Sales Hotline : 09448001653       Download App



နှစ် ၇၀ ခန့်သက်တမ်းရှိ အမေရိကန်စင်တာ နေရာပြောင်းဖွင့်လှစ်

နှစ် ၇၀ ခန့်သက်တမ်းရှိ အမေရိကန်စင်တာ နေရာပြောင်းဖွင့်လှစ်

အမေရိကန်စင်တာအသစ် တွင် စာအုပ် ၁၂,၀၀၀ ကျော်၊ ကွန်ပျူတာ လက်တွေ့ခန်းတစ်ခု၊ ဟောပြောပွဲခန်းမ တစ်ခု၊ ကဖေး ဆိုင်တစ်ခုပါဝင်ပြီး အင်္ဂလိပ်စာ သင်တန်းများနှင့် အခြားသင်တန်း များအတွက် နောက်ဆုံးပေါ်နည်း ပညာများ ပံ့ပိုးထားသည့်အပြင် အမေရိကန်ပညာရေးဆိုင်ရာ အခမဲ့တိုင်ပင်ဆွေးနွေးပေးမည့် ဝန်ဆောင်မှုလည်း ရရှိမည်ဟု အမေရိကန်သံရုံးက သတင်း ထုတ်ပြန်သည်။

အမေရိကန်စင်တာကို လွန် ခဲ့သည့် နှစ် ၇၀ ခန့် ကတည်းက ဒဂုံမြို့နယ် တော်ဝင်လမ်းရှိ ဗြိတိသျှဘဏ် အဆောက် အအုံတစ်ခု တွင် ဖွင့်လှစ်ရာမှ တက္ကသိုလ်ရိပ် သာလမ်းမရှိ အမေရိကန်သံရုံးအ နီး အဆောက်အအုံသစ်သို့ပြောင်း ရွှေ့ ဖွင့်လှစ်ခြင်းဖြစ်သည်။

‘‘အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေ စီ၊ ငြိမ်းချမ်းရေး၊ သာယာဝပြော ရေးနဲ့ လူ့အခွင့်အရေးအတွက် သန္နိဋ္ဌာန်ချထားသလို အမေရိကန် စင်တာကလည်း အဲဒီလို သန္နိဋ္ဌာန် မျိုးကို ကာလရှည်ကြာကတည်း က ရှိထားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် ခုနစ်ခုက မြန်မာပြည် သူတွေ လာရောက်ခဲ့ကြသလိုပဲ တစ်ယောက်နဲ့တစ်ယောက် အ ပြန်အလှန်လေ့လာသင်ယူဖို့၊ အင်္ဂလိပ်စာလေ့လာဖို့၊ အတတ် ပညာတွေအတွက် နည်းပညာအ သစ်တွေလေ့လာဖို့ အမေရိကန်ပြည်ထောင်စုမှာ ပညာသင်ယူ တာမျိုးလို အခွင့်အလမ်းတွေ ရရှိချိတ်ဆက်ဖို့အတွက် အမေရိ ကန်စင်တာအသစ်ကြီးဆီကို လာ ရောက်ကြမယ်လို့ မျှော်လင့်ပါ တယ်’’ဟု အမေရိကန်နိုင်ငံဆိုင် ရာ မြန်မာသံအမတ်ကြီး မာစီ ရယ်လ်က ပြောသည်။

READ - ၂၀၁၈ ခုနှစ် ကမ္ဘာ့ထိပ်တန်းဝင် တက္ကသိုလ် (၁၀) ခု

အမေရိကန်အစိုးရသည် ကမ္ဘာတစ်ဝန်းရှိ အခြားအမေရိ ကန်စင်တာများထက် ရန်ကုန် အ မေရိကန်စင်တာ အတွက် ဘဏ္ဍာငွေ အများဆုံးသုံးစွဲထားကြောင်း အမေရိကန်သံရုံး သတင်းထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်ပြန်ကြားရေး အေဂျင်စီ (USIA) ၏ အမေရိကန် ပြန်ကြားရေးဌာန (USIS) စာ ကြည့်တိုက်အဖြစ် အမေရိကန် စင်တာကို ၁၉၄၉ က စတင်ဖွင့် လှစ်ခဲ့သည်။ စတင်ဖွင့်လှစ်စဉ်က ပင် မြန်မာနိုင်ငံသား လူငယ်များ ကို စာကြည့်တိုက် အသုံးပြုခွင့် ပေးပြီးနောက်ပိုင်းတွင် အင်္ဂလိပ်စာသင်တန်းများ၊ ခေါင်းဆောင်မှုဆိုင်ရာ သင်တန်းများ၊အမေရိကန် အစိုးရ ပညာသင်ဆုဆိုင်ရာ သ တင်းအချက်အလက်များ မျှဝေ ခြင်း၊ ဆွေးနွေးပွဲများ၊ နိုင်ငံတကာ ရုပ်ရှင်ပြသခြင်းများ၊ လူငယ်တွေ့ ဆုံပွဲများ၊ လူငယ်ဖိုရမ်များကို အ ပတ်စဉ်ပြုလုပ်ပေးခဲ့သည်။ 

အမေရိကန်စင်တာတွင် စာ ကြည့်တိုက်အသင်းဝင် ၁၇,၀၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံရှိ အကြီး ဆုံး စာကြည့်တိုက်များ အနက် တစ်ခုအပါအဝင်အဖြစ် သတ် မှတ်ခံထားရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: 7day daily

News Read 1416 times