Sales Hotline : 09448001653       Download App



စင်ကာပူ-မြန်မာ သက်မွေးပညာ သင်တန်းကျောင်း (SMVTI) တွင် တက်ရောက်နိုင်မည့် သင်တန်းများ

စက်မှုလက်မှု အထက်တန်းကျောင်း အမှတ် (၁) ကို ၁၉၅၄ ခုနှစ် ဇွန်လ (၈) ရက်နေ့၌ အုတ်မြစ်ချကာ ၁၉၅၆ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်‌နေ့တွင် စတင် ဖွင့်လှစ်ခဲ့ပြီး အရှေ့တောင်အာရှ၏ ပထမဦးဆုံး Polytechnic High School ဖြစ်ခဲ့သည်။

 

နတ်မောက် စက်မှုလက်မှုအထက်တန်းကျောင်းကို စင်ကာပူအစိုးရနှင့် မြန်မာနိုင်ငံ အစိုးရတို့ ပူးပေါင်းပြီး SMVTI သက်မွေးပညာ သင်တန်းကျောင်းအဖြစ် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက်နေ့တွင် School of Hospitality သင်တန်းနှင့် နိုဝင်ဘာလတွင် School of Engineering သင်တန်းတို့ကို စတင် ဖွင့်လှစ်ခဲ့သည်။ 

 

စင်ကာပူ-မြန်မာသက်မွေးပညာ သင်တန်းကျောင်း SMVTI ၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၆ ခုနှစ်၊ ဇွန်လ (၉) ရက်နေ့တွင် ကျင်းပခဲ့သည်။

 

SMVTI ကျောင်းဝင်ခွင့်သတ်မှတ်ချက်များ၊ ဖွင့်လှစ်ထားသည့် ပုံမှန်သင်တန်းများနှင့် ကာလတိုသင်တန်းများ၊ တက်ရောက်နိုင်မည့် ဘာသာရပ်များ၊ သင်ကြားချိန်များကို အောက်တွင် အသေးစိတ် ကြည့်ရှုနိုင်သည်။ 

 

ဝင်ခွင့်သတ်မှတ်ချက်များ

  • တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး အသက် (၁၆) နှစ်နှင့် အထက်ရှိသော ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်သည်။
  • သင်တန်းကာလ (၆) လကို ပြီးဆုံးသည့်အထိ တက်ရောက်ရမည်ဖြစ်ပြီး၊ အောင်မြင်ပါက သင်တန်းပြီးဆုံးကြောင်း အသိအမှတ်ပြု၊ အောင်လက်မှတ် (Certificate) ရရှိပါမည်။
  • ခေတ်မှီ Lab ပစ္စည်းများ အသုံးပြု၍ စာတွေ့လက်တွေ့  သင်ကြား ပို့ချပေးပါမည်။
  • Engineering & Technology နှင့် Hospitality & Tourism ဘာသာရပ်များအတွက် လုပ်ငန်းခွင် ကျွမ်းကျင်သော သင်တန်းသား၊ သင်တန်းသူများ မွေးထုတ်ပေးရန် ရည်ရွယ်ပါသည်။
  • နည်းပညာနှင့် သက်မွေးပညာ လုပ်ငန်းသဘာဝအရ ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ပြီး လက်တွေ့လုပ်ငန်းများ၊ စက်ရုံများ၊ ကုမ္ပဏီများ၊ ဟိုတယ်များသို့ ကွင်းဆင်း ဆောင်ရွက်ရန်နှင့် သင်တန်းပြီးဆုံးပါက သက်ဆိုင်သော လုပ်ငန်းခွင်သို့ ဝင်နိုင်မည့် သင်တန်းသား/သူများကို ဉီးစားပေးပါမည်။
  • လျှောက်ထားရာတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြောင်း အောင်လက်မှတ်မူရင်း/ မိတ္တူနှင့် အမှတ်စာရင်း မူရင်း/ မိတ္တူတို့နှင့်အတူ ( တိုက်ဆိုင် စစ်ဆေးရန်အတွက် ) ပူးတွဲ တင်ပြနိုင်ရမည်။
  • လျှောက်ထားသူများ Interview ဖြေဆိုရပါမည်။
  • Hospitality & Tourism ဘာသာရပ် လျှောက်ထားသူများ ပတ်စ်ပို့ဓါတ်ပုံ (၁) ပုံ ယူဆောင်လာရပါမည်။

 

Advertisement

Click Here > HT-LT
 

ဟိုတယ်နှင့် ခရီးသွားသင်တန်းများ

  • ဧည့်ကြိုဝန်ဆောင်မှုသင်တန်း (Front Office Operations)
  • အိပ်ခန်းဆောင်ထိန်းသိမ်းမှုသင်တန်း (Housekeeping Operations)
  • စားသောက်ဆိုင်ဝန်ဆောင်မှုသင်တန်း (Restaurant Operations)
  • လက်လီရောင်းချမှုဆိုင်ရာဝန်ဆောင်မှုသင်တန်း (Retail Operations)

 

အင်ဂျင်နီယာသင်တန်းများ

  • ကွန်ပျူတာနှင့်ကွန်ရက်ချိတ်ဆက်ခြင်းသင်တန်း (Electronics)
  • လျှပ်စစ်နည်းပညာသင်တန်း (Electrical Technology)
  • အိမ်သုံးလေအေးပေးစက်သင်တန်း (Residential Air-Conditioning)
  • အဆောက်အဦနှင့် စက်မှုလျှပ်စစ် စက်ကိရိယာသင်တန်း (Building Fixtures and Equipment)
  • အထွေထွေဂ‌‌ဟေဆက်ခြင်းနည်းပညာသင်တန်း (General Welding)
  • မက်ကထရောနစ်နည်းပညာသင်တန်း (Mechatronics)

 

ဘာသာရပ်တစ်ခုချင်းစီအကြောင်း လေ့လာရန်

http://www.smvti.edu.mm/?page_id=923&lang=my  

 

သင်တန်းတစ်ခုစီသည် သင်ကြားချိန်  နာရီပေါင်း (၅၄၀) ကြာမြင့်မည်ဖြစ်ပြီး အဓိကဘာသာရပ်‌ (၄) ခုနှင့် အထောက်အကူပြု ဘာသာရပ် (၂) ခုတို့ကို အချိန်ပြည့် သင်ကြားပေးမည် ဖြစ်သည်။ ဘာသာရပ်တစ်ခုတွင် စာတွေ့သင်ခန်းစာ (၃၀)% ၊ လက်တွေ့သင်ခန်းစာ (၇၀)% နှင့် စာမေးပွဲ စစ်ဆေးမှုများ ပါဝင်ပါသည်။

 

ကာလတိုသင်တန်းများ

  • Basic Housekeeping Service
  • Basic Restaurant Service
  • Basic Front Office Service
  • Programming Course, C++
  • Residential Aircon Installation
  • Computer & LAN (Basic Networking)
  • CAD Drawing (Inventor Software)
  • CCNA (Routing & Switching)
  • 2D Drawing (AutoCAD)
  • Digital Electronics
  • Electrician (House Wiring and Installation)
  • Pneumatics (Basic Automation)

 

ဘာသာရပ်တစ်ခုချင်းစီအကြောင်း လေ့လာရန်

http://www.smvti.edu.mm/?page_id=2957&lang=my 

 

ဆက်သွယ်ရန်

အမှတ်-၁၂၃၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

Email : [email protected]

Phone : ၀၉-၇၈၁၀၀၂၅၇၂

Government School Latest Post Read 1309 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176