Sales Hotline : 09448001653       Download App



လစ်လပ်နေသည့် အထက်တန်းပြနှင့် မူလတန်းပြနေရာများတွင် လက်ရှိ အလယ်တန်းပြနှင့် ဘွဲ့ရအထွေထွေလုပ်သားများဖြင့် ဖြည့်ဆည်းခန့်ထားမည်

လစ်လပ်နေသည့် အထက်တန်းပြနှင့် မူလတန်းပြနေရာများတွင် လက်ရှိ အလယ်တန်းပြနှင့် ဘွဲ့ရအထွေထွေလုပ်သားများဖြင့် ဖြည့်ဆည်းခန့်ထားမည်

တိုင်းဒေသကြီးပြည်နယ်အသီးသီးတွင် လိုအပ်လျက်ရှိသော မူလတန်းပြရာထူးနေရာနှင့် အထက်တန်းပြ ရာထူးနေရာများအတွက် ဘွဲ့ရအထွေထွေလုပ်သားများနှင့် အလယ်တန်းပြတို့ဖြင့် ဖြည့်ဆည်းခန့်ထားမည်ဖြစ်ရာ လက်ရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်နေပြီး လုပ်သက် ခြောက်လပြည့်ပြီး M.A, M.Sc, B.Ed ဘွဲ့ရရှိထားသော အလယ်တန်းပြများကို အထက်တန်းပြများအဖြစ်သော်လည်းကောင်း၊ လုပ်သက်နှစ်နှစ်ပြည့်ပြီး ဘွဲ့ရ အထွေထွေလုပ်သားများကို မူလတန်းပြအဖြစ်သော်လည်းကောင်း ဖြည့်ဆည်းခန့်ထားနိုင်ရန် အမည်စာရင်းများ တောင်းခံထားကြောင်း တိုင်းဒေသကြီး ပြည်နယ်ပညာရေးမှူးရုံးများမှ သိရသည်။

READ - ရန်ကုန်တက္ကသိုလ်တွင် ပထမဆုံးအကြိမ်အဖြစ် Environmental Studies ဘွဲ့လွန်ဒီပလိုမာ သင်တန်း စတင်ဖွင့်လှစ်မည်

“သူ့အဆင့်အလိုက် ခန့်ထားရမှာတွေကို တစ်ခုချင်းဖြည့်ဆည်းပေးနေတာပါ။ နေ့စားလပေးတွေကတော့ ဒီအဆင့်တွေခန့်ပြီး ထပ်ပြီးခန့်မယ်လို့ တော့ထင်တယ်။ အခုထိတော့ နေ့စားလပေး မူလတန်းပြန် ခန့်ထားရေးနဲ့ ပတ်သက်ပြီး ရုံးချုပ်က ဘာမှ ညွှန်ကြားတာမျိုး မရှိသေး” ဟု ပြောသည်။

အမည်စာရင်း တင်သွင်းမည့် သူများသည် ရာထူးတိုးမြှင့်ခြင်းခံရပါက မိမိတို့ နေထိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အတွင်းရှိ မည်သည့်မြို့နယ်တွင်မဆို တာဝန်ထမ်းဆောင်နိုင်သူများ ဖြစ်ရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် မတ်လအထိ အခြေခံပညာမူလတန်းပြ ကျောင်းများတွင် မူလတန်းဆရာ၊ ဆရာမ ၁၁၆ ၉၄၈ ဦးရှိပြီး၊ စက်တင်ဘာလတွင် ပညာရေးကောလိပ်ဆင်း ဆရာ၊ ဆရာမ ၁၀၀၀၀ ကျော်ကိုသာ ဖြည့်ဆည်းခန့်ထားနိုင်သေးကြောင်း၊ အထက်တန်းပြ ရာထူးနေရာတွင် ဆရာ၊ ဆရာမ ၆၈၀၀ ကျော် လစ်လပ်လျက်ရှိကြောင်း သိရသည်။

ယခုပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အခြေခံပညာကျောင်း ၆၀၀၀ နီးပါးကို ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခွင့်ပြုထားရာ ကျောင်းအဆင့်တိုးမြှင့်ခြင်းများအတွက် ဆရာ၊ ဆရာမ ၂၀၀၀၀ နီးပါး ထပ်မံလိုအပ်နေကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 7139 times