Sales Hotline : 09448001653       Download App



ဆေးတက္ကသိုလ် (၁) မှ ကျောင်းသားများကို အီတလီပါးမားတက္ကသိုလ်သို့ ပညာသင်စေလွှတ်မည်

ဆေးတက္ကသိုလ် (၁) မှ ကျောင်းသားများကို အီတလီပါးမားတက္ကသိုလ်သို့ ပညာသင်စေလွှတ်မည်

အီတလီနိုင်ငံ ပါးမားတက္ကသိုလ်သို့ ဆေးတက္ကသိုလ်-၁ မှ ဆရာများနှင့် ကျောင်းသူ၊ ကျောင်းသားများကို ပညာသင်စေလွှတ်သွားမည်ဖြစ်ကြောင်း ယင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။

အဆိုပါ ၂ နှစ်တာ စီမံကိန်းကို အီးယူထောက်ပံ့မှုဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး အပြန်အလှန်သင်ကြားမှုများ ပြုလုပ် သွားမည်ဖြစ်သည်။

ယခုစီမံကိန်းအောင်မြင်ပြီးပါက ဆေးတက္ကသိုလ်-၁ သာမက အခြားသောတက္ကသိုလ်များပါဝင်သည့် စီမံကိန်းများကို ဆက်လက်လုပ်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း ဆေးတက္ကသိုလ်-၁ ထံမှ သိရသည်။

“၂၀၁၀-၂၀၁၁ ထဲက နိုင်ငံရေးနဲ့ပညာရေးတွေမှာ ပြောင်းလဲလာတယ်။ ဒီလိုပြောင်းလဲမှုတွေ လုပ်နေတဲ့အချိန်မှာ ဒီ ပရိုဂရမ်တွေက အရေးကြီးတယ်။ မြန်မာနိုင်ငံကနေ နိုင်ငံတကာအဆင့်မီ ဆရာဝန်တွေမွေးထုတ်ဖို့အတွက် ဒီလို လုပ်ငန်းတွေက အရေးကြီးတယ်” ဟု ဆေးတက္ကသိုလ်-၁ (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက ရှင်းပြသည်။

ယင်းစီမံကိန်းကို ၂၀၁၉ ခုနှစ် ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လတို့တွင် စေလွှတ်သွားမည်ဖြစ်ပြီး ယင်း ၂ နှစ်တာကာလ အတွင်း ဆရာ၊ ဆရာမ ၁၀ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးတို့ကို တစ်နှစ်လျှင် ဆရာ၊ ဆရာမ ၅ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၅ ဦးတို့အား စေလွှတ်သွားမည်ဖြစ်ပြီး လက်ရှိတွင် ပညာသင်သွားရောက်မည့်သူများ အီတလီဘာသာစကား သင်ကြားပေးလျက်ရှိကြောင်း ဒေါက်တာဇော်ဝေစိုးက ဖြည့်စွက်ပြောကြားသည်။

“စာမေးပွဲမှာရတဲ့ရမှတ်တွေကို မူတည်ပြီး အင်တာဗျူးလုပ်ရွေးချယ်ထားတယ်။ နိုင်ငံတကာအတွေ့အကြုံတွေလည်း ရမယ်။ ဘွဲ့ကြိုကျောင်းသားတွေအနေနဲ့ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်မှာ ပညာသင်ခွင့်ရမယ်။

ဘွဲ့ကြိုကျောင်းသားတွေအနေနဲ့ အခုလိုအခွင့်အရေးရဖို့ မဖြစ်နိုင်ဘူး။ ဆရာတွေလည်း အတူတူပဲ” ဟု ၎င်းကဆိုသည်။

ထို့အတူ ဆေးတက္ကသိုလ်-၁ (ရန်ကုန်) အနေနှင့် ဆေးကျောင်းသားများကို ဂျပန်နိုင်ငံ၊ အိုကာယားမားတက္ကသိုလ်နှင့် အလားတူစီမံကိန်းကို လုပ်ဆောင်လျက်ရှိကြောင်း ယင်းတက္ကသိုလ်ထံမှ သိရသည်။

source: thevoice

News Read 4109 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176