Sales Hotline : 09448001653       Download App



နိုင်ငံတကာကျောင်းမှ အစိုးရကျောင်းသို့ ပြောင်းလဲတက်ရောက်လိုသူများအတွက် Placement Test ကျင်းပမည်

** Unicode **

နိုင်ငံတကာကျောင်းများနှင့် နိုင်ငံတကာသင်ရိုး ပြည်တွင်းပုဂ္ဂလိက ကျောင်းများမှ မြန်မာအစိုးရသင်ရိုးသင် အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများသို့ ပြောင်းရွှေ့တက်ရောက်လိုသူများအတွက် မေလအတွင်း Placement Test  ကျင်းပမည်ဖြစ်ပါတယ်။

ကျောင်းသား၏ ဉာဏ်ရည်ဉာဏ်သွေးအရ တက်ရောက်လိုသည့် အတန်းတွင် စာလိုက်နိုင်မှုရှိ/မရှိ သိနိုင်ရန် Placement Test စစ်ဆေးလက်ခံခြင်းဖြစ်ပြီး တက်ရောက်လိုသော အတန်းအောက်တစ်ဆင့်နိမ့်အတန်း၏ ပညာရေးဝန်ကြီးဌာန သင်ရိုးညွှန်းတမ်းပါ ဘာသာရပ်များကို ဖြေဆိုရမည်ဖြစ်ပါတယ်။

၎င်းအပြင် ကျောင်းသားများတက်ရောက်လိုသော အတန်းနှင့် ကျောင်းသား၏ အသက်အရွယ်သည် ပညာရေးဝန်ကြီးဌာန အတန်းစဉ်အလိုက် အသက်သတ်မှတ်ချက်နှင့် ကိုက်ညီရန် လိုအပ်ပါတယ်။

မေလတွင် Placement Test ရှိပါတယ်။ အစိုးရကျောင်း၊ ကိုယ်ပိုင်ကျောင်းကို ပြောင်းတက်ချင်များအတွက် အခွင့်အလမ်းပေးသည့် သဘောဖြစ်ပါတယ်။ နယ်စပ်ကျောင်းများမှ ပြည်တွင်း ပြန်ဝင်လာတက်ချင်သည့် ကျောင်းသားများအတွက်လည်း အဆင်ပြေအောင် ပြုလုပ်ပေးမည်ဖြစ်သည်ဟု အခြေခံပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးမှ ပြောကြားပါတယ်။

Placement Test ဖြေဆိုရန်လျှောက်လွှာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများတွင်ရယူလျှောက်ထားအခြေခံကျောင်းများမဖွင့်မီရလဒ်များကို ထုတ်ပြန်ကြေညာပေးမည်ဖြစ်ပါတယ်။

နိုင်ငံတကာကျောင်းများမှ မြန်မာအစိုးရသင်ရိုးသင်ကျောင်းများသို့ ကူးပြောင်းတက်ရောက်နိုင်ရန် ၂၀၁၄-၁၅ ပညာသင်နှစ်တွင်စတင်ခွင့်ပြုခဲ့ပါတယ်။

နိုင်ငံတကာကျောင်းများနှင့် နိုင်ငံတကာသင်ရိုးသင်ပြည်တွင်းပုဂ္ဂလိကကျောင်းများမှ မြန်မာအစိုးရသင်ရိုးသင်ကျောင်းများသို့ ပြောင်းရွှေ့တက်ရောက်သူသည် နှစ်စဉ်အနည်းဆုံး (၁၀၀) ဦးအထက်ရှိနေပါတယ်။

Read More:>>>>  ဧၿပီလေက်ာင္းဖြင့္ခ်ိန္အတြက္ေလ်ွာက္ထားႏိုင္မည့္ PSB Academy

သူငယ်တန်းမှ နဝမတန်းအထိ အတန်းအသီးသီးသို့ ကျောင်းပြောင်းတက်ရောက်သူရှိပြီး နဝမတန်းတွင် ကျောင်းပြောင်းတက်သူအများဆုံးဖြစ်ကြောင်းသိရပါတယ်။

