Sales Hotline : 09448001653       Download App



အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၃၀) ရေးဆွဲရေးအတွက် ကျောင်းသားမိဘများနှင့် ညှိနှိုင်းဆွေးနွေး

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan-NESP 2021-2030) ရေးဆွဲရေးအတွက် ကျောင်းသားမိဘများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉:၀၀ နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၁) မှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

Image may contain: 14 people

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပညာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးပြည်နယ်အသီးသီးရှိ ကျောင်းသားမိဘများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ အွန်လိုင်းဖြင့် ပါဝင်ဆွေးနွေးကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ ၂၁ရာစု ကမ္ဘာကြီးတွင် အလိုအလျှောက် နည်းပညာ (Automation Technology)၊ Artificial Intelligence၊ Robotics ၊ Cloud Computing ၊Big Data ၊ Internet of Things စသည့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်နေပါကြောင်း၊ နည်းပညာများ ဖွံ့ဖြိုးတိုးတက်သည့်အတွက် လုပ်သားဈေးကွက်ပြောင်းလဲပြီး အလုပ်အကိုင်အခွင့်အလမ်းကောင်း ကောင်းရရန် ပြိုင်ဆိုင်မှုပြင်းထန်ပါကြောင်း၊ ပြိုင်ဆိုင်မှုပြင်းထန်သည့်အတွက် ရိုးရိုးကျွမ်းကျင်မှု (Skills) နဲ့မရတော့ဘဲ အဆင့်မြင့်ကျွမ်းကျင်မှု (High Level Skills) များက အရေးပါလာပါကြောင်း၊ ကမ္ဘာကြီး တွင်လည်း ရာသီဥတုပြောင်းလဲလာပြီး သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းမှုအတွက် အရေးကြီးလာပါ ကြောင်း၊ အလုပ်အကိုင်နဲ့ လိုက်လျောညီထွေဖြစ်သည့် ကျွမ်းကျင်မှုများကို ပြင်ဆင်ထားရမည်ဖြစ်ပါ ကြောင်း၊ ယနေ့ ၂၁ ရာစု Digital Age တွင် အနာဂတ်အလုပ်အကိုင်ကောင်းရရန်အတွက် ကျောင်းသား လူငယ်များကို ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှု (IQ) နှင့် စိတ်ရင့်ကျက်တည်ငြိမ်မှု၊ တစ်ပါးသူကို စာနာပေးနိုင်မှု (EQ) စသည့် ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များရရှိအောင် စုပေါင်းအားနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

Image may contain: 2 people, indoor

လူနည်းစုကသာ ဆုံးဖြတ်ခြင်း၊ ဆရာများကသာ ကျောင်းသားများကို သင်ကြားခြင်း၊ ကျောင်းသားများက သင်ကြားပို့ချသည်ကို အလွတ်ကျက်မှတ်ခြင်း၊ ဆရာများကသင်ကြား၍ ကျောင်းအုပ်များက စီမံခန့်ခွဲခြင်း၊ သင်ရိုးညွှန်းတမ်းများ တစ်သမတ်တည်း စံသတ်မှတ်ထားခြင်း၊ ကျောင်းသားများကို စံသတ်မှတ်ထားသည့် စာမေးပွဲများဖြင့် စစ်ဆေးအကဲဖြတ်ခြင်းနှင့် စာမေးပွဲရလဒ် ကိုသာ ဦးစားပေးခြင်းတို့သည် ရှေးထုံးစဉ်လာပညာရေး (Traditional Education System) ဖြစ်ပါ ကြောင်း။

