Sales Hotline : 09448001653       Download App



ရန်ကုန်စီးပွားရေးတက္ကသိုလ် ပထမနှစ်ကျောင်းအပ်နှံရာတွင် လိုအပ်သည်များ

ရန်ကုန်စီးပွားရေးတက္ကသိုလ် ပထမနှစ်ကျောင်းအပ်နှံရာတွင် လိုအပ်သည်များ

ပထမနှစ်ဘယ်တော့အပ်နှံရမလဲ၊ ဘာတွေလိုအပ်သလဲဆိုတဲ့ ညီညီမများအတွက် . . .

ရန်ကုန်စီးပွားရေးတက္ကသိုလ် ပထမနှစ်ဝင်ခွင့်ရသူများကျောင်းဝင်မှတ်ပုံတင်နိုင်ရန်အသိပေးခြင်း

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးနောက် ရန်ကုန်စီးပွားရေးတက္ကသိုလ် ပထမနှစ်သင်တန်း (လှိုင်နယ်မြေ နှင့် ရွာသာကြီးနယ်မြေ) ၀င်ခွင့်ရရှိသူများစာရင်းကို ၁၇. ၉. ၂၀၁၈ ရက်နေ့က တက္ကသိုလ်နယ်မြေ ၃ ခု (ကမာရွတ်/လှိုင်/ရွာသာကြီး) တို့၌ ကြေညာအသိပေးပြီးဖြစ်ပါသည်။

လှိုင်တက္ကသိုလ်နယ်မြေတွင် ပထမနှစ်ဝင်ခွင့်ရသူများသည် ကျောင်းသားရေးရာဌာန၊ လှိုင်တက္ကသိုလ်နယ်မြေ၊ ပါရမီလမ်း၊လှိုင်မြို့နယ်တွင်၎င်း၊ ရွာသာကြီးနယ်မြေတွင် ပထမနှစ် ၀င်ခွင့်ရသူများသည် အခန်းအမှတ် ၁ နှင့် အခန်းအမှတ် ၅ ၊ ၃ထပ် စာသင်ဆောင်၊ ရွာသာကြီးနယ်မြေ (အမှတ် ၂ လမ်းမကြီး၊ တောင်ဒဂုံမြို့နယ်) တွင် ၄င်း ၁၇. ၉. ၂၀၁၈ မှ ၁၇. ၁၀. ၂၀၁၈ ရက်နေ့အထိ (ရုံးချိန်အတွင်းသာ) အပ်နှံနိုင်ပါရန် အသိပေးကြေညာ အပ်ပါသည်။

သီးခြားခေါ်ယူထားသည့် တက္ကသိုလ်များသို့ လျောက်ထားသူများသည် မိမိတို့နှစ်သက်ရာတက္ကသိုလ်များသို့ လျောက်ထားခွင့်ရှိသော်လည်း အမှန်တကယ်တက်ရောက်နိုင်မည့် တက္ကသိုလ် တစ်ခုခုကိုရွေးချယ်ကာ သတ်မှတ်ရက်အမီ အပ်နှံတက်ရောက်ရမည်ဖြစ်ကြောင်း သိရပါသည်။

တက္ကသိုလ်ဝင်ခွင့်ကိစ္စများအတွက် သင်တန်းရေးရာဌာန ၀၉ ၇၃၂၄၁၀၀၇၊ ၀၁ ၅၂၆၆၁၃၊ ၀၉၂၅၄၀၂၀၅၆၆ တို့သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: university of economics

News Read 3912 times