Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာ ပြန်တောင်းကြည့်သူ တစ်လအတွင်း ၂၀၀ ကျော်ရှိ

တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာ ပြန်တောင်းကြည့်သူ တစ်လအတွင်း ၂၀၀ ကျော်ရှိ

တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူဖြစ်စေ၊ ကျရှုံးသူ ဖြစ်စေ ရလဒ်ကို သံသယရှိပါက အဖြေလွှာ ပြန်စစ်ပေးရန် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (လှိုင်တက္က သိုလ်နယ်မြေ) တွင် ဖြေဆိုသူ ကိုယ်တိုင် (သို့မဟုတ်) မိဘက တင်ပြနိုင်သည်ဟု ကြေညာထား ရာ ပြန်စစ်ပေးရန် လျှောက်ထား သူမြင့်တက်နေခြင်းဖြစ်သည်။

ဇူလိုင် ပထမပတ်အထိ လျှောက်လွှာတင်ထားသူများ၏ စာမေးပွဲအဖြေလွှာကို စာစစ်အဖွဲ့က ပြန်စစ်ဆေးပြီး မူလစစ်ဆေး မှုနှင့် ကွဲလွဲမှုရှိ၊ မရှိ သြဂုတ်လ ဆန်းတွင် ကျောင်းသားထံသို့ အကြောင်းပြန်မည်ဟုဆိုသည်။

ယခင် ၂၀၁၆ က အဖြေလွှာ ပြန်လည်စစ်ဆေးပေးရန် လျှောက် လွှာတင်သူတစ်နှစ်လုံးတွင်  ကျောင်းသား ၃၀၀ ကျော်သာရှိခဲ့သည်။

READ - အခုနှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်တွေ ဩဂုတ်လလယ် ထုတ်ပေးဖို့ ပြင်ဆင်ထား

 ‘‘ပွင့်လင်းမြင်သာမှုရှိလာ တာနဲ့ ပြန်ကြည့်နိုင်တယ်ဆိုတာ မီဒီယာတွေကတစ်ဆင့် သိလာ ကြတာများတော့ ပြန်ကြည့်သူ အရေအတွက် တိုးလာတယ်လို့ ယူဆတယ်’’ဟု ဒေါက်တာသိန်းဇံ က ပြောသည်။

အဖြေလွှာများ ပြန်လည်စစ်ဆေး မည်ဆိုပါက နိုင်ငံတော်သို့ တစ်ဘာသာလျှင် ကျပ် ၅,၀၀၀ ပေးသွင်းရမည်ဖြစ်ပြီး ဘာသာစုံပြန်စစ်ဆေးနိုင်မည်ဖြစ်သည်။

‘‘ကျောင်းသားဖြေဆိုခဲ့တာ နဲ့ ရလာတဲ့အမှတ် ကွဲပြားမှုရှိ တယ်လို့ ယူဆရင် ကျောင်းသား (ဒါမှမဟုတ်) မိဘကိုယ်တိုင် ခံဝန်ကတိထိုးပြီး ကြည့်ချင်တဲ့ အကြောင်း တင်ပြနိုင်တယ်။ ဆရာတို့က စာစစ်အဖွဲ့ကို အကြောင်းကြားပေးမယ်။ ပြန်စစ် ဆေးပေးမယ်။ ပြီးရင်တော့ သူ ပြန်လည်စစ်ဆေးတဲ့ ဘာသာရပ် တွေဟာ ကွဲလွဲမှုမရှိဘူး။ မှန်ကန် တယ်ဆိုတဲ့အကြောင်း စာစစ် အဖွဲ့က ပြန်ကြားတာကို ဆရာတို့ က ပြန်ကြားပေးမယ်။ အဖြေလွှာ ကိုတော့ သူ့ကို ပြန်ပြတာမျိုး မဟုတ်ဘူး’’ဟု မြန်မာနိုင်ငံ စာ စစ်ဦးစီးဌာန(လှိုင်တက္ကသိုလ်နယ် မြေ) ဒုတိယညွှန်ကြားရေးမှူး ဦးမိုးမြတ်ကျော်က ပြောသည်။

‘‘စာမေးပွဲတော့ အောင် တယ်။ ညီမက ဂုဏ်ထူးသုံးခု လောက်မှန်းပေမယ့် အမှတ်က ထင်သလောက်မရတာတွေရှိနေ လို့ ပြန်ကြည့်ဖို့ လာတင်တာပါ။ နောက်တစ်လနေရင် အကြောင်း ပြန်ပေးမယ်လို့ ပြောပါတယ်’’ဟု တောင်ဥက္ကလာပမြို့နယ်မှ ပြင်ပ ဖြေဆိုသူ ကျောင်းသူတစ်ဦးက ပြောသည်။

နိုင်ငံတစ်ဝန်း၂၀၁၇တက္ကသိုလ်ဝင် စာမေးပွဲသို့ ၇၁၆,၁၈၈ ဦး ဝင်ရောက်ဖြေဆိုရာ ၂၄၂,၇၃၆ ဦး အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၃၃ ဒသမ ၈၉ ရှိခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7 day daily

News Read 3410 times