ကိုဗစ်မဖြစ်ခင်အထိ New Normal Education System တွင် New Normal သည် Eco normal အစိတ်အပိုင်းတစ်ခုဖြစ်လာပါကြောင်း၊ သက်ဆိုင်သူများအားလုံးက ပူးပေါင်းပါဝင်ပြီး မိမိတို့ ကလေးငယ် များ၊ ကျောင်းသားကျောင်းသူများ၊ ပြည်သူများအားလုံးအတွက် စုပေါင်းအင်အားဖြင့် တာဝန်ယူပြီး ဆုံးဖြတ်အကောင်အထည်ဖော်ရန်၊ ကျောင်းသားများကလည်း ဆန္ဒပြင်းပြစွာ တည်တည်ငြိမ်ငြိမ် နက်နက်နဲနဲ ကျယ်ကျယ်ပြန့်ပြန့် ကြိုးစားပြီး သင်ယူကြရန် အရေးကြီးပါကြောင်း၊ သင်ယူရာတွင် ကျန်းမာလုံခြုံသော သင်ယူမှုဝန်းကျင်ကောင်း ဖြစ်ရန်လိုပါကြောင်း၊ ကျောင်းသားများ၏ အနာဂတ် သုခချမ်းသာတို့ကို တန်ဖိုးထားသလို ၂၁ ရာစု ကျွမ်းကျင်မှုများနှင့် စွမ်းဆောင်ရည်များကိုလည်း တန်ဖိုးထားရမည်ဖြစ်ပါကြောင်း၊ ကျောင်းသားများ၏ မတူညီသော နောက်ခံအခြေအနေ၊ သင်ယူမှု နယ်ပယ် မတူကွဲပြားခြားနားမှုများကိုလည်း အသိအမှတ်ပြုရန် လိုအပ်ပါကြောင်း။

Image may contain: 6 people, text that says 'Recording entered the waiting room View UKO iD DBE ayeayephaw thand... Daw Thida WunDw. % Soe Naing (ကွင်းမာ... DBE-U Maung Nyo... ayemarlin125 in(T... Daw Than LL Soe Tachileik BHS San... Aung Min Myint Than jK... (Par... Hinthada TEO Daw han Tha TPG Banmauk TEO (TEO)Loikaw,Kayah Student's parent(M. Budalin- Budalin-DawNi minkinTEO phyapont ThaNetPin TEO Than Maw ha... Saw Kaniteo Office ENG'

ယခု ကိုဗစ်ဖြစ်လာ သည့်အခါ Technologyကို အသုံးပြုပြီး သင်ယူမှုနယ်ပယ်ကို ဖန်တီးပေးရမည်ဖြစ်သကဲ့သို့ စာသင်ခန်းတွင်းသင်ကြားသင်ယူခြင်း (Face-to-Face Teaching Learning) သည် ကျောင်းသား ကျောင်းသူ၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်ကို အမြင့်ဆုံးရရှိနိုင်ရန် ယနေ့အချိန်ထိ အစားထိုးလို့ မရနိုင်သေးပါကြောင်း၊ သို့ဖြစ်၍ High-Tech Learning နှင့် High-Touch Learning နှစ်ခုတို့ကို ပေါင်းစပ်အသုံးပြုသည့် Blended Learning ကလည်း အရေးကြီးလာပါကြောင်း၊ ကွဲပြားခြားနားသော ရည်ရွယ်ချက်များအတွက် ပေါင်းစပ်သင်ယူမှုကလည်း တစ်သမတ်တည်းမဟုတ်သလို မတူညီသော အကဲဖြတ်ခြင်းနည်းလမ်းအမျိုးမျိုးကို အသုံးပြုရန်လည်း အရေးပါလာပါကြောင်း၊ အရည်အသွေး အာမခံမှုနှင့် တာဝန်ယူမှုရှိစေရေးအတွက် သုံးသပ်အကဲဖြတ်ခြင်း (Evaluation) များ အရေးကြီးသလို အရည်အသွေးရှိသည့်ပညာရေးကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ရန်အတွက် တိုင်းရင်းသား ပြည်သူတွေအားလုံး၏ အကြုံပြုဝေဖန်ချက်ပေးမှုကို အားပေး၍ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်းသည်ပင် Traditional Education System နှင့် New Normal Education System ၏ ကွာခြားချက်များဖြစ်ပါကြောင်း။

