Sales Hotline : 09448001653       Download App



ပညာရေးကောလိပ်ကျောင်းသား/သူများအတွက် သတင်းကောင်းပါ

ပညာရေးကောလိပ်ကျောင်းသား/သူများအတွက် သတင်းကောင်းပါ

ပညာရေးကောလိပ်ကျောင်းသား/သူများ၏ တောင်းဆိုချက်အား ပညာရေးဝန်ကြီးဌာနအနေဖြင့် စီစဉ်ထားရှိခြင်းကိစ္စဖြစ်ပါသည်။

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ (၁၆-၉-၂၀၁၈)ရက်နေ့(၉၀၀)နာရီတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ပညာရေးကောလိပ်များနှင့်အစိုးရစက်မှုလက်မှု သိပ္ပံများမှ ဒီပလိုမာ ရရှိပြီးသော ကျောင်းသား၊ ကျောင်းသူများ အဝေးသင်တက္ကသိုလ်များသို့ တက်ရောက်မှုနှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းကြပါသည်။

အစည်းအဝေးတွင် ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် ပါမောက္ခ(ဌာနမှူး)များ တက်ရောက်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင် ပညာရေးကောလိပ်၊ ပညာရေးတက္ကသိုလ်များသည် အခြေခံဆရာ၊ဆရာမများ ပြုစုပျိုးထောင် ရန်ရည်ရွယ်၍ သင်ရိုးပြု စုဆောင်ရွက်ခြင်း၊ အဝေးသင်တက္ကသိုလ်များသည် ဝိဇ္ဇာ၊ သိပ္ပံဘွဲ့များ အပ်နှင်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် သင်ရိုးပြုစု ဆောင်ရွက်ခြင်းတို့ကြောင့် ပညာရေး ကောလိပ်များမှ DT.Ed သင်တန်း (၂)နှစ် အောင်မြင်သူများသည် အောက်ဖော်ပြပါအတိုင်း ဆက်လက် ပညာ သင်ယူခွင့် အခွင့်အလမ်းများ ရှိကြောင်း ဆွေးနွေး အကြံပြုကြပါသည် -

(က) အဝေးသင်တက္ကသိုလ်များမှ ဖွင့်လှစ်သည့် ဝိဇ္ဇာသိပ္ပံဘွဲ့ အစီအစဉ်များ၏ ဒုတိယနှစ်သင်တန်း များကို ၂၀၁၈-ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ကြောင်း ၊

(ခ) ပညာရေးတက္ကသိုလ်များမှ ဖွင့်လှစ်မည့် တတိယနှစ်နှင့် စတုတ္ထနှစ် စာပေးစာယူသင်တန်းများကို ၂၀၁၉-ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ဆက်လက်တက်ရောက်နိုင်မည် ဖြစ်ကြောင်း၊ စတုတ္ထနှစ်အောင်မြင်ပြီးပါက B.A(Education) ဘွဲ့/B.Sc (Education) ဘွဲ့ အပ်နှင်းမည် ဖြစ်ကြောင်း၊

(ဂ) စတုတ္ထနှစ်အောင်မြင်မှုတွင် အရည်အချင်းပြည့်မီပါက B.Ed ပဉ္စမနှစ် ဘွဲ့သင်တန်းကို (၁) နှစ် ဆက်လက် တက်ရောက်နိုင်ကြောင်းနှင့် ကျန်သင်တန်းသူ၊ သင်တန်းသားများသည် B.Ed ပဉ္စမနှစ် သင်တန်းသို့ တက်ရောက်ရန် ၀င်ခွင့်စာမေးပွဲဖြေဆိုရန်နှင့် ဆက်လက်တက်ရောက်နိုင်မည် ဖြစ်ကြောင်း

၂။ သို့ဖြစ်ပါ၍ ၁၆.၉.၂၀၁၈ အစည်းအဝေးမှ စီစဉ်ထားရှိသည့် အချက်များအား ကျောင်းသား/သူများ သိရှိနိုင်စေရန် အကြောင်းကြားပါသည်။

News Read 13394 times