ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ECCD ဒီပလိုမာသင်တန်း ဖွင့်လှစ်မည်

ရန်ကုန်ပညာရေးတက္ကသိုလ်တွင် Early Childhood Care and Development (ECCD) ဒီပလိုမာသင်တန်းကို ဩဂုတ်လ (၇) ရက်နေ့မှ စတင်ပြီး (၁၀) လကြာ ဖွင့်လှစ်သွားမည်ဖြစ်သည်။

သင်တန်းအမည်

Diploma in Early Childhood Care and Development (ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာ) သင်တန်း

သင်တန်းစတင်ဖွင့်လှစ်မည့်ရက်

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၇) ရက်

သင်တန်းအချိန်

တနင်္လာနေ့မှ ကြာသပတေးနေ့ထိ ညနေ (၄) နာရီမှ (၆) နာရီထိ၊ သောကြာနေ့ ညနေ (၄) နာရီမှ (၅) နာရီထိ တစ်ပတ် (၅) ရက် 

သင်တန်းနေရာ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းမကြီးဘေး စိုက်ပျိုးရေးမှတ်တိုင်အနီး၊ ရန်ကုန်ပညာရေးတက္ကသိုလ်

သင်တန်းကာလ

(၁၀) လ

သင်တန်းကြေး

(၄) သိန်းကျပ်

သတ်မှတ်အရည်အချင်း

  • တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခု ရရှိပြီးသူ ဖြစ်ရမည်။ 
  • အသက်အရွယ် ကန့်သတ်ချက် မရှိပါ။ 
  • ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ECCD Center များနှင့် မူကြိုကျောင်းသို့ သွားရောက်၍ လက်တွေ့ ကွင်းဆင်းနိုင်သူဖြစ်ရမည်။  

ရရှိမည့်ဘွဲ့လက်မှတ်

Diploma in Early Childhood Care and Development (Dip ECCD) 

လျှောက်ထားခြင်း

သင်တန်းလျှောက်လွှာကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့မှ ဇူလိုင်လ (၂၅) ရက်နေ့အထိ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ထုတ်ယူလျှောက်ထားနိုင်သည်။ ဝင်ခွင့်အတွက် ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲများကို ရန်ကုန်ပညာရေးတက္ကသိုလ်တွင် သတ်မှတ်ရက်အတိုင်း ဖြေဆိုရပါမည်။ 

၀င်ခွင့်စာမေးပွဲ

ရေးဖြေစာမေးပွဲကို ဇူလိုင်လ (၃၀) ရက်နေ့၊ ဗုဒ္ဓဟူးနေ့တွင် နံနက် (၉) နာရီမှ (၁၁) နာရီအထိ ကလေးစိတ်ပညာနှင့် ပတ်သက်သော ဗဟုသုတ ကျွမ်းကျင်မှုတို့ကို ဖြေဆိုရပါမည်။ လူတွေ့စာမေးပွဲကို ဩဂုတ်လ (၄) ရက်နေ့၊ တနင်္လာနေ့တွင် နံနက် (၈) နာရီမှ စတင် စစ်ဆေးပါမည်။ 

========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News University / College Read 8626 times