မြန်မာကျောင်းသား/လူငယ်တွေအတွက် EMPM ‌Batch-5 ကို စတင် လျှောက်ထားနိုင်ပါပြီ

မြန်မာကျောင်းသားလူငယ်တွေအတွက် ပညာသင်ဆုနဲ့ လစာရ အလုပ်သင်အခွင့်အလမ်းတွေကို ပေးအပ်သွားမယ့် European Union Mobility Programme for Myanmar (EMPM) Batch-5 ကို စတင် လျှောက်ထားနိုင်ပါပြီ။  

လျှောက်ထားနိုင်မယ့်ပရိုဂရမ်များ

  • Virtual Global Opportunities (MicroCredentials) 
  • Virtual Global Opportunities (Internships)
  • Physical Internship in Yangon

Virtual Program ဖြစ်တဲ့အတွက် ပညာသင်ဆုရရင် အွန်လိုင်းကနေပဲ တက်ရောက်ရမှာဖြစ်လို့ နိုင်ငံခြားထွက်ဖို့ အခက်အခဲဖြစ်နေသူတွေအတွက်လည်း အဆင်ပြေမှာပါ။

အွန်လိုင်းက အလုပ်သင်ဆင်းရတာကို သဘောကျရင် Virtual Global Opportunities (Internships) ကို လျှောက်ထားပါ။ ရန်ကုန်မြို့မှာ အလုပ်သင်ဆင်းချင်တယ်ဆိုရင်တော့ Physical Internship in Yangon ကို လျှောက်ရမှာပါ။ 

1.  Virtual Global Opportunities (MicroCredentials)

ASEAN နဲ့ EU နိုင်ငံတွေထဲက EMPM နဲ့ချိတ်ဆက်ထားတဲ့ တက္ကသိုလ်တွေ၊ ကျောင်းတွေမှာ ကာလတိုသင်တန်းလေးတွေ တက်ရောက်နိုင်မယ့် အခွင့်အရေးပါ။ ချိတ်ဆက်ထားတဲ့ နိုင်ငံတွေနဲ့ လျှောက်ထားနိုင်တဲ့ သင်တန်းတွေကို အောက်ကလင့်ခ်မှာ အသေးစိတ် ကြည့်ရှုနိုင်ပါတယ်။

>> https://empm.education/virtual-global-opportunities-microcredentials/

သင်တန်းကာလ - (၁၅) ပတ်

ထောက်ပံ့ကြေး - EUR 300

2. Virtual Global Opportunities (Internships)

ASEAN နဲ့ EU နိုင်ငံတွေထဲက EMPM နဲ့ချိတ်ဆက်ထားတဲ့ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေမှာ အလုပ်သင်ဆင်းရမယ့် အခွင့်အရေးပါ။ ချိတ်ဆက်ထားတဲ့နိုင်ငံတွေနဲ့ လျှောက်ထားနိုင်တဲ့ အလုပ်တွေကို အောက်ကလင့်ခ်မှာ အသေးစိတ် ကြည့်ရှုနိုင်ပါတယ်။

>> https://empm.education/virtual-global-opportunities-internships/

အလုပ်သင်ကာလ - (၁၅) ပတ်

ထောက်ပံ့ကြေး - EUR 300

3. Global Opportunities (Physical Internship in Yangon)

ရန်ကုန်မြို့ထဲက EMPM နဲ့ ချိတ်ဆက်ထားတဲ့ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေမှာ အလုပ်သင်ဆင်းရမယ့် အခွင့်အရေးပါ။ ချိတ်ဆက်ထားတဲ့ လုပ်ငန်းတွေနဲ့ လျှောက်ထားနိုင်တဲ့ အလုပ်တွေကို အောက်ကလင့်ခ်မှာ အသေးစိတ် ကြည့်ရှုနိုင်ပါတယ်။

>> https://empm.education/category/physical-global-opportunities-internship-in-yangon

အလုပ်သင်ကာလ - (၆) လ

ထောက်ပံ့ကြေး - EUR 426

သတ်မှတ်အရည်အချင်း

  • မြန်မာနိုင်ငံသားဖြစ်ရပါမယ်။
  • ဘွဲ့ရပြီးသူဖြစ်ရပါမယ်။
  • တခြားဘယ်ပညာသင်ဆုမှ မရရှိဖူးသူဖြစ်ရပါမယ်။
  • အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်ရပါမယ်။

အကျိုးခံစားခွင့်

Virtual Global Opportunities: Micro-Credentials and Internships

  • Book/study Materials allowance
  • Internet Data Allowance
  • Waived tuition fees


Global Opportunity: Physical Internship in Yangon

  • Allowance
  • Health Insurance

လိုအပ်တဲ့ စာရွက်စာတမ်းများ

  • တက္ကသိုလ် (သို့) အလုပ်ဘက်က လက်ခံစာ
  • ကိုယ်ရေးအကျဉ်း CV (https://europa.eu/europass/eportfolio/screen/cv-editor)
  • (၆) လအတွင်း ရိုက်ကူးထားတဲ့ ဓာတ်ပုံ
  • အိမ်ထောင်စုစာရင်း
  • မှတ်ပုံတင်
  • ပတ်စ်ပို့

လျှောက်ထားရမယ့်ပုံစံ

  • သက်ဆိုင်ရာ သင်တန်း (သို့) အလုပ်ကို ဦးစွာပထမ လျှောက်ထားရပါမယ်။
  • ကိုယ်လျှောက်ထားတဲ့ တက္ကသိုလ် (သို့) အဖွဲ့အစည်းမှ Offer Letter ရရှိပြီးရင် အောက်ကလင့်ခ်ကနေတဆင့် EMPM ပညာသင်ဆုကို လျှောက်လို့ရပါပြီ။ (https://empm.education/online-application-empm/)
  • EMPM လျှောက်နေတဲ့အချိန်ထိ Offer Letter မရရှိသေးဘူးဆိုရင်တော့ ကိုယ်လျှောက်ထားတဲ့ တက္ကသိုလ် (သို့) အဖွဲ့အစည်းဘက်က သင့်လျှောက်လွှာကို စစ်ဆေးနေကြောင်း ထောက်ခံစာပြပြီး လျှောက်ထားလို့ ရပါတယ်။

နောက်ဆုံးလျှောက်ထားရမယ့်ရက်

  • နိုဝင်ဘာလ (၇) ရက်၊ ၂၀၂၅ ခုနှစ်

EMPM ပညာသင်ဆုကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့အထိ လျှောက်ထားနိုင်မှာဖြစ်ပြီး တစ်စုံတစ်ရာ မေးမြန်းစုံစမ်းလိုပါက [email protected][email protected] နဲ့ [email protected] တို့ကို အီးမေးလ်ပေးပို့ ဆက်သွယ်နိုင်ပါတယ်။ 

အသေးစိတ်အချက်အလက် ဖတ်ရှုရန်

>> https://empm.education/online-application/

============================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

International Latest Post Local Read 4790 times