Image may contain: 11 people

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) တွင် ပြည်သူကိုကတိပြုထားသည့် ဦးစားပေးလုပ်ငန်း ၁၂ ရပ်ဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ အခြေခံပညာ မူဝါဒအနေဖြင့် မည်သည့်ခွဲခြားမှုမျှမရှိရေး၊ မည်သူတစ်ဦးတစ်ယောက်မှမကျန်ရှိရေး၊ ကျောင်းထွက်သူ မရှိရေးတို့ဖြစ်ပါကြောင်း၊ ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာများတွင် အဆင်းရဲဆုံးသူများသည် ကျောင်းလုံးဝ မနေသူများဖြစ်ကြောင်း။

Image may contain: 1 person, text that says 'Recording BASIC View Counsello Parliament MOE offices ementing region state township Head teachers, Parent Teacher Associations INTERNATIO IZATION 1 ACCESS PARTNERSHIP ayemarlin 3 TEACHINGAND LEARNING lin(TEO. Student CURRICULUM MANAGEMENT AND QUALITY ASSURANCE Aunglan Township ASSESSMENT ... " ayeayephaw thandau.. Unmute FINANCE National sub-national Soe Naing Participants Chat ShareScreen Record Leave'

ဒုတိယအဆင်းရဲဆုံးသူများသည် မူလတန်းနှင့် ကျောင်းထွက်ခဲ့သူများဖြစ် ကြောင်း၊ တတိယအဆင်းရဲဆုံးသူများသည် အလယ်တန်းနှင့် ကျောင်းထွက်ခဲ့သူများဖြစ်ပါကြောင်း ဖော်ပြထားပါကြောင်း၊ ထို့ကြောင့် ဆင်းရဲမှုကလွတ်မြောက်ရန်အတွက် ကျောင်းသားကျောင်းသူတိုင်း လူတိုင်းသည် အခြေခံပညာအထက်တန်း ပြီးမြောက်ရန်လိုပါကြောင်း၊ ကျွမ်းကျင်မှုရအောင် အသက်မွေး ဝမ်းကျောင်းသင်တန်းများလိုပါကြောင်း၊ တစ်သက်တာသင်ယူမှုအခွင့်အလမ်းများနှင့် တက္ကသိုလ်ပညာ များကို ဆက်လက်သင်ယူပြီး စဉ်ဆက်မပြတ် အတတ်ပညာစွမ်းရည်တိုးတက်ရေး (Continuous Professional Development) အခွင့်အရေးများရရန် အရေးကြီးပါကြောင်း။

Image may contain: text that says 'Pillar 1: Acces people oom View Strategy Options Components) Enabling Universal Access Basic Education Free, Equitable and Inclu Component ayemarlin125 lin(TEO. Component 4 Developing and implementing an inclusive and equit education policy and Programmes including Mona Basic Education Support Programme, Alterna Education, Special Education Programme Revitalizing the school library system in BE in orde enhance Reading Programs, including Reading Boxes for schools no library Promoting education learners through school-based programmes aimin improve health and nutrition of school age children Aunglan Township access to Component 5 and ayeayephaw thandau.. SartVid investment Security Participants Naing creen Record Leave'

ပညာရေးဝန်ကြီးဌာန၏ မျှော်မှန်းရလဒ်အနေဖြင့် ကျောင်းသားကျောင်းသူများအား လူသားကောင်းများဖြစ်လာရေး၊ ပူးပေါင်းဆောင်ရွက်တတ်သူများဖြစ်လာရေး၊ တာဝန်ယူတာဝန်ခံပြီး တာဝန်ကျေပွန်စွာ ဆောင်ရွက်တတ်သူများဖြစ်လာရေး၊ အကောင်းဆုံးလုပ်ဆောင်တတ်သည့် ဆန်းသစ် တီထွင်ဖန်တီးသူများဖြစ်လာမှသာ အလုပ်ကိုင်ကောင်းကောင်းလုပ်နိုင်မည်ဖြစ်ကြောင်း၊ တစ်ဦးနှင့် တစ်ဦး ကူညီတတ်သည့် လူသားကောင်းများဖြစ်ရန် အရေးကြီးပါကြောင်း၊ ပူးပေါင်းဆောင်ရွက်တတ် ရန်အရေးကြီးပါကြောင်း၊ ထိုမျှော်မှန်းရလဒ်များ ဖြည့်ဆည်းပေးနိုင်မည့် အရည်အသွေးရှိသော ပညာရေးကို ဦးတည်အကောင်အထည်ဖော်ဆောင်ရွက်နေသည်ကို အလေးအနက် ထားတင်ပြလိုပါ ကြောင်း။

