Sales Hotline : 09448001653       Download App



ဆရာသွင်ဦးညီရဲ့ ပညာဒါန IELTS Online Class များ

IELTS ကို အိမ်မှာနေရင်း အားတဲ့အချိန်လေး Self-study လုပ်ချင်သူတွေအတွက် အဆင်ပြေစေမယ့် ဆရာသွင်ဦးညီရဲ့ ပညာဒါန Online Class တွေအကြောင်း မျှဝေပေးချင်ပါတယ်။ ဆရာသွင်ဦးညီသည် IELTS Overall Band Score 8.0 ရရှိထားသူဖြစ်ပြီး Purple Words IELTS သင်တန်းနာမည်နဲ့ IELTS တစ်မျိုးတည်းကို သင်ကြားပေးနေတာ အခုဆို ၅ နှစ်လောက် ရှိပါပြီ။ 

 

ဆရာက စေတနာများစွာနဲ့ ပညာဒါနအတန်း ၅ မျိုး လုပ်ပေးထားပါတယ်။ 

(1) Cambridge Speaking book 9,10,11

(2) Cambridge Speaking book 12,13,14

(3) Essential English Grammar

(4) IELTS Idea Generation and FAQs Live

(5) Personal Development

ဆရာရဲ့ ပညာဒါနအတန်းတွေက Recorded Video တွေဖြစ်ပြီး  အောက်မှာ ဖော်ပြပေးမယ့် Facebook Group လင့်ခ်တွေထဲ ဝင်ပြီး Join လိုက်ရုံပါပဲ။

 

(1) Cambridge Speaking book 9,10,11

>> https://www.facebook.com/groups/1251799651674089/

 

(2) Cambridge Speaking Book 12,13,14

>> https://www.facebook.com/groups/608255873327585/

 

ဆရာက အပေါ်က Group နှစ်ခုစလုံးမှာ တနင်္လာနေ့ကနေ ကြသပတေးနေ့အထိ (၄) ရက်ကို သက်ဆိုင်ရာ စာအုပ်ရဲ့ IELTS မေးခွန်းဟောင်းတွေကို ဖြေပြထားတဲ့ Video လေးတွေ တင်ပေးပါတယ်။ Record Video လေးတွေ ဖြစ်တဲ့အတွက် အေးအေးဆေးဆေး လိုက်ပြီး လိုက်ကျင့်လို့ ရပါတယ်။  

 

(3) Essential English Grammar

>> https://www.facebook.com/groups/989349878080175/

Grammar လေ့လာလိုသူတွေအတွက် သိသင့်သိထိုက်တာလေးတွေ စုပေးထားတာပါ။ ဒီ Group မှာလည်း တနင်္လာနေ့ကနေ ကြသပတေးနေ့အထိ Grammar နဲ့ ပတ်သက်တဲ့ Video လေးတွေ ပုံမှန်တင်ပေးပါတယ်။ 

 

(4) IELTS Idea Generation Live Session

>> https://www.facebook.com/profile.php?id=100064687449473

ဆရာက Purple Words IELTS Page မှာပဲ အပတ်စဉ် စနေနဲ့ တနင်္ဂနွေနေ့မှာ Live အစီအစဉ် လုပ်ပေးမှာပါ။ Live မှာ IELTS Speaking နဲ့ Writing မှာ သိထားသင့်တဲ့ Topic ခေါင်းစဉ်လေးတွေကို ပြောပြသွားမှာဖြစ်ပြီး IELTS နဲ့ပတ်သက်တဲ့ မေးလေ့မေးထများတဲ့ Question လေးတွေကို ဖြေပေးသွားမှာပါ။

 

(5) Personal Development

>> https://www.facebook.com/groups/628583631292943/ 

ဒီ Group ထဲမှာတော့ Personal Development နဲ့သက်ဆိုင်တဲ့ မှတ်သားစရာလေးတွေကို ဆရာက Sharing လုပ်ပေးသွားမှာပါ။ IELTS နဲ့တိုက်ရိုက် မဆက်စပ်ပေမဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုအတွက် စိတ်ဝင်စားတယ်ဆိုရင် Join ထားသင့်ပါတယ်။

Source - Purple Words IELTS 

Knowledge Latest Post Read 824 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176