Sales Hotline : 09448001653       Download App



ဆေးတက္ကသိုလ် (၁) ရန်ကုန်တွင် Certificate Course on Child and Adolescent Psychiatry သင်တန်း

** Unicode **

ဆေးတက္ကသိုလ် (၁) ရန်ကုန်တွင် ဖွင့်လှစ်သင်ကြားမည့် Certificate Course on Child and Adolescent Psychiatry သင်တန်းသို့ အောက်ဖော်ပြပါ အရည်အချင်းနှင့်ပြည့်စုံသူ နိုင်ငံ့ဝန်ထမ်းဆရာဝန်များ လျှောက်ထားနိုင်ပါကြောင်း ကြေညာအပ်ပါတယ်။

** လိုအပ်သောအရည်အချင်း **
- လျှောက်ထားသူနှင့် မိဘနှစ်ပါး (၃) ဦးစလုံး မြန်မာနိုင်ငံသားဖြစ်ရပါမည်။
- M.Med.Sc (Psychiatry) (သို့) M.Med.Sc (Mental Health) ဘွဲ့ရရှိပြီးနောက်နိုင်ငံ့တာဝန်(၃) နှစ်ထမ်းဆောင်ပြီးသူဖြစ်ရပါမည်။
- သင်တန်းပြီးဆုံးပါကလည်း နိုင်ငံတော်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင် ဆက်လက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရပါမည်။
- သင်တန်းဝင်ခွင့် ရေးဖြေစာမေးပွဲကို (၄-၂-၂၀၂၀) ရက် (အင်္ဂါနေ့)၊ နံနက် (၉) နာရီမှ (၁၁)နာရီအထိ ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်တွင် ကျင်းပစစ်ဆေးပါမည်။

Read More:>>> နေ့စဉ်နဲ့ အမျှ Computer အသုံးပြုနေရပြီဆိုရင် ဒါမျိုးလေးတွေက ပိုပြီးအသုံးဝင်မယ်ထင်တယ်နော်...

- မေးခွန်းပုံစံမှာ MCQ (Best of Live) အပုဒ် (၃၀) (၁) နာရီနှင့် MCQ (၄) ပုဒ်(၁) နာရီစုစုပေါင်း (၂) နာရီမေးခွန်းလွှာဖြစ်ပါသည်။
- ရေးဖြေစာမေးပွဲ ဖြေဆိုအောင်မြင်သူများအတွက် လူတွေ့နှုတ်ဖြေစာမေးပွဲကို (၇-၂-၂၀၂၀) (သောကြာနေ့) နံနက် (၉) နာရီတွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်တွင် စစ်ဆေးပါမည်။
- လျှောက်လွှာပိတ်ရက်မှာ (၃၀-၁-၂၀၂၀) ရက်ဖြစ်ပါသည်။
- သင်တန်းစတင် ဖွင့်လှစ်မည့်ရက်မှာ (၁၇-၂-၂၀၂၀) ရက် (တနင်္လာနေ့) ဖြစ်ပါသည်။
- သင်တန်းကာလမှာ (၁၇-၂-၂၀၂၀) ရက်မှ (၃၀-၉-၂၀၂၀) ရက်အထိဖြစ်ပါသည်။
(ဆေးတက္ကသိုလ် (၁) ရန်ကုန်)
(www.edge.com.mm)

** Zawgyi **


** လိုအပ်သောအရည်အချင်း **

(www.edge.com.mm)

 

Latest Post News News Read 894 times