Credit: 7Day News
 

** Zawgyi **

ႏိုင္ငံတကာေက်ာင္းမ်ားႏွင့္ ႏိုင္ငံတကာသင္ရိုး ျပည္တြင္းပုဂၢလိက ေက်ာင္းမ်ားမွ ျမန္မာအစိုးရသင္ရိုးသင္ အေျခခံပညာေက်ာင္းမ်ားႏွင့္ ကိုယ္ပိုင္ေက်ာင္းမ်ားသို႔ ေျပာင္းေရႊ႕တက္ေရာက္လိုသူမ်ားအတြက္ ေမလအတြင္း Placement Test  က်င္းပမည္ျဖစ္ပါတယ္။

ေက်ာင္းသား၏ ဥာဏ္ရည္ဥာဏ္ေသြးအရ တက္ေရာက္လိုသည့္ အတန္းတြင္ စာလိုက္ႏိုင္မႈရွိ/မရွိ သိႏိုင္ရန္ Placement Test စစ္ေဆးလက္ခံျခင္းျဖစ္ၿပီး တက္ေရာက္လိုေသာ အတန္းေအာက္တစ္ဆင့္နိမ့္အတန္း၏ ပညာေရးဝန္ႀကီးဌာန သင္ရိုးညႊန္းတမ္းပါ ဘာသာရပ္မ်ားကို ေျဖဆိုရမည္ျဖစ္ပါတယ္။

၄င္းအျပင္ ေက်ာင္းသားမ်ားတက္ေရာက္လိုေသာ အတန္းႏွင့္ ေက်ာင္းသား၏ အသက္အရြယ္သည္ ပညာေရးဝန္ႀကီးဌာန အတန္းစဥ္အလိုက္ အသက္သတ္မွတ္ခ်က္ႏွင့္ ကိုက္ညီရန္ လိုအပ္ပါတယ္။

ေမလတြင္ Placement Test ရွိပါတယ္။ အစိုးရေက်ာင္း၊ ကိုယ္ပိုင္ေက်ာင္းကို ေျပာင္းတက္ခ်င္မ်ားအတြက္ အခြင့္အလမ္းေပးသည့္ သေဘာျဖစ္ပါတယ္။ နယ္စပ္ေက်ာင္းမ်ားမွ ျပည္တြင္း ျပန္ဝင္လာတက္ခ်င္သည့္ ေက်ာင္းသားမ်ားအတြက္လည္း အဆင္ေျပေအာင္ ျပဳလုပ္ေပးမည္ျဖစ္သည္ဟု အေျခခံပညာဦးစီးဌာန တာဝန္ရွိသူတစ္ဦးမွ ေျပာၾကားပါတယ္။

Placement Test ေျဖဆိုရန္ေလ်ွာက္လႊာမ်ားကို တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ပညာေရးမွဴးရံုးမ်ားတြင္ရယူေလွ်ာက္ထားအေျခခံေက်ာင္းမ်ားမဖြင့္မီရလဒ္မ်ားကို ထုတ္ျပန္ေၾကညာေပးမည္ျဖစ္ပါတယ္။

ႏုိင္ငံတကာေက်ာင္းမ်ားမွ ျမန္မာအစိုးရသင္ရိုးသင္ေက်ာင္းမ်ားသို႔ ကူးေျပာင္းတက္ေရာက္ႏိုင္ရန္ ၂၀၁၄-၁၅ ပညာသင္ႏွစ္တြင္စတင္ခြင့္ျပဳခဲ့ပါတယ္။

ႏိုင္ငံတကာေက်ာင္းမ်ားႏွင့္ ႏိုင္ငံတကာသင္ရိုးသင္ျပည္တြင္းပုဂၢလိကေက်ာင္းမ်ားမွ ျမန္မာအစိုးရသင္ရိုးသင္ေက်ာင္းမ်ားသို႔ ေျပာင္းေရႊ႕တက္ေရာက္သူသည္ ႏွစ္စဥ္အနည္းဆံုး (၁၀၀) ဦးအထက္ရွိေနပါတယ္။

Read More:>>>  ဧၿပီလေက်ာင္းဖြင့္ခ်ိန္အတြက္ေလ်ွာက္ထားႏိုင္မည့္ PSB Academy

သူငယ္တန္းမွ နဝမတန္းအထိ အတန္းအသီးသီးသို႔ ေက်ာင္းေျပာင္းတက္ေရာက္သူရွိၿပီး နဝမတန္းတြင္ ေက်ာင္းေျပာင္းတက္သူအမ်ားဆံုးျဖစ္ေၾကာင္းသိရပါတယ္။

Credit: 7Day News
 

News News News Latest Post Read 1822 times