Sales Hotline : 09448001653       Download App



ရန်ကုန် နည်းပညာတက္ကသိုလ်ရဲ့ ဘွဲ့လွန်ဒီပလိုမာနဲ့ မဟာဘွဲ့သင်တန်းတွေ လျှောက်နိုင်

ရန်ကုန် နည်းပညာတက္ကသိုလ်ရဲ့ ဘွဲ့လွန်ဒီပလိုမာနဲ့ မဟာဘွဲ့သင်တန်းတွေ လျှောက်နိုင်

မြို့ပြအင်ဂျင်နီယာ ဘာသာရပ်၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ ဘာသာရပ်၊ အီလက်ထရွန်း နစ်အင်ဂျင်နီယာဘာသာရပ်၊ မက်ထရွန်းနစ်အင်ဂျင်နီယာဘာသာရပ်၊ ဓာတုအင်ဂျင်နီယာဘာ သာရပ်၊ ချည်မျှင်နဲ့ အထည်အင် ဂျင်နီယာဘာသာရပ်၊ သတ္တုတူးဖော်ရေး အင်ဂျင်နီယာဘာသာရပ်၊ သတ္တုဗေဒအင်ဂျင်နီယာ ဘာသာရပ်၊ အင်ဂျင်နီယာဘူမိဗေဒ ဘာသာရပ်စတဲ့ဘာသာရပ်တွေကို အထူးပြုဘာသာရပ်အလိုက် သင်ကြားပေးမှာဖြစ်ပါတယ်။

လျှောက်လွှာတွေကို ရန်ကုန် နည်းပညာတက္ကသိုလ်မှာ ဧပြီလ ၃ ရက်နေ့က စတင်ထုတ်ပေးတာ ဖြစ်ပြီး ဧပြီလ ၂၈ ရက်နေ့အထိ နောက်ဆုံးထား လျှောက်ထားရမှာ ဖြစ်ပါတယ်။

ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားတွေကို မေလ ၅ ရက်နေ့ ထုတ်ပေးမှာပါ။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲကို အင်္ဂလိပ်စာနဲ့ သက်ဆိုင်ရာ ဘာသာရပ်တွေ ဖြေဆိုရမှာဖြစ်ပါတယ်။ ဝင်ခွင့် စာမေးပွဲတွေကို မေ လ ၈ ရက်နေ့နဲ့ ၉ ရက်နေ့တွေမှာ ပြုလုပ်မယ်လို့ သိရပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့သာ လျှောက်ထားရမယ်လို့ သိရပါတယ်။

မဟာဘွဲ့လျှောက်ထားလို သူတွေကတော့ သတ်မှတ်ထားတဲ့ ပညာအရည်အချင်းတွေ ပြည့်မီ သူဖြစ်ကြောင်း အောင်မြင်ခဲ့တဲ့ တက္ကသိုလ်တွေက ထောက်ခံချက်မူရင်းကို တင်ပြပေးရမှာဖြစ်ပါတယ်။

ဝင်ခွင့်စာမေးပွဲအောင်မြင်သူ ကို လူတွေ့ထပ်မံစစ်ဆေးမှာဖြစ် ပြီး လူတွေ့စစ်ဆေးတာတွေကို မေလ ၂၆ ရက်နေ့မှာ ရန်ကုန်နည်းပညာတက္ကသိုလ် ကြို့ကုန်းအင်းစိန်မှာ ပြုလုပ်မှာဖြစ်ပါတယ်။

ဘွဲ့လွန်ဒီပလိုမာသင်တန်း ကာလတစ်နှစ်ကြာမြင့်မှာဖြစ်ပြီး ဘွဲ့လွန်ဒီပလိုမာ ထူးချွန်သူတွေကို မဟာဘွဲ့သင်တန်း ဆက်လက် တက်ရောက်ခွင့်ပြုမှာဖြစ်ပါတယ်။

ထိုသင်တန်းတွေကို လာမယ့် ၂၀၁၇ – ၂၀၁၈ ပညာသင်နှစ် ဇွန်လ ၁ ရက်နေ့မှာ စတင်ဖွင့်လှစ်သင်ကြား ပေးမှာ ဖြစ်ပါတယ်။

သင်တန်းတက်ရောက်ခွင့်ရရှိသူတွေ စာရင်းကို မေ ၃၁ ရက်မှာ ထုတ်ပြန်ပေးမှာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကို သိရှိလိုပါက ရန်ကုန်နည်းပညာတက္ကသိုလ် ကြို့ကုန်း၊ အင်းစိန်မြို့နယ်မှာ သွားရောက် စုံစမ်း နိုင်ပါ တယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudranews

News Read 2551 times