Sales Hotline : 09448001653       Download App



ဧည့်လမ်းညွှန်(အခြေခံ) သင်တန်း ဖွင့်မည်

ဧည့်လမ်းညွှန်(အခြေခံ) သင်တန်း ဖွင့်မည်

သင် နိုင်ငံခြားဘာသာတစ်မျိုးမျိုး တတ်ကျွမ်းထားပြီး ဧည့်လမ်းညွှန် လုပ်ကိုင်လိုပါက တရားဝင် ဧည့်လမ်းညွှန်လိုင်စင်ရရှိအောင် နိုင်ငံတော်အစိုးရမှ ဖွင့်လှစ်ထားသော အောက်ပါသင်တန်းကျောင်းတွင် တက်ရောက်နိုင်ပါသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ခရီးသွားလုပ်ငန်းနှင့်ဧည့်ဝန်ဆောင်မှုသင်တန်း ကျောင်း၌ ဧည့်လမ်းညွှန်(အခြေခံ)သင်တန်းအမှတ်စဉ်(၅၈) ကို  (၁၄၁-၂၀၁၉) ရက်နေ့မှ (၁၁-၃၂၀၁၉) ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်သည်။

သင်တန်းဝင်ခွင့်လျှောက်လွှာများကို (၁၉-၁၁-၂၀၁၈) ရက်နေ့ မှ(၇-၁၂-၂၀၁၈)နေ့အထိ အမှတ်(၄၅၈/၄၆၀)၊ ရသာကွန်ဒို (ဒုတိယထပ်)၊ မဟာဗန္ဓုလလမ်းနှင့် (၃၁) လမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုသင်တန်း ကျောင်း (ရန်ကုန်) တွင် လက်ခံ ဆောင်ရွက်သွားမည်ဖြစ်သည်။

* လျှောက်ထားနိုင်သူများ *

- သင်တန်းသို့ အသက်(၁၈)နှစ်ပြည့်ပြီး၊ အနိမ့်ဆုံး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ (သို့မဟုတ်)ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီးသူ၊

- ကျန်းမာရေးကောင်းမွန်သူ

- တရုတ်၊ ကိုရီးယား၊ ဂျပန်/ ဘာသာစကားနှင့် စပိန်၊ အီတလီ၊ ထိုင်း၊ ပြင်သစ် ရုရှား နှင့်ဂျာမန် ဘာသာစကား တတ်ကျွမ်းသူများ

* လိုအပ်သော အထောက်အထား စာရွက်စာတမ်းများ *

- ပညာအရည်အချင်းမိတ္တူနှင့်မူရင်း၊

- နိုင်ငံသားစိစစ်ရေးကဒ် (လျှောက်လွှာ နောက်ဆုံး လက်ခံသည့်ရက်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်) မိတ္တူနှင့်မူရင်း၊

- ကျန်းမာရေး ထောက်ခံချက် (ဒေသန္တရကျန်းမာရေးဌာန တာဝန်ခံမှ ကိုယ်ရောစိတ်ပါ ကျန်းမာရေးကောင်းမွန် ကြောင်း)

- ထောက်ခံချက်မူရင်း၊ ရပ်ကွက်နှင့်ရဲစခန်း ထောက်ခံချက်မူရင်း၊

- လိုင်စင်ဓါတ်ပုံ(၃)ပုံတို့ကို ယူဆောင် လာရမည်။

ယခုသင်တန်းအမှတ်စဉ်တွင် တရုတ်၊ ကိုရီးယား/ ဂျပန်/ ဘာသာစကား ကျွမ်းကျင်သူများကို ပိုမို ဦးစားပေး သင်တန်းတက်ရောက်နိုင်ရန် စီစဉ်ထားသည်။

* အသေးစိတ် အချက်အလက်များကို စုံစမ်းရန် *

ဖုန်းနံပါတ်-၃၁၃၇၅၁၉၄၊ ၀၁-၃၈၀၆၂၁

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

News Read 2379 times