Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်တန်းဝင်ခွင့်လျှောက်လွှာများကို သတ်မှတ်နှုန်းထားထက် ပိုမိုရောင်းချသည့် ကျောင်းအုပ်များနှင့် မြို့နယ်ပညာရေးမှူးရုံးများကို တိုင်ကြားနိုင်

တက္ကသိုလ်ဝင်တန်းဝင်ခွင့်လျှောက်လွှာများကို သတ်မှတ်နှုန်းထားထက် ပိုမိုရောင်းချသည့် ကျောင်းအုပ်များနှင့် မြို့နယ်ပညာရေးမှူးရုံးများကို တိုင်ကြားနိုင်

၂၀၁၉ ခုနှစ် မတ်လတွင် ဖြေဆိုမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ၀င်ခွင့်လျှောက်လွှာများကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ သက်ဆိုင်ရာကျောင်းများ၊ မြို့နယ်ပညာရေးမှူးရုံးများတွင် ရောင်းချပေးနေပြီး တရားဝင် သတ်မှတ်ထားသည့် နှုန်းထားမှာ လျှောက်လွှာဖိုး ကျပ် ၂၀၀ နှင့်စာမေးပွဲဝင်ကြေး ကျပ် ၇၀၀ တန်ငွေသွင်းတံဆိပ်ခေါင်း စုစုပေါင်း ၉၀၀ ကျပ် သာ ကျသင့်မည် ဖြစ်သည်။

အဆိုပါ နှုန်းထားထက် ပိုမိုကောက်ခံနေသော ကျောင်းအုပ်၊ မြို့နယ်ပညာရေးမှူးရုံးများရှိပါက ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ထံမှ တိုင်ကြားနိုင်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

အခြေခံပညာကျောင်း၊ အထက (ခွဲ)၊ ပုဂ္ဂလိကကျောင်းများမှ လျှောက်လွှာတင်သွင်းမည့် ကျောင်းသား/သူများ သည် သက်ဆိုင်ရာ ကျောင်းအုပ်များထံတွင် ၀ယ်ယူနိုင်ပြီး ပြင်ပဖြေ ကျောင်းသား/သူများသည် မြို့နယ်ပညာရေးမှူးရုံး၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန တို့ထံတွင် ၀ယ်ယူနိုင်သည်၊

လျှောက်လွှာများကို ယခုလ ၂၈ ရက်နောက်ဆုံးထားပြီး လျှောက်ထားရမည် ဖြစ်သည်။

သတ်မှတ်ရက်များအတွင်း လျှောက်လွှာတင်သွင်းခြင်းမရှိသည့် လျှောက်လွှာရှင်များအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ရရှိမည် မဟုတ်ဘဲစာဖြေသူ တင်သွင်းသည့် စာမေးပွဲဝင်ခွင့် လျှောက်လွှာနှင့် ကတ်ပြားတွင် ဖော်ပြပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲများကို ပြောင်းလဲဖြေဆိုခွင့်ပေးမည် မဟုတ်ပါ။

မိမိတို့ ဖြေဆိုရမည့် ဘာသာတွဲအလိုက် ပုံစံများ မှန်ကန်မှု ရှိ၊ မရှိ ကို သေချာစွာ စိစစ်ပြီးမှသာ လျှောက်လွှာများ ဖြည့်စွက်ရန် လိုအပ်ပါသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံသို့ စာမေးပွဲဖြေဆိုခွင့်လာရောက်ဝယ်ယူသူမှာ ယနေ့အထိ သုံးသိန်းခန့်ရှိနေပြီ ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: democracy

News Read 1995 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176