Sales Hotline : 09448001653       Download App



အားကစားနည်း (၁၄) မျိုးသင်တန်းရန်ကုန်တက္ကသိုလ်တွင်ဖွင့်လှစ်ရန်စီစဉ်

**Unicode**

၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပထမနှစ်ဝက်အတွင်း အားကာစားနည်း (၁၄) မျိုးသင်တန်းကို ရန်ကုန်ကတက္ကသိုလ်တွင် ဖွင့်လှစ်နိုင်ရန်စီစဉ်ထားကြောင်း ရန်ကုန်တက္ကသိုလ် အားကစားနှင့် ကာယပညာကော်မတီမှ သိရပါတယ်။ 
" ကျောင်းသား/သူတွေအနေနဲ့ ကျောင်းစာအပြင် အားကစားကို လေ့လာလိုက်စားရင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်နိုင်ဖို့ ရည်ရွယ်ပါတယ်။ အားကစားအမျိုးအစားပေါ်မူတည်ပြီး ရက်အလိုက်ဖွင့်လှစ်မှာဖြစ်ပါတယ်။" ဟု အဆိုပါကော်မတီမှ ပါမောက္ခတစ်ဦးကပြောပါတယ်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်၏ ပထမနှစ်ဝက်ကာလဖြစ်သော ဒီဇင်ဘာ (၁၆) ရက်မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ (၁၅) ရက်အထိဖွင့်လှစ်မည်ဖြစ်ပြီး ယခုအခါ သင်တန်းတက်ရောက်မည့် ကျောင်းသား/သူများကို စာရင်းကောက်ယူနေကြောင်း၊ အပန်းဖြေရိပ်သာခန်းမ၊ အင်းလျားလမ်းရေကူးကန်၊ လှိုင်အားကစားရုံ၊ သထုံလမ်းအားကစားရုံနှင့် သထုံလမ်းကြက်တောင်ရုံတို့ အပါအဝငါ အားကစားနည်းအလိုက်နေရာများခွဲကာ ဖွင့်လှစ်ရန်စီစဉ်ထားကြောင်းသိရပါတယ်။

Read More:>>> "ရွှေဘိုတက္ကသိုလ်အဝေးသင်သင်တန်း မေဂျာအလိုက်ဝင်ခွင့်ရရှိသူများစာရင်း

- ဘတ်စကက်ဘောသင်တန်းကို အပတ်စဉ်ဗုဒ္ဓဟူး၊ ကြာသပတေးနှင့်သောကြာနေ့တို့တွင် ညနေ (၃) နာရီခွဲမှ (၅) နာရီအထိ
- ရေကူးသင်တန်းကို တနင်္လာမှ သောကြာနေ့အထိ နံနက် (၇) နာရီမှ (၈) နာရီအထိ၊
- ဘော်လီဘောသင်တန်းကိ တနင်္လာနှင့် အင်္ဂါနေ့တို့တွင် ညနေ (၃) နာရီခွဲမှ (၅) နာရီအထိ
- ပိုက်ကျော်ခြင်းသင်တန်းကို စနေနှင့် တနင်္ဂနွေနေ့တို့တွင် ညနေ (၃) နာရီမှ (၅) နာရီအထိ
- ဂျူဒိုသင်တန်းကို သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့တို့တွင် ညနေ (၃) နာရီခွဲမှ (၅) နာရီအထိ
- ကရောတေး၊ လှေလှော်နှင့် စားပွဲတင် တင်းနစ်သင်တန်းကို တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့တို့တွင် ညနေ (၃) နာရီခွဲမှ (၅) နာရီအထိ
- စစ်တုရင်သင်တန်းကို အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့တို့တွင် ညနေ (၃) နာရီခွဲမှ (၅) နာရီအထိ
- သိုင်းပြောင်းပြန်သင်တန်းကို ကြာသပတေးနှင့် သောကြာနေ့တို့တွင် ညနေ (၄) နာရီမှ (၅) နာရီအထိ
- ကြက်တောင်သင်တန်းကို တနင်္လာမှ သောကြာနေ့အထိ ညနေ (၃) နာရီခွဲမှ (၅) နာရီအထိ
- တင်းနစ်သင်တန်းကို တနင်္လာ၊ ဗုဒ္ဓဟူးနှင့်သောကြာနေ့တို့တွင် နံနက် (၇) နာရီမှ (၈)နာရီအထိ ဖွင့်လှစ်ရန်ရည်ရွယ်ထားပြီး ကာယဗလနှင့် ဖူဆယ်သင်တန်းနှစ်မျိုးအတွက် သင်တန်းအချိန်များကို သင်တန်းတက်ရောက်မည့် ကျောင်းသား/သူများ သိရှိနိုင်စေရန် ပြန်လည်အကြောင်းကြားမည်ဖြစ်ကြောင်းသိရပါတယ်။

