Sales Hotline : 09448001653       Download App



အင်ဂျင်နီယာအဆင့် ဖွံ့ဖြိုးရေးသင်တန်း (EDP) နှင့် (PDP) သင်တန်းဖွင့်လှစ်မည်

အင်ဂျင်နီယာအဆင့် ဖွံ့ဖြိုးရေးသင်တန်း (EDP) နှင့် (PDP) သင်တန်းဖွင့်လှစ်မည်

အင်ဂျင်နီယာအဆင့် ဖွံ့ဖြိုးရေးသင်တန်း Engineer Development Program (EDP)/ အင်ဂျင်နီယာ ပညာရှင် အဆင့်ဖွံ့ဖြိုးရေးသင်တန်း Professional Development Program (PDP) သင်တန်းအမှတ်စဉ် (/၂၀၁၉) ဖွင့်လှစ်မည်ဖြစ်ပါသည်။

 

မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ မှတ်ပုံတင်အကြီးတန်းအင်ဂျင်နီယာ (Registered Senior Engineer) နှင့် မှတ်ပုံတင်အင်ဂျင်နီယာပညာရှင် (Professional Engineer) လျှောက်ထားသူများအတွက် လိုအပ်ချက်တစ်ခုဖြစ်သည့် အင်ဂျင်နီယာအဆင်ဖွံ့ဖြိုးရေးသင်တန်း Engineer Development Program (EDP)/ အင်ဂျင်နီယာပညာရှင်အဆင့်ဖွံ့ဖြိုးရေးသင်တန်း Professional Development Program (PDP) သင်တန်းအမှတ်စဉ် (/၂၀၁၉) ကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၇) ရက်နေ့နှင့် (၁၈) ရက်နေ့များတွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီရုံး အမှတ်(/က)၊ ခရေပင်လမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ တက်ရောက်လိုသူများအနေဖြင့်

 

** မှတ်ပုံတင်အကြီးတန်းအင်ဂျင်နီယာ/မှတ်ပုံတင်အင်ဂျင်နီယာပညာရှင်လျှောက်ထားပြီးသော ငွေသွင်းချလန်ဖြတ်ပိုင်း (စိစစ်ရန်အတွက်)

 

** ပတ်စ်ပို့ဓါတ်ပုံတစ်ပုံ

 

** KBZ Bank Acc : 235-235001-37-301 သင်တန်းကြေးသွင်းချလန်မူရင်းနှင့် မိတ္တူတစ်စုံ ဖြင့် လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ ၂၀၁၉ ခုနှစ်၊ ဇူလိုင် () ရက်နေ့မှ သြဂုတ်လ (၁၄) ရက်နေ့အထိ ရုံးချိန်အတွင်း နောက်ဆုံးထား၍ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီရုံး၊ အမှတ် ၅(က)၊ ခရေပင်လမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့တွင် လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။

 

Read More>>>>> ရန်ကုန်ပညာရေးတက္ကသိုလ်တွင် University Management System စတင်အသုံးပြုမည်

 

** နံနက် (၉း၃၀) နာရီမှ (၁၂း၀၀) နာရီအထိ၎င်း၊ နေ့လည် () နာရီမှ ညနေ () နာရီအထိ ၄င်းရုံးဖွင့်ရက်အတွင်းသာ)**

 

Source: Myanmar Engineering Council

 

News Read 1437 times