Sales Hotline : 09448001653       Download App



မည်သူမဆို အခမဲ့ တက်ရောက်လေ့လာနိုင်တဲ့ Japan Education Fair

မည်သူမဆို အခမဲ့ တက်ရောက်လေ့လာနိုင်တဲ့ Japan Education Fair

Japan Education Fair 2018 သို့ဖိတ်ကြားခြင်း

မင်္ဂလာပါ………

ဂျပန်ဘာသာသင် ကျောင်းသား၊ကျောင်းသူများ နှင့် မိဘညီအကိုမောင်နှမများခင်ဗျာ...

ဂျပန်နိုင်ငံရှိ ကျောင်းများသို့ အလွယ်တကူ သွားရောက်ပညာသင်ကြားနိုင်ရန် ရည်ရွယ်၍ Japan Education Fair 2018 ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပါမည်။ မည်သူမဆို အခမဲ့လာရောက် လေ့လာနိုင်ပါသည်။

သက်ဆိုင်ရာဂျပန်စာသင်ကျောင်းမှ တာဝန်ရှိသူများနှင့်တိုက်ရိုက်တွေ့ဆုံမေးမြန်းနိုင်ရန် ဂျပန် မြန်မာစကားပြန်များကိုလည်း စီစဉ်ထားပါသည်။ ဂျပန်နိုင်ငံသို့ သွားရောက်ပညာသင်ကြားရန် ရည်ရွယ်ထားသူများအတွက် အကောင်းဆုံးအခွင့်အရေး တစ်ရပ်ဖြစ်ပါသည်။

မန္တလေးမြို့တွင်

ကျင်းပမည့်နေ့ရက်   - ၂၂.၀၉.၂၀၁၈ (စနေနေ့)။

ကျင်းပမည့်အချိန်  - နံနက် (၁၀း၀၀) နာရီ မှ နေ့လယ် (၁၄း၀၀) နာရီ အထိ။

ကျင်းပမည့်နေရာ  - Hotel Mandalay (မြေညီထပ် နှင်းဆီဖြူ ခန်းမ)

ရန်ကုန်မြို့တွင်

ကျင်းပမည့်နေ့ရက် - ၂၃.၀၉.၂၀၁၈ (တနင်္ဂနွေနေ့)။

ကျင်းပမည့်အချိန် - နံနက် (၀၉း၃၀) နာရီ မှ နေ့လယ် (၁၄း၃၀) နာရီ အထိ။

ကျင်းပမည့်နေရာ - Sakura Tower (၂၀ ထပ်)၊Sky Bistro Restaurant

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

News Read 2107 times