Credit: မြဝတီ

**Zawgyi**

၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ ပထမႏွစ္ဝက္အတြင္း အားကာစားနည္း (၁၄) မ်ိဳးသင္တန္းကို ရန္ကုန္ကတကၠသိုလ္တြင္ ဖြင့္လွစ္ႏိုင္ရန္စီစဥ္ထားေၾကာင္း ရန္ကုန္တကၠသိုလ္ အားကစားႏွင့္ ကာယပညာေကာ္မတီမွ သိရပါတယ္။ 
" ေက်ာင္းသား/သူေတြအေနနဲ႔ ေက်ာင္းစာအျပင္ အားကစားကို ေလ့လာလိုက္စားရင္း က်န္းမာေပ်ာ္႐ႊင္စြာ ပညာသင္ႏိုင္ဖို႔ ရည္႐ြယ္ပါတယ္။ အားကစားအမ်ိဳးအစားေပၚမူတည္ၿပီး ရက္အလိုက္ဖြင့္လွစ္မွာျဖစ္ပါတယ္။" ဟု အဆိုပါေကာ္မတီမွ ပါေမာကၡတစ္ဦးကေျပာပါတယ္။
၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္၏ ပထမႏွစ္ဝက္ကာလျဖစ္ေသာ ဒီဇင္ဘာ (၁၆) ရက္မွ ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီ (၁၅) ရက္အထိဖြင့္လွစ္မည္ျဖစ္ၿပီး ယခုအခါ သင္တန္းတက္ေရာက္မည့္ ေက်ာင္းသား/သူမ်ားကို စာရင္းေကာက္ယူေနေၾကာင္း၊ အပန္းေျဖရိပ္သာခန္းမ၊ အင္းလ်ားလမ္းေရကူးကန္၊ လႈိင္အားကစား႐ုံ၊ သထုံလမ္းအားကစား႐ုံႏွင့္ သထုံလမ္းၾကက္ေတာင္႐ုံတို႔ အပါအဝငါ အားကစားနည္းအလိုက္ေနရာမ်ားခြဲကာ ဖြင့္လွစ္ရန္စီစဥ္ထားေၾကာင္းသိရပါတယ္။

Read More:>>>>  ကေလးတကၠသိုလ္အေဝးသင္သင္တန္း ေမဂ်ာအလိုက္ဝင္ခြင့္ရရွိသူမ်ားစာရင္း

- ဘတ္စကက္ေဘာသင္တန္းကို အပတ္စဥ္ဗုဒၶဟူး၊ ၾကာသပေတးႏွင့္ေသာၾကာေန႔တို႔တြင္ ညေန (၃) နာရီခြဲမွ (၅) နာရီအထိ
- ေရကူးသင္တန္းကို တနလၤာမွ ေသာၾကာေန႔အထိ နံနက္ (၇) နာရီမွ (၈) နာရီအထိ၊
- ေဘာ္လီေဘာသင္တန္းကိ တနလၤာႏွင့္ အဂၤါေန႔တို႔တြင္ ညေန (၃) နာရီခြဲမွ (၅) နာရီအထိ
- ပိုက္ေက်ာ္ျခင္းသင္တန္းကို စေနႏွင့္ တနဂၤေႏြေန႔တို႔တြင္ ညေန (၃) နာရီမွ (၅) နာရီအထိ
- ဂ်ဴဒိုသင္တန္းကို ေသာၾကာ၊ စေနႏွင့္ တနဂၤေႏြေန႔တို႔တြင္ ညေန (၃) နာရီခြဲမွ (၅) နာရီအထိ
- ကေရာေတး၊ ေလွေလွာ္ႏွင့္ စားပြဲတင္ တင္းနစ္သင္တန္းကို တနလၤာ၊ ဗုဒၶဟူးႏွင့္ ေသာၾကာေန႔တို႔တြင္ ညေန (၃) နာရီခြဲမွ (၅) နာရီအထိ
- စစ္တုရင္သင္တန္းကို အဂၤါ၊ ဗုဒၶဟူးႏွင့္ ေသာၾကာေန႔တို႔တြင္ ညေန (၃) နာရီခြဲမွ (၅) နာရီအထိ
- သိုင္းေျပာင္းျပန္သင္တန္းကို ၾကာသပေတးႏွင့္ ေသာၾကာေန႔တို႔တြင္ ညေန (၄) နာရီမွ (၅) နာရီအထိ
- ၾကက္ေတာင္သင္တန္းကို တနလၤာမွ ေသာၾကာေန႔အထိ ညေန (၃) နာရီခြဲမွ (၅) နာရီအထိ
- တင္းနစ္သင္တန္းကို တနလၤာ၊ ဗုဒၶဟူးႏွင့္ေသာၾကာေန႔တို႔တြင္ နံနက္ (၇) နာရီမွ (၈)နာရီအထိ ဖြင့္လွစ္ရန္ရည္႐ြယ္ထားၿပီး ကာယဗလႏွင့္ ဖူဆယ္သင္တန္းႏွစ္မ်ိဳးအတြက္ သင္တန္းအခ်ိန္မ်ားကို သင္တန္းတက္ေရာက္မည့္ ေက်ာင္းသား/သူမ်ား သိရွိႏိုင္ေစရန္ ျပန္လည္အေၾကာင္းၾကားမည္ျဖစ္ေၾကာင္းသိရပါတယ္။

Credit: ျမဝတီ

Latest Post News Tips Read 1880 times