Sales Hotline : 09448001653       Download App



တက္ကသိုလ် ၁၆ခု- မဟာဌာနများ ပါဝင်သည့် တက္ကသိုလ်များအဖြစ်အဆင့်မြှင့်တင်လိုက်ပြီ

အဝေးသင် တက္ကသိုလ် နှစ်ခုမှ လွဲ၍ ပြီးခဲ့သည့် ပညာသင်နှစ် ၂ နှစ်တွင် တက္ကသိုလ်ဝင်ခွင့်ကို သီးခြားခေါ်ယူခဲ့သော တက္ကသိုလ် ၁၆ခု ကို မဟာဌာနများ ပါဝင်သည့် တက္ကသိုလ်များအဖြစ် ပြောင်းလဲ မြှင့်တင်လိုက်ပြီ ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်>>>>တက္ကသိုလ် ၁၆ ခု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိ

အဆိုပါ တက္ကသိုလ်များမှာ

၁. ရန်ကုန် တက္ကသိုလ်

၂. မန္တလေး တက္ကသိုလ်

၃. ရန်ကုန်စီးပွားရေး တက္ကသိုလ်

၄. ရန်ကုန်ပညာရေး တက္ကသိုလ်

၅. စစ်ကိုင်းပညာရေး တက္ကသိုလ်

၆. ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်

၇. မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်

၈. ရန်ကုန်နည်းပညာ တက္ကသိုလ်

၉. မန္တလေးနည်းပညာ တက္ကသိုလ်

၁၀. နည်းပညာ တက္ကသိုလ်(မန္တလေး)

၁၁. ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်

၁၂. မန္တလေးကွန်ပျူတာ တက္ကသိုလ်

၁၃. သတင်းအချက်အလက် နည်းပညာ တက္ကသိုလ် (ရန်ကုန်)

၁၄. မြန်မာ သတင်းအချက်အလက် နည်းပညာ တက္ကသိုလ်(မန္တလေး)

၁၅.ရန်ကုန်အဝေးသင် တက္ကသိုလ်

၁၆. မန္တလေးအဝေးသင် တက္ကသိုလ် တို့ဖြစ်ပြီး ၎င်းတို့သည်အာဆီယံဒေသတွင်း နိုင်ငံများရှိ တက္ကသိုလ်များကဲ့သို့ မဟာဌာန ဖွဲ့စည်းပုံပါသော တက္ကသိုလ်အဆင့်သို့ပြောင်းလဲ တိုးမြှင့်ကြောင်း ဝန်ကြီး ဌာနမှ ကြေညာထားသည်။

အဆင့်မြင့်ပညာဦးစီးဌာနမှ ‘‘မဟာဌာနတစ်ခုမှာ ဘာသာရပ်ဌာန လေးခုလောက် အနည်းဆုံးရှိမယ်။ ဘာသာရပ်ဌာန တွေပေါင်းပြီး မဟာဌာနတွေ ဖွဲ့ လို့ရတယ်။ ကျောင်းသားခေါ်တာ၊ ဆရာခန့်တာ သူတို့တက္ကသိုလ်အလိုက် လုပ်ခွင့်ရှိမယ်။ ဝန်ကြီးဌာနက စီမံတာမျိုး မရှိတော့ဘူး’’ ဟု မဟာဌာနဖွဲ့စည်းပုံပါသည့် တက္ကသိုလ်များ ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး ပြောကြားထားပါသည်။

ထိုတက္ကသိုလ်များတွင် ခန့်အပ်ထားမည့် ဆရာ/ဆရာမများ ခေါ်ယူခြင်း၊ ရာထူးတိုးပြောင်း ကိစ္စရပ်များ ဆောင်ရွက်ခြင်းတို့တွင် ပညာရေးဝန်ကြီးဌာန ၏ စီမံခန့်ခွဲမှုမပါဘဲ သက်ဆိုင်ရာတက္ကသိုလ် အလိုက် ကိုယ်တိုင် စီမံခွင့်ပြု ရန် စီစဉ်နေကြောင်း သိရသည်။

By Myanmar Education Guide - EDGE

Latest Post News Read 4145 times