Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်တန်းဖြေဆိုနေစဉ် အရေးပေါ်အခြေအနေများ ပေါ်ပေါက်ပါက စာစစ်ဌာနများ ပြောင်းရွှေ့ ဖြေဆိုနိုင်ရန် စီစဉ်ပေးမည်

တက္ကသိုလ်ဝင်တန်းဖြေဆိုနေစဉ် အရေးပေါ်အခြေအနေများ ပေါ်ပေါက်ပါက စာစစ်ဌာနများ ပြောင်းရွှေ့ ဖြေဆိုနိုင်ရန် စီစဉ်ပေးမည်

စာစစ်ဌာနများကို ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရန်အတွက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။

“ဒီနှစ်မှာ မနှစ်က ပဋိပက္ခဖြစ်ပွားခဲ့တဲ့နေရာတွေကတော့ ပုံမှန်အခြေအနေဖြစ်နေတယ်။ လောလောဆယ်ပုံမှန် အနေအထားပဲဆိုတော့ အဲဒီဒေသတွေက ကျောင်းသား/သူတွေကို သူတို့ အဆင်ပြေမယ့် ဖြေချင်တဲ့နေရာတွေကို လျှောက်လွှာတင်ကတည်းက စီစဉ်ပေးထားပြီးသားပါ။ မနှစ်ကဆိုရင် တိမ်းရှောင် သွားတဲ့ကလေးတွေကို သူတို့ရောက်တဲ့နေရာတွေမှာ ဖြေနိုင်ဖို့အတွက် သက်ဆိုင်ရာစာစစ်ဌာနတွေ၊ ပညာရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ခဲ့တယ်။ တကယ်လို့ ပဋိပက္ခဖြစ်ပွားတတ်တဲ့ နေရာတွေမှာ အရေးပေါ်အခြေအနေဖြစ်ရင်တော့ စာဖြေတဲ့သူတွေ အဆင်ပြေမယ့်နေရာတွေ ဒေသအာဏာပိုင်၊ ဒေသပညာရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ဆက်လက်ဖြေဆို နိုင်ရေးကို ဆောင်ရွက်ပေးသွားမှာပါ” ဟု ပြောသည်။

READ - အဝေးသင်တက္ကသိုလ်များ၏ ဒုတိယနှစ်နှင့်အထက် သင်တန်းများ ဖေဖော်ဝါရီလ ၆ ရက်တွင် ဖွင့်လှစ်မည်

၂၀၁၇ ခုနှစ် မတ်လ ၆ ရက်နေ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပရန် နှစ်ရက်အလိုတွင် ရှမ်းပြည်နယ် လောက်ကိုင်ဒေသတွင် MNDAA အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယင်းဒေသတွင် ဖွင့်လှစ်ခဲ့သော တက္ကသိုလ်ဝင်တန်းစာစစ်ဌာနကို အထက၂ (တပ်တွင်း) တွင် ဖြေဆိုရန် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ရပြီး တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ကျောင်းသား/သူများသည် အခြားနေရာများသို့ ရောက်ရှိခဲ့ရပြီး ရောက်ရှိရာ အရပ်ရှိ စာစစ်ဌာနများတွင် ဖြေဆိုခွင့်ရရှိစေရန်အတွက် သက်ဆိုင်ရာ ပညာရေးမှူးရုံးများနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

ယခုနှစ်တွင် ဖြေဆိုမည့် တက္ကသိုလ်ဝင်တန်းအတွက် စာစစ်ဌာနပေါင်း ၁၄၀၀ ကျော် ဖွင့်လှစ်ထားပြီး လောက်ကိုင်ဒေသတွင် ၀င်ရောက်ဖြေဆိုမည့် ကျောင်းသား/သူ အရေအတွက်မှာ ၁၀၀ ၀န်းကျင်ခန့် ရှိကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 1610 times