Sales Hotline : 09448001653       Download App



၈ တန်းအောင်ပြီးသူတိုင်း သင်တန်းကြေး အခမဲ့ဖြင့် သင်ကြားနိုင်မည့်အခွင့်အရေး....

၈ တန်းအောင်ပြီးသူတိုင်း သင်တန်းကြေး အခမဲ့ဖြင့် သင်ကြားနိုင်မည့်အခွင့်အရေး....

ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန နှင့် မေတ္တာအလင်းအသင်း (Myitta-A-Lin Association)၊ Korea International Cooperation Agency (KOICA) နှင့် ကိုရီးယားနိုင်ငံအခြေစိုက် WITH အဖွဲ့အစည်းတို့၏ ပူပေါင်းဆောင်ရွက်မှုဖြင့် စားသောက်ကုန် ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာသက်မွေးပညာသင်တန်း အပတ်စဉ် (၂) ကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ဖွင့်လှစ်ပါမည် -

(၁) သင်တန်းဖွင့်လှစ်မည့်ရက် - ၂၀၁၉ ခုနှစ် မေလ (၆) ရက်

(၂) သင်တန်းဖွင့်လှစ်မည့်နေရာ - G.T.H.S (လှိုင်သာယာ)၊ ဗိုလ်အောင်ကျော်လမ်း (မီးခွက်ဈေးအနီး၊ မီးခွက်ဈေးမှတ်တိုင်တွင် ဆင်းရပါမည်)

(၃) ပို့ချမည့်သင်တန်းများ

• ပေါင်မုန့်နှင့် ကိတ်မုန့်ဖုတ်သင်တန်း (Baking & Confectionery Course) - သင်တန်းသား (၂၀) ဦး၊

• အနောက်တိုင်းနှင့် အရှေ့တိုင်းအစားအစာ အချက်အပြုတ်သင်တန်း (Food Service and Culinary Course) - သင်တန်းသား (၂၀) ဦး၊

• ကော်ဖီနှင့် ဖျော်ရည်သင်တန်း (Beverage Course) - သင်တန်းသား (၂၀) ဦး၊

(၄) သင်ကြားမည့်ကာလ (စုစုပေါင်း (၁၆) ပတ်)

• ၂၀၁၉ ခုနှစ်၊ မေလ (၆) ရက် မှ ဇူလိုင်လ (၂၆) ရက် (၁၂ ပတ်) - စာတွေ့နှင့်လက်တွေ့သင်ကြားခြင်း

• ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၅) ရက် မှ (၃၀) ရက် (၄ ပတ်) - လုပ်ငန်းခွင်လက်တွေ့ဆင်းခြင်း

(၅) သင်တန်းသား၊ သင်တန်းသူတို့၏ လိုအပ်ချက်များ

(က) အခြေခံပညာအလယ်တန်း (အဋ္ဌမတန်း) အောင်မြင်ထားပြီး အခြေခံအင်္ဂလိပ်စာ နားလည်သူ ဖြစ်ရပါမည်။ (အခြေခံပညာ အထက်တန်းမအောင်မြင်သောသူများကို ဦးစားပေးခေါ်ယူသော အစီအစဉ် ဖြစ်ပါသည်။)

(ခ) အကျင့်စာရိတ္တကောင်းမွန်ပြီး လုပ်ငန်းခွင်နှင့်သင့်တော်သော ကျန်းမာရေးရှိရပါမည်။

(ဂ) သင်တန်းတက်ရောက်ခွင့်ရသောနေ့တွင် အသက် (၁၅) နှစ်ပြည့်ပြီး အသက် (၂၁) နှစ် မပြည့်သေးသူ ဖြစ်ရပါမည်။

(၆) ထောက်ပံ့မှုအစီအစဉ်များ

သင်တန်းများသည် အခမဲ့သင်တန်းများ ဖြစ်သည့်အပြင်

♡ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်း

♡ သင်တန်းတက်ရောက်နေသည့် ကာလအတွင်း လစဉ်လမ်းစရိတ် (၃၀၀၀၀) နှင့် နေ့လည်စာ ကျွေးခြင်း