အဓိကအနေဖြင့် ပညာရေးအတွက် ရင်းနှီးမြှုပ်နှံနေခြင်းဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်သည့် အခါတွင် သင်ယူမှုအခွင့်အလမ်းရရှိရေးအတွက် ပြည်ထောင်စုတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်သောကြောင့် တိုင်းရင်းသားဒေသများကို ဦးစားပေး၍ သင်ယူမှုအခွင့်အလမ်းရရှိအောင် ဆောင်ရွက်ပေးနေပါကြောင်း၊ သင်ရိုးညွှန်းတမ်းများမြှင့်တင်၍ အခြေခံပညာ၊ နည်းပညာနှင့် သက်မွေး ပညာရေး၊ အဆင့်မြင့်ပညာ တက္ကသိုလ်သင်ရိုးညွှန်းတမ်းများ မြှင့်တင်၍ ဆောင်ရွက်နေပါကြောင်း။

ဆရာဆရာမများအား သင်ကြားသင်ယူမှုနည်းလမ်းများ၊ သင်ထောက်ကူပစ္စည်းများ အသုံးပြု နည်းသင်တန်းများ ပေးခဲ့ပါကြောင်း၊ နည်းပညာများ၊ ကွန်ပျူတာများကို အခြေခံအထက်တန်း ကျောင်းများတွင် ဖြည့်ဆည်းပေးနေပါကြောင်း၊ လိုအပ်နေသည့် စာသင်ခန်းများ၊ စာကြည့်တိုက်များ၊ သောက်ရေသုံးရေများ၊ သန့်စင်ခန်းများနှင့် အားကစားကွင်းများ ဖြည့်ဆည်းပေးခဲ့ပါကြောင်း၊ မိဘများ၏ အကြံဉာဏ်များနှင့်အတူ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်း၍ တိုင်းရင်းသားဒေသများကို ဦးစားပေးလျက် လိုအပ်ချက်ရှိသောနေရာများတွင် ဆက်လက် ဖြည့်ဆည်းပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

အရည်အသွေးရှိသော ပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဆရာဆရာမများ ခန့်ထားခြင်း၊ ပြောင်းရွေ့ခြင်း၊ သတ်မှတ်အရည်အချင်းကိုက်ညီသူများကို ရာထူးတိုးပြောင်း အခွင့်အလမ်းမူဝါဒများ သတ်မှတ်ချက်များနှင့်အညီ ရာထူးတိုးမြှင့်ပေးခြင်းများ ဆောင်ရွက်ပေးနေ ပါကြောင်း၊ အရည်အသွေးရှိသော ပညာရေးတွင် ဆရာဆရာမ၏ အရည်အချင်းက အဓိကဖြစ်သည့် အတွက် ၂ နှစ်သင် ပညာရေးကောလိပ်များကို ၄ နှစ်သင် ပညာရေးဒီဂရီကောလိပ်များအဖြစ် အဆင့်မြှင့် တင်ပေးခဲ့ပါကြောင်း၊ သုတေသနလုပ်ငန်းသည် တက္ကသိုလ်၏အသက်ဖြစ်ပါကြောင်း၊ သုတေသန ဆောင်ရွက်ခြင်း၊ သုတေသနစာတမ်းဖတ်ခြင်း၊ သုတေသနဂျာနယ်များတွင် စာတမ်းရေးသားခြင်း စသော သုတေသနစွမ်းဆောင်ရည်မြှင့်တင်မှုများကိုလည်း အားပေးလျက်ရှိပါကြောင်း။

