Sales Hotline : 09448001653       Download App



အင်ဂျင်နီယာ နည်းပညာဆိုင်ရာ လုပ်ငန်းများ စီမံခန့်ခွဲမှု ပညာရပ်ဆိုင်ရာ ဆွေးနွေးဟောပြောပွဲကျင်းပမည်

အင်ဂျင်နီယာ နည်းပညာဆိုင်ရာ လုပ်ငန်းများ စီမံခန့်ခွဲမှု ပညာရပ်ဆိုင်ရာ ဆွေးနွေးဟောပြောပွဲကျင်းပမည်

ခေါင်းဆောင်မှု ရာထူးနေရာများသို့ တက်လှမ်းလိုသည့် အင်ဂျင်နီယာများ ရည်ရွယ်လျက် အင်ဂျင်နီယာ နည်းပညာဆိုင်ရာ လုပ်ငန်းခွင်များ စီမံခန်ခွဲမှု ဟောပြောပွဲ ကို မြန်မာနိုင်ငံရှိ Kaplan Myanmar University College နှင့် အင်္ဂလန် Teesside University တို့က ပူးတွဲကျင်းပခြင်းဖြစ်ပါသည်ဟုသိရသည်။

ခေါင်းဆောင်မှုနှင့် လူမှုဆက်ဆံရေးစွမ်းရည်ကို မြှင့်တင်ခြင်းဖြင့် အင်ဂျင်နီယာဆိုင်ရာ စီမံကိန်းများ တွင် လူအများကို ထိရောက်စွာစီမံခန့်ခွဲနိုင်ရန် လိုအပ်သည့် စွမ်းဆောင်နိုင်မှုများ အကြောင်းကို ဆွေးနွေးဟောပြောပေးမည်ဖြစ်ကြောင်းသိရသည် ။

အင်ဂျင်နီယာ ပညာရှင် ဆရာနေမင်းဟိန်း  BE  ( Civil ), YTU Yangon ၊ ME Civil , YTU(yangon) ME(Cilvil, Structer), YTU (Yangon),  M.Sc.(International Construction Management), NTU(Singapore) M.Sc (Sustainable Building Design), UoN (Nottinghan,UK) PE (Construction, Reg No. 0847) Director က ဆွေးနွေးဟောပြောပေးမည်ဖြစ်သည်။

အင်ဂျင်နီယာပညာရေး နောက်ခံရှိသူများ တက်ရောက်နိုင်ပါသည်၊ အင်ဂျင်နီယာပညာရပ်ကို နှစ်သက်ပြီး လုပ်ငန်းခွင်တွင် မြင့်မားစွာ တက်လှမ်းလိုသူများ တက်ရောက်သင့်သည် ဆွေးနွေးဟော ပြောပွဲဖြစ်ပါသည်။

Kaplan Myanmar University College သည် နှစ် (၈ဝ) ကြာ အောင်မြင်မှုများစွာ ဖြင့် ရပ်တည်လာခဲ့ သောအမေရိကန်နိုင်ငံအခြေစိုက် ပညာရေးအဖွဲ့အစည်း Kaplan Education Group မှ ထပ်မံ ဖွင့်လှစ် လိုက်သည့်  တက္ကသိုလ် ကျောင်းခွဲဖြစ်ပါသည် ။

ယင်းကျောင်းခွဲမှ MSc Engineering Management (Teesside University, UK) (တစ်နှစ်သင်တန်း)ကို ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး  ခေါင်းဆောင်မှုနေရာများသို့ တက်လှမ်းလိုသည့် အင်ဂျင်နီယာများအတွက် ပြီးပြည့်စုံသည့် ဘွဲ့လွန်အစီအစဉ်တစ်ခုဖြစ်သည်။ အင်္ဂလန်ထိပ်တန်း တက္ကသိုလ်တစ်ခုက မဟာဘွဲ့ကို မြန်မာနိုင်ငံမှာပဲ အိုးမကွာ၊ အိမ်မကွာ ကျောင်း တက်ရင်း ရနိုင်တာ အထူးခြားဆုံး အားသာချက်ပင်ဖြစ်ပါသည် ။

အင်္ဂလန်Teesside University ဟာ (၈၅)နှစ်ကျော် သက်တမ်းရှိပြီး၊ အင်္ဂလန် ဘုရင်မကြီး မှ ရွေး ချယ်ပေး အပ်လေ့ရှိသော Queen's Anniversary Prize for Higher and Further Education ဆုကို ၂၀၁၄ မှ၂၀၁၈ ခုနှစ်အထိ ဆက်တိုက်ရရှိထားသည့် တက္ကသိုလ်ကြီးဖြစ်ပါသည်။

Times Higher Education World University Rankings ၂၀၁၈ မှာ အသိအမှတ်ပြု စာရင်းဝင်ဖော်ပြခြင်း ခံရသော တက္ကသိုလ်ကြီး တခုလည်းဖြစ်ပါသည် ။

ယခုနှစ် အောက်တိုဘာလ ကျောင်းဖွင့်ချိန် ကျောင်းလျောက်ထားတက်ရောက်မည့်သူများအတွက် ပညာသင်ဆု အဖြစ် မေရိကန် ဒေါ်လာ ၃၀၀၀ ပညာသင်ဆု ပေးအပ်ချီးမြှင့်ပေးမှာဖြစ်ပါသည်။

ကုမ္ပဏီနှင့် အဖွဲ့အစည်းများသည် နည်းပညာကျွမ်းကျင်မှု၊ စီးပွားရေးအမြင်နှင့် ထိရောက်သည့် လူမှုဆက်ဆံရေးစွမ်းရည်ရှိသည့် အင်ဂျင်နီယာများကို  ရှာဖွေ ရင်းနှီးမြှုပ်နှံမှုပြုလုပ်လျက်ရှိကြပါသည်။

အင်ဂျင်နီယာ နည်းပညာဆိုင်ရာ လုပ်ငန်းများ စီမံခန့်ခွဲမှု ပညာရပ်ဆိုင်ရာ ဆွေးနွေးဟောပြောတက်ရောက်ရန် Kaplan Myanmar University College ၊ အမှတ်- အေ/၆၊ ၀ဂ္ဂီရိပ်သာလမ်း ၊ (ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ ရှေ့လမ်း)၊ လှည်းတန်းအနီး၊ ကမာ ရွတ်မြို့နယ်။ ဖုန်း09 777 63 6000, 09 777 68 6000 ကို  ဖိတ်ခေါ်ထားကြောင်းသိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

https://www.facebook.com/mandalaytechnologicaluniversity/photos/pcb.742273349458962/742272646125699/?type=3&theater

News Read 2637 times