လာမယ့် ၂၀၂၅ ပညာသင်နှစ်အတွက် တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ KAIST မှာ ဘွဲ့ကြို၊ ဘွဲ့လွန်တက်ရောက်နိုင်ဖို့ ပညာသင်ဆုတွေ စတင်လျှောက်ထားလို့ရနေပါပြီ။ အင်ဂျင်နီယာ၊ နည်းပညာနဲ့ သိပ္ပံဘာသာရပ်တွေကို စိတ်ဝင်စားတဲ့ ကျောင်းသားတွေအတွက် ၁၀၀% ပညာသင်စရိတ်အပြည့်အ၀ ရရှိမယ့်အပြင် လစဉ်ထောက်ပံ့ကြေးပါ ပေးအပ်မယ့် KAIST Scholarship အကြောင်း အပြည့်အစုံကို မျှဝေပေးသွားပါမယ်။
KAIST ဆိုတာဘာလဲ?
Korea Advanced Institute of Science & Technology (KAIST) ကို ၁၉၇၁ ခုနှစ်တည်းက စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာ့တက္ကသိုလ်အဆင့် (၅၃) နေရာမှာ ရပ်တည်နေပါတယ်။ သိပ္ပံနှင့် အင်ဂျင်နီယာပိုင်းကို ဦးတည်တဲ့ ပထမဆုံး အစိုးရပိုင် သုတေသနကျောင်းလည်း ဖြစ်ပါတယ်။
Daejeon မြို့မှာ တည်ရှိပြီး တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တွေထဲမှာ ပါဝင်တဲ့အပြင် University War မှာလည်း KAIST ကျောင်းသားတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အတွက် မြန်မာကျောင်းသားတွေကြား ရေပန်းစားပါတယ်။
KAIST Scholarship
ဒီပညာသင်ဆုကတော့ တက္ကသိုလ်ကနေ တိုက်ရိုက်ပေးတာဖြစ်တဲ့အတွက် ပညာသင်ဆုအတွက် သီးသန့်လျှောက်စရာ မလိုအပ်ပါဘူး။ အောက်မှာဖော်ပြထားတဲ့ ဘာသာရပ်တွေထဲက ကိုယ်တက်ရောက်ချင်တဲ့ဘာသာရပ်ကို ရွေးချယ်ပြီး တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရုံပါပဲ။
တက္ကသိုလ်ဝင်ခွင့်လျှောက်ထားတဲ့အခါမှာ ပညာသင်ဆု လျှောက်ချင်သူတွေက လျှောက်လွှာမှာပါတဲ့ Financial Resources မှာ အချက်အလက်တွေ ဖြည့်ပေးလိုက်ရင် ပညာသင်ဆုအတွက် အကျုံးဝင်သွားပြီဖြစ်ပါတယ်။
လျှောက်ထားနိုင်တဲ့ ပရိုဂရမ်များ
College of Natural Sciences
College of Life Science & Bio-engineering
College of Business
အသေးစိတ်ကြည့်ရှုရန် >> https://www.kaist
ပညာသင်ဆုကာလ
ဘွဲ့ကြိုအတွက် (၄) နှစ်
မာစတာတန်းအတွက် (၂) နှစ်
ပါရဂူတန်းအတွက် (၄) နှစ်
လျှောက်ထားနိုင်တဲ့ အရည်အချင်းသတ်မှတ်ချက်
- ဘွဲ့ကြိုအတွက် အထက်တန်းအောင်ပြီးသူ (သို့) ဖော်ပြပါ သတ်မှတ်ရက်မတိုင်ခင်မှာ အထက်တန်းအောင်မယ့်သူဖြစ်ရပါမယ်။
(For Spring Semester, 2025 (EARLY only), candidates who have graduated or will graduate from their high school by February 28th, 2025
For Fall Semester, 2025, candidates who have graduated or will graduate from their high school by August 31st, 2025.)
- ဘွဲ့လွန်ပရိုဂရမ်တွေအတွက် ဘွဲ့တစ်ခုခုရရှိပြီးထားသူဖြစ်ရပါမယ်။
- အင်္ဂလိပ်ဘာသာစကား တတ်ကျွမ်းမှု ရှိရပါမယ်။ (ကိုရီးယားဘာသာစကားတတ်ကျွမ်းမှုမရှိလည်း လျှောက်ထားနိုင်ပါတယ်)
ပညာသင်ဆုမှာ ပေးအပ်မယ့် အကျိုးခံစားခွင့်
- သင်တန်းကာလတစ်လျှောက်လုံးအတွက် ကျူရှင်စရိတ်
- လစဉ်ကြေး 350,000 KRW (ဘွဲ့ကြို)
- လစဉ်ကြေး 350,000 - 400,000 KRW (ဘွဲ့လွန်)
- ကျန်းမာရေးအာမခံကြေး
ပညာသင်ဆုအတွက် ရွေးချယ်ခံရတဲ့ ကျောင်းသားတွေဟာ KAIST မှာ ကျောင်းတက်နေစဉ်တစ်လျှောက်လုံး အနည်းဆုံး GPA အမှတ် 2.7 ကျော် ရရှိဖို့ လိုအပ်ပါတယ်။
လိုအပ်တဲ့ စာရွက်စာတမ်းများ
- Online Application Form
- Recommendation letter
- High school transcript/University transcript
- Standardized Test Score Reports (SAT, AP, IB, GCE A-Level, ACT, or Other university entrance exam results)
- English proficiency test score (TOEFL, TEPS, IELTS, TOEIC)
- Statement of Financial Resources
- Honors and Awards (Optional)
- Personal Statement
- National ID
- Passport
လျှောက်ထားရမယ့်ပုံစံ
လောလောဆယ်မှာ ဘွဲ့ကြိုပရိုဂရမ်တွေအတွက်ပဲ လျှောက်လွှာဖွင့်သေးတာဖြစ်တဲ့အတွက် လျှောက်လွှာကြေး (80,000 KRW) ပေးပြီး အောက်ကလင်ခ့်မှာ လျှောက်ထားနိုင်ပါတယ်။ လျှောက်လွှာမှာ အထက် ဖော်ပြပါ စာရွက်စာတမ်းတွေကို စကန်ဖတ်ပြီး တင်ပြရပါမယ်။ တင်ပြထားတဲ့ စာရွက်စာတမ်းတွေဟာ ကျောင်းအုပ်ကြီး (သို့) အဖွဲ့အစည်းရဲ့ အကြီးအကဲ/ဒါရိုက်တာမှ ထောက်ခံထားပြီး တရားဝင်ဖြစ်ရပါမယ်။
>> https://apply.kaist.ac.kr/InterApply
ဘွဲ့ကြိုအတွက် Deadline
ဘွဲ့လွန်အတွက် Deadline
ဘွဲ့လွန်လျှောက်ရာမှာ Spring Entry အတွက် ရက်ကျော်သွားပြီဖြစ်ပေမဲ့ ဒုတိယအကြိမ် 2025 Fall Entry အတွက် အခုတည်းက လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်ထားလို့ရပါပြီ။
KAIST University ဝက်ဘ်ဆိုက်ဒ် >> https://www.kaist
---------------------------------------------------
VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။
Join our Telegram Channel