ယခုအခါ အခြေခံပညာအထက်တန်းကျောင်းများ၊ နည်းပညာနှင့် သက်မွေးပညာကျောင်းများ၊ တက္ကသိုလ်များတွင် WIFI ၊Website များ ဆောင်ရွက်ပေးနေပါကြောင်း၊ စာကြည့်တိုက်များတွင်လည်း e-library Facility များ ဖန်တီးပေးရန်လိုပါကြောင်း၊ သင်ယူမှုဝန်းကျင်သည် လုံခြုံရန်၊ ဘေးကင်းရန်နှင့် ကျန်းမာရန်လိုအပ်ပါကြောင်း၊ အရည်အသွေး ရှိသော သင်ယူမှုဝန်းကျင်ကောင်းဖြစ်ရန်အတွက် အရေးကြီးပါကြောင်း၊ နည်းပညာသင်ကြားရေးနှင့် လေ့ကျင့်ရေးများတွင်လည်း ပုံမှန်သင်တန်းများအပြင် ဒေသအကျိုးပြု ကာလတိုသက်မွေးသင်တန်း များကိုလည်း ဆောင်ရွက်ပေးနေပါကြောင်း၊ Myanmar Digital Education Platform (MDEP)တွင် Learning Management System များဖြင့် အခြေခံပညာရေးနှင့် နည်းပညာနှင့် သက်မွေးပညာရေးများ တွင် အခမဲ့သင်ယူနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

South-East Asia Primary Learning Matrix (SEA PLM) ကို အာဆီယံ (၆)နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ မလေးရှား၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့က ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယူနီဆက်၊ ဆီမီယိုနှင့် ဩစတြေးလျတို့ ပူးပေါင်းပြီး ဆောင်ရွက်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံသည် ပထမဆုံးဆောင်ရွက်သောနိုင်ငံဖြစ်ပါကြောင်း၊ SEA-PLM အစီရင်ခံစာအရမြန်မာနိုင်ငံ Grade 5 ကျောင်းသား ကျောင်းသူများသည် တခြားသော ၃ နိုင်ငံထက် စာဖတ်ခြင်း၊ ရေးသားခြင်းနှင့် သင်္ချာတွင် ပျမ်းမျှထက်သာလွန်နေသည်ကို တွေ့ရပါကြောင်း၊ အရေးအဖတ်၊ သင်္ချာ၊ Global Citizenship စွမ်းရည်တွေ အားကောင်းသည်ကို တွေ့ရသဖြင့် ဝမ်းသာပါကြောင်း။

ဆရာဆရာမများ အားလုံးကို ကျေးဇူးတင်ပါကြောင်း၊ အားနည်းချက်အနေဖြင့် ကလေးများ၏ Positive Attitude အမြင်များ မြှင့်တင်ပေးရန် လိုအပ်နေသေးပါကြောင်း၊ ကျောင်းသားမိဘများ၊ မိဘဆရာအသင်း၊ ဆရာဆရာမများ၊ ကျောင်းအုပ်များနှင့်တာဝန်ရှိသူများပူးပေါင်း၍ ရင်သွေးငယ်များ၏ သင်ယူတတ်မြောက်မှု အရည်အသွေး ကောင်းမွန်လာရေး ပူးပေါင်းဆောင်ရွက်မှု အားနည်းနေကြောင်းကို အစီရင်ခံစာတွင် ဖော်ပြထား ပါကြောင်း၊ မိဘများ၏ပူးပေါင်းပါဝင်မှု စုပေါင်းအင်အားဖြင့် အရည်အသွေးရှိသော ပညာရေးကို ဦးတည်ကြိုးပမ်းအကောင်အထည်ဖော်ရန် အရေးကြီးပါကြောင်း စသည်သဖြင့် အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အခြေခံပညာဦးစီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များက အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲခြင်းလုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍ အလိုက် ရှင်းလင်းဆွေးနွေးကြပါသည်။

ယင်းနောက် တက်ရောက်လာသူများက အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲရေးနှင့်စပ်လျဉ်း၍လည်းကောင်း၊ သိရှိလိုသည်များကိုလည်းကောင်း ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။

By Myanmar Education Guide - EDGE

Latest Post News Read 8287 times