ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် ဖွင့်လှစ်မည့် Online သင်တန်း (၂) ခု

အခြေခံပညာ အထက်တန်းအဆင့်ပြီးမြောက်ထားသူများ လျှောက်ထားနိုင်သည့် Online Certificate သင်တန်း (၂) ခုကို ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ (၁၄) ရက်နေ့မှ စပြီး (၃) လကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖွင့်လှစ်မည့်သင်တန်း (၂) ခု

  • Water and Sanitation for Occupational Purpose (WSOP)
  • Good Manufacturing Practice (GMP)

သင်တန်းဝင်ခွင့် သတ်မှတ်အရည်အချင်းအရ အနိမ့်ဆုံး ပညာအရည်အချင်း  အခြေခံပညာ အထက်တန်းအဆင့်ပြီးမြောက်သူ (Completion Certificate) ရရှိထားသူများ လျှောက်ထားနိုင်သည်။

သင်တန်းကို လာမည့် စက်တင်ဘာ (၁၅) ရက်နေ့ နံနက် (၁၀) နာရီမှ စပြီး https://chemhrd.yude.edu.mm တွင် ဝင်ရောက်၍  Online Registration ပြုလုပ်ရပါမည်။

လျှောက်လွှာပိတ်ရက်မှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ (၃၀) ရက်နေ့ ဖြစ်သော်လည်း သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် သတ်မှတ်ဦးရေ ပြည့်ပါက Registration ပိတ်သွားမည်ဖြစ်သည်။

Online Registration အောင်မြင်ပြီး သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများကို Email မှ တဆင့် အကြောင်းကြားပေးမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ (၁) ရက်နေ့တွင် သင်တန်းအပ်ရပါမည်။

သင်တန်းအပ်ခြင်းကို ရန်ကုန်မြို့၊ သထုံလမ်းတွင် ရှိသော ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ကျောင်းသားရေးရာဌာနတွင် လူကိုယ်တိုင် ဖြစ်စေ၊ ကိုယ်စားဖြစ်စေ သွားရောက်အပ်နှံနိုင်သည်။

သင်တန်းနှစ်ခုစလုံးကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ (၁၄) ရက်နေ့တွင် အွန်လိုင်းမှတဆင့် စတင် သင်ကြားပို့ချသွားမည်ဖြစ်သည်။

Online Course ဖြစ်သည့်အတွက် အင်တာနက်ရှိရုံဖြင့် အချိန်မရွေး၊ နေရာဒေသမရွေး တက်ရောက်နိုင်ပြီး သင်တန်းပြီးမြောက်သည့်အခါ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဓာတုဗေဒဌာနက “e-Certificate” ကို ချီးမြှင့်မည်ဖြစ်သည်။

သင်တန်းနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို ဖုန်း-၀၉-၈၉၁၇၄၁၃၉၀၊ ၀၉-၄၄၈၀၁၈၅၅၆၊ ၀၉-၇၅၃၂၉၁၄ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်၍ ဖြစ်စေ၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဓာတုဗေဒဌာန၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်သို့ လူကိုယ်တိုင်သွားရောက်၍ ဖြစ်စေ စုံစမ်း မေးမြန်းနိုင်သည်။ 

===============================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News University / College Read 5554 times