Sales Hotline : 09448001653       Download App



အဝေးသငကြွောငြးသားမွားအတှကြ Assignment ကိစျစအကှောငြးသိကောငြးစရာ

** Unicode **

၁။ ကျောင်းအပ်ထားပြီးသော ပထမနှစ် အဝေးသင်ကျောင်းသားများအနေနှင့် Assignment ထုတ်ယူပြီး ဖြစ်ပါက အိမ်မှာနေရင်း Assignment ရေးထားကြပါ။ မူလက ပထမနှစ်များအတွက် "ပထမနှစ်ဝက် စာစဉ်" ကို (၅) လပိုင်းကုန် နောက်ဆုံးထား၍ တင်ရမည်ဆိုသော်လည်း ယခုထိ မထုတ်ရသေးသော ကျောင်းသားများ ရှိနိုင်သောကြောင့် ရက်ပြောင်းရွှေ့နိုင်ပါသည်။ ရက်တိုး ရှိနိုင်ပါသည်။

၂။ Assignment ရေးပြီးထားသူ ပထမနှစ်များ အနေနှင့် ယခုချိန်ထိ ရုံးမဖွင့်သေးသောကြောင့် Assignment လာထပ်၍ မရသေးပါ။ အိမ်မှာနေရင်း အဆိုပါ Assignment များကိုသာ လေ့လာထားရန်သာ ဖြစ်ပါသည်။ လာထပ်၍ရလျှင် Post တင်၍ အသိပေးမည်ဖြစ်ပါသည်။ အဆိုင်းမန့်တင်ရမည့် နောက်ဆုံးရက်လည်း ပြောင်းရွှေ့နိုင်ပါသည်။

၃။ Assignment မထုတ်ရသေးသော ပထမနှစ်ကျောင်းသားများအနေနှင့်လည်း ယခုချိန်ထိ Assignment ထုတ်ယူ၍ မရသေးပါ။ ထုတ်ယူ၍ ရလျှင် Post တင်၍ အသိပေးမည်ဖြစ်ပါသည်။ ထို့အပြင် Assignment ထပ်ရမည့် နောက်ဆုံးရက်များပါ ပြောင်းလဲနိုင်ပါသည်။

၄။ဒုတိယနှစ်နှင့်အထက် ကျောင်းသား/သူများအားလုံး ယခုချိန်ထိ Assignment ထုတ်ယူ၍ မရသေးပါ။ ထုတ်ယူ၍ ရလျှင် Post တင်၍ အသိပေးမည်ဖြစ်ပါသည်။ ထို့အပြင် Assignment ထပ်ရမည့် နောက်ဆုံးရက်များပါ ပြောင်းလဲနိုင်ပါသည်။

၅။ မေလ (၁၆) ရက်နေ့တွင် လက်တွေ့တန်း တက်ရမည့် သိပ္ပံတွဲ အထူးပြုများ အနေနှင့် အဆိုပါနေ့တွင် လက်တွေ့တန်း တက်ရောက်ရမည် ၊ မတက်ရောက်ရမည်ကို ယခုချိန်ထိ အတိအကျ ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပါ။
သတင်းထူးလျှင် အချိန်နှင့် တပြေးညီ Post တင်၍ ကြေညာပေးမည်ဖြစ်ပါသည်။

၆။ ကျောင်းအပ်ရမည့်သူများ အနေနှင့် ယခုချိန်ထိ ကျောင်းအပ်လက်မခံသေးပါ။ ကျောင်းအပ်လက်ခံလျှင် Post တင်၍ အသိပေးပါမည်။

၇။ နောက်ဆုံးနှစ်အောင်မြင်ပြီး ယာယီဘွဲ့ထောက်ခံစာ ထုတ်ယူလိုသော ကျောင်းသားများအနေနှင့် ယခုချိန်ထိ ထောက်ခံစာ ထုတ်ယူ၍ မရသေးပါ။ ကျောင်းသားရေးရာ ပြန်ဖွင့်ပြီး ထုတ်ယူ၍ ရလျှင် Post တင်၍ အသိပေးပါမည်။

၈။ ထို့အပြင် Assignment တင်ရမည့် နောက်ဆုံးရက်များ ၊ ကျောင်းအပ်လက်ခံမည့် နောက်ဆုံးရက်များ စသည့်ရက်များလည်း ပြောင်းရွှေ့နိုင်ပါသည်။

နိဂုံးချုပ်အနေနှင့် ကျောင်းပြန်လည်ဖွင့်မဖွင့်သည် COVID-19 ရောဂါကူးစက်မှုအ‌ခြေအနေပေါ် မူတည်သောကြောင့် တရားဝင်ကြေညာချက်များကိုသာ စောင့်ဆိုင်းကြပါရန်နှင့် ကောလဟလ သတင်းများ မယုံကြရန် ၊ ထို့အပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များကို လိုက်နာကြရန် ၊ ကျန်းမာရေး အထူးဂရုစိုက်ကြပါရန် အကြံ‌ပြုတင်ပြအပ်ပါသည်။

