Sales Hotline : 09448001653       Download App



နေ့သင်တန်း တက်ခွင့်ရသူတွေ ကျောင်းပြောင်းမယ်ဆိုရင် ….

နေ့သင်တန်း တက်ခွင့်ရသူတွေ ကျောင်းပြောင်းမယ်ဆိုရင် ….

အခြား အကြောင်းကြောင့် ပြောင်း ရွှေ့မယ်ဆိုရင် သတ်မှတ်ထားတဲ့ ငွေပေးသွင်းပြီးမှ ကျောင်းပြောင်းရွှေ့ခွင့်ရှိမှာ ဖြစ်ပါတယ်။

ကျောင်းပြောင်းရွှေ့ကြေး ၁၀ဝ ကျပ်ကို ပေးသွင်းမှသာ ကျောင်းပြောင်းအတည်ပြုပေးမှာ ဖြစ်ပါတယ်။

ကျောင်းပြောင်းလိုတဲ့ သူတွေအနေနဲ့ အိမ်ထောင်စု စာရင်း မူရင်း မိတ္တူ နှစ်စောင်၊ သက်ဆိုင်ရာ ရပ်ကွက်မှာ နေထိုင်ကြောင်း ထောက်ခံစာ မူရင်း မိတ္တူနှစ်စောင်နဲ့ ပြောင်းရွှေ့လိုကြောင်း လက်ရေး လျှောက်လွှာ နှစ်စောင်၊မိမိပြောင်းရွှေ့အတူ နေထိုင်မယ့် ဦးလေး၊ အဒေါ်၊ အဘိုး၊ အဘွားစတဲ့ မိသားစုတွေနဲ့ တော်စပ်ကြောင်း အထောက်အထား တွေ၊ အိမ်ထောင်စုစာရင်းမိတ္တူတွေကို တင်ပြပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။

READ - ၂၀၁၇ ခုနှစ်၏ အဝေးသင်တက္ကသိုလ်ဝင်ခွင့်များကို ဒီဇင်ဘာလလယ်တွင် ထုတ်ပြန်မည်

ကျောင်းပြောင်း လျှောက်ထားပြီးမှ မူလ တက္ကသိုလ်တွေကို ပြန်လည်တက်ရောက်လိုပါက မူလ တက္ကသိုလ်ရဲ့ မော်ကွန်းထိန်းဆီကို သွားရောက်ဆက်သွယ် အကြောင်းကြားပေးဖို့ လိုပါတယ်။

ဆက်သွယ်အကြောင်းမကြားတဲ့ ကျောင်းပြောင်းသူတွေကို ခုံအမှတ် စာရင်းကနေ ပယ်ဖျက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၇ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲအောင်မြင်ပြီးသူတွေအတွက်တက္ကသိုလ် ပထမနှစ်သင်တန်းတွေကို လာမယ့် ဒီဇင် ဘာ ၄ ရက်နေ့ စတင်ဖွင့်လှစ်မယ်လို့ အဆင့်မြင့်ပညာဦးစီးဌာနက ကြေညာထားပါတယ်။

ဝိဇ္ဇာသိပံတက္ကသိုလ်တွေမှာ ကျောင်းပြောင်းရွှေ့တာ၊ ဘာသာရပ်ပြောင်းတာတွေကို ကျောင်းဖွင့်ပြီး ၂၁ ရက်ကြာမှသာ ကျောင်းပြောင်းလျှောက်လွှာတွေကို လက်ခံမှာ ဖြစ်တယ်လို့ သိရပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudranews

News Read 3012 times