Sales Hotline : 09448001653       Download App



ရခိုင်ပြည်နယ် ပေါက်တောမြို့မှ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ (၁၂)ဦး ထဲမှ (၇)ဦးမှာ ကျောင်းသားများဖြစ်နေ

ပေါက်တောမြို့ မြို့နယ်ဆရာဝန် ဒေါက်တာဦးကိုကိုအောင်မှ လောလောဆယ်တွင် ပိုးတွေ့လူနာ (၁၂) ဦး နှင့် ထိတွေ့ခဲ့သူပေါင်း အယောက် (၁၀၀) ခန့်ရှိသည် ဟု သိရပါတယ်။

ထို (၁၂) ဦးထဲမှ စစ်တွေတွင် ကျောင်းတက်ရောက်နေသည့် ကျောင်းသား (၃) ဦး၊ ကျောင်းသူ (၄) ဦးပါဝင်သည်ဟုလည်းသိရပါသည်။

ထိုကျောင်းသူ ကျောင်းသားထဲမှာ စစ်တွေမြို့ ကိုယ်ပိုင်စာသင်ကျောင်းမှာ တက်ရောက်ခဲ့တာတွေပါသလို ဘော်ဒါဆောင်တွေမှာ ကျောင်းတက်ခဲ့တာတွေလည်း ပါတယ်လို့သိရပါတယ်။

ထို့နောက် ကလေးတွေနဲ့ ထိတွေ့ ခဲ့တဲ့ မိဘတွေ၊ မိသားစုတွေ အားလုံးက စစ်တွေက ပြန်လာသူတွေဖြစ်တယ် ဟု ပေါက်တောမြို့မှ ဒေသခံ တစ်ဦးက ထံမှသိရပါတယ်။ အထက်ပါ ပိုးတွေ့ လူနာများရဲ့ အိမ်ကို လော့ဒေါင်းပြုလုပ်ထားပြီး ပေါက်တောဈေး ကိုနေ့တစ်ဝက်သာ ဖွင့်ခိုင်းပြီး စားသောက်ဆိုင်များကိုတော့ ပါဆယ်စနစ်ဖြင့် ရောင်းရန်သာ ညွှန်ကြားထားကြောင်း ကိုလည်းသိရသည်။

ပေါက်တောမြို့မှ အသက် ၁၅ နှစ်မှ ၁၆ နှစ်အထိ ကျောင်းသူ/ကျောင်းသား (၇) ဦး၊ အသက် ၃၃ နှစ် ကျား (၁)ဦး၊ အသက် ၃၉ နှစ်အရွယ် ကျား (၁) ဦး၊ ၄၄ နှစ်အရွယ်အမျိုးသမီး (၁) ဦးနဲ့ ၅၃ နှစ်အရွယ် ကျား (၁)ဦး၊ အသက် ၇ နှစ်အရွယ်ကလေး (၁)ဦး တို့ကို ကိုဗစ်ရောဂါ ပိုးတွေ့လူနာများအဖြစ်အတည်ပြုခဲ့ခြင်း ဖြစ်သည်။

“စစ်တွေက ပြန်လာသူနဲ့ လေယာဉ်နဲ့ လာတဲ့ Contact တွေအားလုံး (၅၀) ကျော်ရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တွေကို စစ်တဲ့အထဲမှာ မနေ့က ၁၂ ဦး ပိုးတွေ့တာ ဖြစ်တယ်။ ဒီအထဲမှာ လူလတ်ပိုင်းကလေးတွေလည်း ပါတယ်။ အကုန်လုံးကတော့ စစ်တွေပြန်တွေပါ။ ကျောင်းသူ/ကျောင်းသားတွေလည်း ပါပါတယ်။ နောက်သူတို့ကို သွားခေါ်တဲ့မိဘတွေပါ ပါနေတယ်။ အသက် ၇ နှစ်အရွယ်ကလေးကတော့ ကျောင်းမတတ်သေးတဲ့အရွယ်ဆိုတော့ အလည်အပတ်သွားတာ ဖြစ်နိုင်ပါတယ်။ စစ်တွေနဲ့ ပေါက်တောက အချိန်မရွေး သွားလာနိုင်တယ်လေ” ဟု ပေါက်တောမြို့ မြို့နယ်ဆရာဝန် ဒေါက်တာဦးကိုကိုအောင်မှ ပြောကြားသည်။

 

Ref : DVB news

Latest Post News Read 1638 times