Sales Hotline : 09448001653       Download App



တရုတ်နိုင်ငံ Bank of China မှ မြန်မာနိုင်ငံ ကျောင်းသား/သူများအတွက် ပညာတော်သင် ထောက်ပံ့ကြေးပေးအပ်

တရုတ်နိုင်ငံ Bank of China က မြန်မာနိုင်ငံ ကျောင်းသား/သူများအတွက် ပညာတော်သင် ထောက်ပံ့ကြေးပေးအပ်လှူဒါန်းပွဲ ကို ဒီဇင်ဘာ ၃ ရက် နံနက် ၁၀ နာရီ မှ ၁၁ နာရီ ၃၀ မိနစ်အထိ တရုတ်နိုင်ငံပေကျင်း၊ ဟောင်ကောင်၊ မြန်မာနိုင်ငံ နေပြည်တော် နှင့် ရန်ကုန် နေရာ ၄ ခုမှနေ၍ ZOOM meeting ပုံစံဖြင့် အွန်လိုင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံး သံအမတ်ကြီး ချန်းဟိုင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌရုံး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်၊ ရန်ကုန်တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါ်နီလာအောင်၊ နေအုပ်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆရာကြီး ဦးနေအုပ်၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံး စီးပွားရေးသံမှူး ထန်ဆူးဖု၊ Bank of China (Hong Kong) လက်ထောက်အမှုဆောင်အရာရှိချုပ် ဝမ်းပင်း၊ တရုတ် နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖောင်ဒေးရှင်း (China Foundation for Poverty Alleviation “CFPA” ) အလုပ်အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ ဝမ်ရှင်ကျွေး နှင့် အခြား သက်ဆိုင်ရာလုပ်ငန်းတာဝန်ရှိသူများ အသီးသီးတက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနား တက်ရောက်လာကြသူများက ဦးစွာ မိတ်ဆက်စကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက်တွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံး သံအမတ်ကြီး ချန်းဟိုင် က နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌရုံး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော် ၊ Bank of China (Hong Kong) လက်ထောက်အမှုဆောင်အရာရှိချုပ် ဝမ်းပင်း နှင့် CFPA အလုပ်အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ ဝမ်ရှင်ကျွေး တို့က အသီးသီးအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် Bank of China နှင့် CFPA တို့မှ တာဝန်ရှိသူများ ရန်ကုန်တက္ကသိုလ်သို့ တရုတ်ယွမ်ငွေ တစ်သန်း (မြန်မာကျပ်ငွေ သိန်း ၁,၉၀၀ ခန့်)ကို လွှဲပြောင်းပေးအပ်ခဲ့ပြီး စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့သည်။

ထိုသို့ တရုတ်နိုင်ငံမှ လှူဒါန်းပေးအပ်ခြင်းနှင့် ပတ်သက်၍ ရန်ကုန်တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါ်နီလာအောင် က ကျေးဇူးတင်စကားပြောကြားပေးခဲ့ပြီး မြေပြင်နှင့်အွန်လိုင်းပေါ်ရှိ ဧည့်သည်တော်များက စုပေါင်းအမှတ်တရဓာတ်ပုံ အတူတကွ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

Source: China Xinhua News

Latest Post News Read 825 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176