Sales Hotline : 09448001653       Download App



ဟိုတယ်နှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများကို အခမဲ့သင်ကြားပေးမည်

ဟိုတယ်နှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများကို အခမဲ့သင်ကြားပေးမည်

ဟိုတယ်နှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများတက်ရောက်ရန် အခွင့်အလမ်းများ ရှာဖွေနေပါသလား။

ဟိုတယ်လုပ်ငန်းလေ့ကျင့်ရေး လုပ်ငန်းစဉ် (Hotel Training) မှ ပို့ချမည့်ဧည့်ဝန်ဆောင်မှုဆိုင်ရာ အခမဲ့သင်တန်းများ တက်ရောက်နိုင်မည့် အခွင့်အရေး

ဟိုတယ်လုပ်ငန်းလေ့ကျင့်ရေး ကနဦးထောင်ရွက်မှု လုပ်ငန်းစဉ်သည် ဆွစ်နည်းပညာပူးပေါင်းဆောင်ရွက်ရေး ဖောင်ဒေးရှင်း (Swisscontact) မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှု အတတ်ပညာ ဖွံ့ဖြိုးမှု အစီအစဉ် (VSDP) ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

ဤလုပ်ငန်းစဉ်အတွက် ရန်ပုံငွေအား ဆွစ်ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SDC) မှပံ့ပိုးထားခြင်း ဖြစ်သည်။

(VSDP) အစီအစဉ်၏ ပထမပိုင်းအကောင်အထည်ဖော်ခဲ့သည့် ၂၀၁၅ စက်တင်ဘာလမှ ၂၀၁၈ ဧပြီလအထိ ဟိုတယ်လုပ်ငန်းဆိုင်ရာ လက်တွေ့ သင်တန်းများကို အခွင့်အရေးလက်လှမ်းမမှီသူများအား ရန်ကုန်၊ ပုဂံ၊ မန္တလေးနှင့် နေပြည်တော်မြို့များရှိ မိတ်ဖက်ဟိုတယ်များနှင့် ပူးပေါင်း၍ ဩဝန်ဆောင်မှုသင်တန်း (၉) ကြိမ် ပို့ချခဲ့ပြီး သင်တန်းသား ၃,၀၄၄ ဦး သင်တန်းတက်ရောက်ပြီးဆုံးခဲ့ပါသည်။

ယခု၂၀၁၈-အ ကောင်အထည်ဖော်မည့် စီမံကိန်းကာလအတွင်း MHTi - M Hospitality & Tourism Institute မှရန်ကုန်မြို့ ရှိ မိတ်ဖက်ဟိုတယ်များတွင် အလားတူသင်တန်းများ ဆက်လက်ပို့ချသွားမည်ဖြစ်ပါသည်။

ရည်ရွယ်ချက်

သင်တန်းများအားလုံးသည် ကျွမ်းကျင်မှုနှင့် ၀င်ငွေတိုးပွားလာစေရန်နှင့် ဖွံ့ဖြိုးတိုးတက်နေသော ဟိုတယ်လုပ်ငန်းကဏ္ဍတွင် အလုပ်အကိုင် အခွင့်အလမ်းများရရှိ၍ အသက်မွေးဝမ်းကျောင်း ပြုနိုင်ရန် ရည်ရွယ်သည်။

ပို့ချမည့် သင်တန်းအမျိုးအစားများ

- အိပ်ခန်းထောင် ထိန်းသိမ်းရေးဝန်ထမ်း (Room Attendant)

-  အစားအသောက် တည်ခင်းဧည့်ခံသူ (Waiting staff)

- ခရီးဦး ကြိုဆိုသူ (Bell service Staff)

သင်တန်း ကာလ

- အကြိုပြင်ဆင်သည့် သင်တန်း (Preparatory Course) (၅ ရက် - နာရီအားဖြင့် ၃၆ နာရီ)

- ဧည့်ဝန်ဆောင်မှု သင်တန်း (Hospitality Course)(သီတင်းပတ် ၇ ပတ် - စနေနှင့် တနင်္ဂနွေနေ့များ မပါဝင်ပါ) စာတွေ့၊ လက်တွေ့သင်ကြားမည် ဖြစ်သည်။

သင်တန်း တည်နေရာ

အကြိုပြင်ဆင်သည့် သင်တန်းများအား သက်ဆိုင်ရာ မြို့နယ်အတွင်းရှိ သင့်လျော်မည့် နေရာများတွင် ပို့ချမည်ဖြစ်ပြီး၊ ဧည့်ဝန်ဆောင်မှု ဆိုင်ရာ စာတွေ့၊ လက်တွေ့ သင်တန်းများအား ရန်ကုန်မြို့ ရှိ ကြယ်သုံးလုံးနှင့် ကြယ်လေးလုံး အဆင့်ရှိ ဟိုတယ်များ၌ ပို့ချသွားမည်ဖြစ်သည်။

သင်တန်းဝင်ခွင့် လိုအပ်ချက်

- ဟိုတယ်နှင့် ဧည့်ဝန်ဆောင်မှု လုပ်ငန်းများတွင် အလုပ်အကိုင်ရရှိရန် စိတ်အားထက်သန်သူ

- စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်သူ

- လိုက်လျောညီထွေရှိပြီး လူမှုဆက်ဆံရေး ကောင်းမွန်သူ

- ရိုးသား၊ ကြိုးစားပြီး တက်ကြွစွာ ပါဝင်ဆောင်ရွက်သူ

- အခြေခံပညာ အထက်တန်းအဆင့် (န၀မတန်း) အထိ တက်ရောက်အောင်မြင်သူ

- အင်္ဂလိပ်စာ အခြေခံရှိပြီး၊ ဟိုတယ်လုပ်ငန်းအား နားလည်သူများ အနေဖြင့် အခွင့်သာမည် ဖြစ်သည်။

မှတ်ချက် - သင်တန်းများ တက်ရောက်ရန် ကျား/မ ခွဲခြားထားခြင်း မရှိပါ။ ဖော်ပြပါ ၀င်ခွင့်လိုအပ်ချက်များနှင့် ကိုက်ညီပါက မိမိနှစ်သက်ရာ သင်တန်းအား လျှောက်ထားနိုင်ပါသည်။

သင်တန်းသားများရရှိမည့် အခွင့်အရေး

- သင်တန်းတက်ရောက်ခွင့် ရသူများအနေဖြင့် သင်တန်းကြေးငွေ ပေးသွင်းရန် မလိုပါ။

- အကြိုပြင်ဆင်သည့် သင်တန်းကာလအတွင်း နေ့စဉ်စရိတ် (စားသောက်စရိတ်၊ ခရီးစရိတ်အဖြစ်) တစ်ရက်လျင် ၄,၀၀၀ကျပ်နှင့် ဧည့်ဝန်ဆောင်မှု သင်တန်းကာလအတွင်း တစ်ရက်လျင် ၃,၀၀၀ကျပ် နှုန်းဖြင့် ထောက်ပံ့မည် ဖြစ်ပါသည်။

- သင်တန်းအား အောင်မြင်စွာ တက်ရောက်ပြီးဆုံးသောအခါ သင်တန်းဆင်း အောင်လက်မှတ် ရရှိမည်ဖြစ်သည်။

စိတ်ပါဝင်စားသူများအနေဖြင့် ဒေါ်မင်းအေး၊ ဒေါ်နီလာကြည်မြင့်။ ဖုန်းနံပါတ် ၀၉-၅၀၄၄၀၆၂၊ ၀၉-၉၇၂၉၉၆၆၉၈ သို့ ဆက်သွယ်ပါရန်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

News Read 2916 times