Credit: Future The DAGON

** Zawgyi **

၁။ ေက်ာင္းအပ္ထားၿပီးေသာ ပထမႏွစ္ အေဝးသင္ေက်ာင္းသားမ်ားအေနႏွင့္ Assignment ထုတ္ယူၿပီး ျဖစ္ပါက အိမ္မွာေနရင္း Assignment ေရးထားၾကပါ။ မူလက ပထမႏွစ္မ်ားအတြက္ "ပထမႏွစ္ဝက္ စာစဥ္" ကို (၅) လပိုင္းကုန္ ေနာက္ဆုံးထား၍ တင္ရမည္ဆိုေသာ္လည္း ယခုထိ မထုတ္ရေသးေသာ ေက်ာင္းသားမ်ား ရွိႏိုင္ေသာေၾကာင့္ ရက္ေျပာင္းေ႐ႊ႕ႏိုင္ပါသည္။ ရက္တိုး ရွိႏိုင္ပါသည္။

၂။ Assignment ေရးၿပီးထားသူ ပထမႏွစ္မ်ား အေနႏွင့္ ယခုခ်ိန္ထိ ႐ုံးမဖြင့္ေသးေသာေၾကာင့္ Assignment လာထပ္၍ မရေသးပါ။ အိမ္မွာေနရင္း အဆိုပါ Assignment မ်ားကိုသာ ေလ့လာထားရန္သာ ျဖစ္ပါသည္။ လာထပ္၍ရလွ်င္ Post တင္၍ အသိေပးမည္ျဖစ္ပါသည္။ အဆိုင္းမန႔္တင္ရမည့္ ေနာက္ဆုံးရက္လည္း ေျပာင္းေ႐ႊ႕ႏိုင္ပါသည္။

၃။ Assignment မထုတ္ရေသးေသာ ပထမႏွစ္ေက်ာင္းသားမ်ားအေနႏွင့္လည္း ယခုခ်ိန္ထိ Assignment ထုတ္ယူ၍ မရေသးပါ။ ထုတ္ယူ၍ ရလွ်င္ Post တင္၍ အသိေပးမည္ျဖစ္ပါသည္။ ထို႔အျပင္ Assignment ထပ္ရမည့္ ေနာက္ဆုံးရက္မ်ားပါ ေျပာင္းလဲႏိုင္ပါသည္။

၄။ဒုတိယႏွစ္ႏွင့္အထက္ ေက်ာင္းသား/သူမ်ားအားလုံး ယခုခ်ိန္ထိ Assignment ထုတ္ယူ၍ မရေသးပါ။ ထုတ္ယူ၍ ရလွ်င္ Post တင္၍ အသိေပးမည္ျဖစ္ပါသည္။ ထို႔အျပင္ Assignment ထပ္ရမည့္ ေနာက္ဆုံးရက္မ်ားပါ ေျပာင္းလဲႏိုင္ပါသည္။

၅။ ေမလ (၁၆) ရက္ေန႔တြင္ လက္ေတြ႕တန္း တက္ရမည့္ သိပၸံတြဲ အထူးျပဳမ်ား အေနႏွင့္ အဆိုပါေန႔တြင္ လက္ေတြ႕တန္း တက္ေရာက္ရမည္ ၊ မတက္ေရာက္ရမည္ကို ယခုခ်ိန္ထိ အတိအက် ထုတ္ျပန္ေၾကညာထားျခင္း မရွိေသးပါ။
သတင္းထူးလွ်င္ အခ်ိန္ႏွင့္ တေျပးညီ Post တင္၍ ေၾကညာေပးမည္ျဖစ္ပါသည္။

၆။ ေက်ာင္းအပ္ရမည့္သူမ်ား အေနႏွင့္ ယခုခ်ိန္ထိ ေက်ာင္းအပ္လက္မခံေသးပါ။ ေက်ာင္းအပ္လက္ခံလွ်င္ Post တင္၍ အသိေပးပါမည္။

၇။ ေနာက္ဆုံးႏွစ္ေအာင္ျမင္ၿပီး ယာယီဘြဲ႕ေထာက္ခံစာ ထုတ္ယူလိုေသာ ေက်ာင္းသားမ်ားအေနႏွင့္ ယခုခ်ိန္ထိ ေထာက္ခံစာ ထုတ္ယူ၍ မရေသးပါ။ ေက်ာင္းသားေရးရာ ျပန္ဖြင့္ၿပီး ထုတ္ယူ၍ ရလွ်င္ Post တင္၍ အသိေပးပါမည္။

၈။ ထို႔အျပင္ Assignment တင္ရမည့္ ေနာက္ဆုံးရက္မ်ား ၊ ေက်ာင္းအပ္လက္ခံမည့္ ေနာက္ဆုံးရက္မ်ား စသည့္ရက္မ်ားလည္း ေျပာင္းေ႐ႊ႕ႏိုင္ပါသည္။

နိဂုံးခ်ဳပ္အေနႏွင့္ ေက်ာင္းျပန္လည္ဖြင့္မဖြင့္သည္ COVID-19 ေရာဂါကူးစက္မႈအ‌ေျခအေနေပၚ မူတည္ေသာေၾကာင့္ တရားဝင္ေၾကညာခ်က္မ်ားကိုသာ ေစာင့္ဆိုင္းၾကပါရန္ႏွင့္ ေကာလဟလ သတင္းမ်ား မယုံၾကရန္ ၊ ထို႔အျပင္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ လမ္းၫႊန္ခ်က္မ်ားကို လိုက္နာၾကရန္ ၊ က်န္းမာေရး အထူးဂ႐ုစိုက္ၾကပါရန္ အႀကံ‌ျပဳတင္ျပအပ္ပါသည္။

Credit: Future The DAGON

News Tips Latest Post Read 5445 times