♡ သင်တန်းဝတ်စုံ(အင်္ကျီ) နှင့် လက်တွေ့ခန်းဝတ်စုံ ထောက်ပံ့ပေးခြင်း (အနက်ရောင်ဘောင်းဘီရှည်ကို သင်တန်းသားမှ ကိုယ်တိုင်ဝယ်ယူ ဝတ်ဆင်ရပါမည်။)

♡ ထူးချွန်ကျောင်းသားကျောင်းသူများကို သင်တန်းပို့ချသည့်ကာလ ပြီးဆုံးသည့်အချိန်တွင် အလုပ်အကိုင်နှင့် မိတ်ဆက်ပေးခြင်း တို့ကိုလည်း ပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။

(၇) သင်တန်းဆင်းလက်မှတ်

သတ်မှတ်ကျောင်းခေါ်ချိန်ပြည့်မီ၍ စာမေးပွဲဖြေဆိုအောင်မြင်ပြီး လုပ်ငန်းခွင်လက်တွေ့သင်တန်း ပြီးမြောက်သူများသည် သင်တန်းပြီးဆုံးကြောင်း အသိအမှတ်ပြု သင်တန်းဆင်းလက်မှတ် (certificate) ရရှိမည် ဖြစ်ပါသည်။

(၈) လျောက်လွှာတင်ရန် လိုအပ်သော စာရွက်စာတမ်းများ -

(၁) ဝင်ခွင့်လျှောက်လွှာ၊

(၂) ပတ်စ်ပို့ဓာတ်ပုံတစ်ပုံ၊

(၃) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊

(၄) ပညာအရည်အချင်းအတွက်ထောက်ခံချက်၊

(၅) ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်။

ဝင်ခွင့်လျောက်လွှာကို အစိုးရနည်းပညာအထက်တန်းကျောင်း (လှိုင်သာယာ)၊ အစိုးရနည်းပညာ အထက်တန်းကျောင်း (ရွာမ) နှင့် WITH-မေတ္တာအလင်းအသင်း ရုံးခန်းများတွင် ရယူနိုင်ပြီး Facebook Page: “F&BVT” မှလည်း Download ဆွဲယူနိုင်ပါသည်။

ကြော်ငြာပါသည့်နေ့မှ (၂၉-၃-၂၀၁၉) ရက်နေ့အထိ နံနက် (၉) နာရီမှ ညနေ (၄) နာရီ အတွင်း အထက်ပါရုံးများသို့ လျှောက်ထားနိုင်ပါသည်။ (အစိုးရရုံးပိတ်ရက်များ ပိတ်မည် ဖြစ်ပါသည်။)

လူတွေ့မေးမြန်းခြင်း

(က) သတ်မှတ်ထားသည့် အရည်အချင်းများ ပြည့်မီသော လျှောက်ထားသူများသည် လူတွေ့မေးမြန်းခြင်း (Interview) ဖြေဆိုရပါမည်။

(ခ) လူတွေ့မေးမြန်း၍ ဖြေဆိုအောင်မြင်သူများသည် ကျန်းမာရေးဆေးစစ်ချက် ဆက်လက်ခံယူပြီး ရောဂါ ကင်းရှင်းသူဖြစ်မှသာ ဝင်ခွင့်ရမည်ဖြစ်သည်။

(၈) ဆက်သွယ်ရန်

အသေးစိတ်အချက်အလက်များသိရှိလိုပါက

- အစိုးရနည်းပညာအထက်တန်းကျောင်း(လှိုင်သာယာ)၊ ဗိုလ်အောင်ကျော်လမ်း(မီးခွက်ဈေးအနီး)၊ လှိုင်သာယာမြို့နယ်။ ဖုန်း (၀၉-၂၆၆၀၈၀၅၃၈)

- အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ)၊ ပြည်တော်သာ၊ ဘုရင့်နောင်လမ်းမကြီး၊ အင်းစိန်မြို့နယ်။ ဖုန်း (၀၁၃-၆၄၁၆၉၆)

- WITH - မေတ္တာအလင်းအသင်း၊ အမှတ်(၅၉၂) ဓမ္မာရုံလမ်း၊ ရွာမအရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်။ ဖုန်း (၀၉-၄၄၇၄၆၂၆၈၈) တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

News Read 4204 times