သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) မှ ဖွင့်လှစ်မည့် Certificate သင်တန်းများ

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) တွင် အောက်ပါ Certificate သင်တန်းများကို ဖွင့်လှစ်မည်ဖြစ်ပါသဖြင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖူးသူများ ဇူလိုင်လ (၂၀) ရက်နေ့အထိ လျှောက်ထားနိုင်သည်။

(က) လူထုအခြေပြုအသေးစားချေးငွေလုပ်ငန်းကျွမ်းကျင်မှုလက်မှတ်ရသင်တန်း (Certificate in Community-Based Microfinance Skills) 

(ခ) အခြေခံစားသောက်ကုန်အကြော်အလှော်အတတ်ပညာကျွမ်းကျင်မှုလက်မှတ်ရသင်တန်း (Certificate in Basic Fried Food Preperation and Cooking Skills)

(ဂ) မြန်မာ့ရိုးရာပန်းကြယ်သီးလက်မှုပညာကျွမ်းကျင်မှုလက်မှတ်ရသင်တန်း (Certificate in Myanmar Traditional Flower Button Craft Skills)

အရည်အချင်းသတ်မှတ်ချက်

  • ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရပါမယ်။
  • တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုဖူးသူဖြစ်ရပါမယ်။
  • အသက်ကန့်သတ်ချက်မရှိပါ။

သင်တန်းကာလနှင့် သင်တန်းကြေး

သင်တန်းကာလ (၃) လဖြစ်ပြီး ဇူလိုင်လ (၂၃) ရက်နေ့မှ အောက်တိုဘာလ (၂၃) ရက်နေ့အထိ တက်ရောက်ရပါမည်။ သင်တန်းကြေးမှာ (၉) သောင်းကျပ်ဖြစ်သည်။

သင်တန်းလျှောက်ထားရမည့်ပုံစံ

သင်တန်းများ လျှောက်ထားရာတွင် မိမိတက်ရောက်လိုသည့်သင်တန်းအလိုက် Register Link မှတဆင့်လည်းကောင်း၊ တက္ကသိုလ်သို့ လူကိုယ်တိုင် သွားရောက်ပြီးလည်းကောင်း ဇူလိုင်လ (၁၁) ရက်နေ့မှ (၂၀) ရက်နေ့အထိ လျှောက်ထားနိုင်သည်။

အမှတ်စဉ် (က) သင်တန်းအတွက် - https://docs.google.com/forms/

အမှတ်စဉ် (ခ) သင်တန်းအတွက် - https://docs.google.com/forms/

အမှတ်စဉ် (ဂ) သင်တန်းအတွက် - https://docs.google.com/forms/

သင်တန်းအချိန်

အမှတ်စဉ် (က) သင်တန်းအတွက် - အပတ်စဉ် ဗုဒ္ဓဟူးနေ့မှ သောကြာနေ့အထိ ည (၆) ခွဲကနေ (၈) ခွဲအထိ Online စနစ်ဖြင့် သင်ကြားမည်ဖြစ်ပြီး လက်တွေ့ သင်ခန်းစာများအတွက် တက္ကသိုလ်တွင် ဆောင်ရွက်ပါမည်။

အမှတ်စဉ် (ခ) သင်တန်းအတွက် - အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့၊ နံနက် (၉) နာရီမှ (၁၂) နာရီအထိ တစ်ပတ်လျှင် (၂) ရက် လက်တွေ့သင်ကြားရပါမည်။

အမှတ်စဉ် (ဂ) သင်တန်းအတွက် - အပတ်စဉ် ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့၊ နေ့လည် (၂) နာရီမှ (၄) နာရီအထိ တစ်ပတ်လျှင် (၂) ရက် လက်တွေ့သင်ကြားရပါမည်။

အသေးစိတ်စုံစမ်းရန်

အမှတ်စဉ် (က) သင်တန်းအတွက် - ၀၉၅၀၈၁၆၃၂၊ ၀၉၉၇၇၀၃၅၂၀၇

အမှတ်စဉ် (ခ) သင်တန်းအတွက် - ၀၉၉၇၉၂၅၇၆၉၇၊ ၀၉၇၈၅၅၈၇၉၄၇

အမှတ်စဉ် (ဂ) သင်တန်းအတွက် - ၀၉၄၃၁၄၀၁၅၄၊ ၀၉၆၆၅၇၉၈၈၈၉

============================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Vocational Read 17 times