Sales Hotline : 09448001653       Download App



၂၀၁၆-၂၀၁၇ တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို ပညာရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website များတွင်လည်း ထုတ်ပြန်မည်

၂၀၁၆-၂၀၁၇ တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို ပညာရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website များတွင်လည်း ထုတ်ပြန်မည်

၂၀၁၆-၂၀၁၇ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို ယခုလတွင် ထုတ်ပြန်မည်ဖြစ်ပြီး တိုင်းဒေသကြီးပြည်နယ်အလိုက် စာမေးပွဲကျင်းပခဲ့သော စာစစ်ဌာနများတွင် ထုတ်ပြန်မည်ဖြစ်သလို ပညာရေးဝန်ကြီးဌာန၏ တရားဝင်စာမျက်နှာ www.moe.edu.mm နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website တို့မှလည်း ကြေညာသွားမည်ဖြစ်သည်။

ယခုနှစ်တွင် ပညာရေးဝန်ကြီးဌာန၏ တရားဝင် Facebook Page မှတစ်ဆင့် ထုတ်ပြန်ရန်မှာ မသေချာကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Facebook Page က မသေချာပါဘူး။ Website ကနေပဲတင်ပေးမယ်။ အခုက မိုဘိုင်းဖုန်းတွေကနေ ကြည့်တာများတော့ Website က နေကြည့်ရတာ နည်းနည်းခက်တယ်။ စာစစ် Website ကလည်း pdf ဖိုင်ပဲ တင်တာဆိုတော့ တစ်ဖိုင်လုံး ဒေါင်းလုတ် ယူပြီးမျ ကြည့်လို့ရတာ။ ပညာရေးဝန်ကြီးဌာန Website ကလည်း pdf ဖိုင်ပဲ လာမှာ ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာန၏ Website မှတစ်ဆင့် ကြေညာရာတွင် ဖိုင်များကို ဒေါင်းလုတ် ရယူပြီးမှသာ ကြည့်ရှုနိုင်သည်ဖြစ်သည့်အတွက် အောင်စာရင်းအား ကြည့်ရှုရန် ဖွင့်လှစ်လိုက်လျှင် တစ်ခါတည်းကြည့်ရှုနိုင်မည့် အောင်စာရင်း အက်ပလီကေးရှင်းတစ်ခုကိုလည်း စမ်းသပ်လျက်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိပါက ထိုအက်ပလီကေးရှင်းကို ဒေါင်းလုတ်ရယူနိုင်ရန် Google Play Store တွင် တင်ပေးမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား၊ ကျောင်းသူ ခုနှစ်သိန်းခုနှစ်သောင်းကျော် ၀င်ရောက်ဖြေဆိုထားပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 8508 times