Sales Hotline : 09448001653       Download App



အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှ ဘွဲ့သင်တန်း ၄ ခု ၀င်ခွင့် ခေါ်ယူမည်

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှ ဘွဲ့သင်တန်း ၄ ခု ၀င်ခွင့် ခေါ်ယူမည်

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် မေဂျာ ၄ခုဖြစ်သည့်BBM, BA(EPP),BTM နှင့်BA (Journalism) ပထမနှစ်သင်တန်းများအတွက် သင်တန်းဝင်ခွင့်လျှောက်လွှာခေါ်ယူသွားမည်ဖြစ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။
(က) Bachelor of Business Management BBM
(ခ) Bachelor of Arts (English for Professional Purpose) BA(EPP)
(ဂ) Bachelor of Tourism and Hospitality Management BTHM
(ဃ) Bachelor of Arts (Journalism) BA (Journalism)
ဘွဲ့သင်တန်းများကို ဖွင့်လှစ်ပို့ချမည်။


BBM နှင့်BA(EPP)လျှောက်ထားလိုသောကျောင်းသားများသည် အမှတ်ပေါင်း (၄၄၀)နှင့်အထက် ရထားသူ ဖြစ်ရမည်။ BTHM,BA(Journalism)အား အမှတ်ပေါင်း (၄၂၀) နှင့် အထက် ရရှိသူ ဖြစ်ရမည်။
Onlineစနစ်ဖြင့် တိုက်ရိုက်လျှောက်ထားရမည်ဖြစ်ပြီး အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၌ လူကိုယ်တိုင် လာရောက်လျှောက်ထားသူများသည်လည်း Onlineစနစ်ဖြင့် တိုက်ရိုက်လျှောက်ထားရမည်ဖြစ်ပြီး ထိုသို့ လျှောက်ထားနိုင်ရန် ကွန်ပျူတာများ စီစဉ်ပေးထားမည်ဖြစ်သည်။
တိုင်းေးသကြီးများနှင့် ပြည်နယ်များ အသီးသီးတို့မှ ၀င်ခွင့် လျှောက်ထားလိုသူ ကျောင်းသူကျောင်းသားများသည်လည်း Onlineစနစ်ဖြင့် တိုက်ရိုက်လျှောက်ထားနိုင်သည်။
ဝင်ခွင့်လျှောက်ခွင့်ရသည့် နေ့ကို အသေးစိတ် ထပ်မံ၍ကြေညာပေးသွားမည် ဖြစ်ပါသည်။

 

NMDC

News Read 3375 times