Sales Hotline : 09448001653       Download App



" ရန်ကုန်နှင့်မန္တလေးတွင် Japanese Style Bookkeeping (JCCI) စာမေးပွဲကျင်းပမည် "

" ရန်ကုန်နှင့်မန္တလေးတွင် Japanese Style Bookkeeping (JCCI) စာမေးပွဲကျင်းပမည် "

Japanese Style Bookkeeping (JCCI) စာမေးပွဲကို ရန်ကုန်နှင့် မန္တလေးမြို့များမှာကျင်းပသွားမည်ဖြစ်ပါသည်။

 

မြန်မာ-ဂျပန်စင်တာ၊ ရန်ကုန်ရုံးမှာ Japanese Style Bookkeeping (JCCI) စာမေးပွဲကို ဇွန်လ ၂ ရက်နေ့မှာလည်းကောင်း၊ မန္တလေးရုံးမှာ ဇွန်လ ၉ ရက်မှာလည်းကောင်း ကျင်းပသွားမှာဖြစ်သည်ဟု သိရှိရပါသည်။

 

Read More: " SIM Global Educational ၏ Study Tour အစီအစဉ်သို့လျှောက်ထားနိုင် "

 

ဖြေဆိုသူများအနေဖြင့် ဓါတ်ပုံ ၃ ပုံနှင့်အတူ စာမေးပွဲကြေး ၁၀,၀၀၀ ကျပ်နှင့်အတူ စာရင်းပေးသွင်းရမှာ ဖြစ်ပါသည်။

 

မြန်မာ-ဂျပန်စင်တာမှာ JCCI Bookkeeping သင်တန်းတက်ရောက်ဖူးသူများ၊ JCCI Bookkeeping စာမေးပွဲကိုလာရောက်ဖြေဆိုသူများအတွက် စာမေးပွဲအကြိုလေ့ကျင့်မှုသင်တန်းတွေကို ရန်ကုန်ရုံး၊ ဇွန်လ ၁ ရက်နေ့နှင့် မန္တလေးရုံး၊ ဇွန်လ ၈ ရက်နေ့တို့တွင် နံနက် ၉ နာရီ မှ ညနေ ၄ နာရီ အထိပြုလုပ်ပေးမှာဖြစ်ပြီး မတက်ရောက်ဖူးသူများလည်း သင်တန်းကြေး ၅,၀၀၀ ကျပ်ပေးသွင်းပြီးတက်ရောက်နိုင်မှာ ဖြစ်ပါသည်။

 

Source: Internet Journal

 

 

News Read 1122 times