာရပ်
ပထဝီဘာသာရပ်
စိတ်ပညာ
ဒသနိကဗေဒ နှင့်
အရှေ့တိုင်းပညာ ( ပါဋ္ဌိ ) တို့ကတော့
ဒုတိယအသုတ်ဖြစ်ပြီး အောက်တိုဘာလဒုတိယအပါတ်မှာ အနီးကပ် ( ၁၀ ) ရက်တက်ရမည်ဖြစ်ပြီး တစ်ပါတ်အတွင်းအတန်းတင်စာမေးပွဲဖြေဆိုရပေမည်။


**တတိယအသုတ်**
တတိယအသုတ်တွင်…..
မြန်မာစာအထူးပြု
သမိုင်းအထူးပြု
စီးပွားရေးအထူးပြု
စီးပွားစီမံအထူးပြု
အိမ်တွင်းစီးပွားအထူးပြု
ရသစာပေအထူးပြု
မြန်မာမှုအထူးပြု နှင့်
ပြည်သူ့ရေးရာအထူးပြုများပါဝင်ပါသည်။


ထိုအသုတ်များသည် နိုဝင်ဘာလပထမအပါတ်တွင်အနီးကပ် ( ၁၀ ) ရက်တက်ရောက်ရမည်ဖြစ်ပြီး တစ်ပါတ်အတွင်း အတန်းတင်စာမေးပွဲများဖြေဆိုရပေမည်။Assignment တင်ရမည်။
အဝေးသင်သမားတိုင်း Assignment တင်ရပါမည်။


Assignment များသည် ပထမနှစ်ဝက် နှင့် ဒုတိယနှစ်ဝက်ဆိုပြီး (၂) ကြိမ်ခွဲတင်ရပေမည်။


Assignment သည် အဝေးသင်သမားများအတွက်မတင်မဖြစ်တင်ရပေမည်။

 

Source: Exam Guide

 

News Read 39834 times