Sales Hotline : 09448001653       Download App



မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ဘွဲ့ရများ၏ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုများပြားလာ

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ဘွဲ့ရများ၏ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုများပြားလာ

ယခုအခါ အလုပ်အကိုင်အခွမ်းအလမ်း ရှာဖွေပေးနိုင်မှု ယခင်နှစ်များထက် ပိုမိုများပြားလာသည်။

လက်ရှိအနေအထားအရ မြန်မာနိုင်ငံရေကြောင်းပညာအနေဖြင့်

- ရေယာဉ်တည်ဆောက်မှု အင်ဂျင်နီယာဘာသာရပ် (NA)၊

- တော်ဝင်ရေယာဉ်ဗိသုကာ၊

- ဆိပ်ကမ်းအင်ဂျင်နီယာဘာသာရပ်နှင့် အခြားရေကြောင်းဆိုင်ရာဘာသာရပ်၊

- ရေကြောင်းလျှပ်စစ်နှင့် အီလက်ထရွန်နစ်ဘာသာရပ်၊

- ရေကြောင်းစက်မှုအင်ဂျင်နီယာ ဘာသာရပ်၊

- ရေယာဉ်တည်ဆောက်မှု ဘာသာရပ်၊

- သင်္ဘောလုပ်ငန်း စီမံခန့်ခွဲမှု ဘာသာရပ်၊

- ဆိပ်ကမ်းစီမံခန့်ခွဲမှု ဘာသာရပ်၊

-ထောက်ပံ့သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှု ဘာသာရပ်နှင့် အခြားရေကြောင်းဆိုင်ရာ ဘာသာရပ်များကို ဘာသာရပ်အလိုက် BE ဘွဲ့နှင့် B.Sc ဘွဲ့စသည်ဖြင့် စုစုပေါင်း ဘွဲ့ခုနှစ်ဘွဲ့၊ ဒီပလိုမာ သုံးခုကို နှစ်နှစ်သင်တန်းအဖြစ် ဖွင့်လှစ်ပေးနေသည်။

"ကျောင်းကနေ ဘွဲ့ပေးတဲ့ ဘွဲ့ခုနှစ်ခုမှာ သုံးခုက သင်္ဘောလိုင်းတိုက်ရိုက်လိုက်နိုင်ပါတယ်၊ အဲဒီအတွက် shipping ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး scholar နဲ့ပတ်သက်တဲ့ ကျောင်းတက်နေတုန်းခေါ်တာနဲ့ ကျောင်းပြီး ဘွဲ့ရမှခေါ်တဲ့ Non-Scholar ဆိုပြီး စာ ချုပ်ချုပ်ဆိုကာ အလုပ်အကိုင် အခွင့်အလမ်းရရှိဖို့ ဖန်တီးပေးနေပါတယ်။

ဒီနည်းတွေနဲ့လည်း ကျောင်းသားများ သင်္ဘောလိုက်နိုင်တဲ့ အလုပ်အကိုင်ရရှိစေဖို့ ဆောင်ရွက်ပေးတာ အတော်ကြီးကို အဆင်ပြေပါတယ်။ သင်္ဘောမဟုတ်ဘဲ ကျန်တဲ့ လေးဘာသာက ဘွဲ့ရတွေအနေနဲ့ ပြည်တွင်းက စက်ရုံ၊ အလုပ်ရုံများ အပြင် အစိုးရအဖွဲ့အစည်းတွေနဲ့ပါ ချိတ်ဆက်ကာ ဆောင်ရွက်ပေးနေပါတယ်။

အထူးသဖြင့် ဂျပန်နိုင်ငံရှိ အဖွဲ့အစည်း သုံးခုလောက်နဲ့ ချိတ်ဆက်ပြီး ဒီနှစ်နှစ်၊ သုံးနှစ်ကာလအတွင်းမှာ အလုပ်အကိုင်အတွက် လွှတ်ပေးနေတာ အခုဆို ၁၀၀ ကျော်လောက်ရှိနေပါပြီ။" ဟု မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ပါမောက္ခချုပ်က ပြောသည်။

ယခုအခါ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်အနေဖြင့် ကျောင်းဆင်းဘွဲ့ရများကို ၂၀၁၇ ခုနှစ်အထိ ၁၂ ကြိမ်တိုင်တိုင် အပ်နှင်းခဲ့ပြီးဖြစ်ရာ ရေကြောင်းဘက်ဆိုင်ရာ ဘွဲ့နှင့် ဒီပလိုမာ ဘွဲ့ရ ကျောင်းသား/သူ စုစုပေါင်း ၄၈၆၀ အား မွေးထုတ်ပေးနိုင်ခဲ့သည်။

နိုင်ငံတကာသင်္ဘောလိုင်းများ၊ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီကြီးများနှင့် ပြည်တွင်း အစိုးရဌာန ဆိုင်ရာများတွင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် အလုပ်အကိုင်များ ၀င်ရောက်လုပ်ကိုင်နေကြပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှ သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။


source: ကြေမှုံ

News Read 2199 times